Pages

Monday, 20 August 2012

ကျောင်းသားအခွင့်အရေးဆုံးရှုံးမူ

လူဝင်မှုကြီးကြပ်ရေးရုံး ဦးစီးအရာရှိ က မှတ်ပုံတင်ပြုလုပ်ရန်အတွက် တစ်သိန်းတောင်းရာ ငါးသောင်းဖြင့် ဈေးညှိရာ မရရှိခဲ့သည့်အတွက် စစ်အင်ဂျင်နီယာ တက္ကသိုလ် ဖြေဆိုခွင့်လက်မှတ် ရရှိသည့် ကျောင်းသား စာမေးပွဲ ဖြေဆိုခွင့်မရ။

ဇာဏီထွဏ်း၊ သြဂုတ် ၁၈

ယနေ့တွင် စတင်ဖြေဆိုရသည့် စစ်အင်ဂျင်နီယာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပရာတွင် ဖြေဆိုခ
ွင့် ရရှိသူ ကျောင်းသားတစ်ဦးမှာ ယာယီမှတ်ပုံတင်သာ ရှိသဖြင့် စာမေးပွဲခန်းအတွင်းသို့ ၀င်ခွင့်မရကြောင်း အဆိုပါ ကျောင်းသား၏ မိဘဖြစ်သူ ဦးသန်းထွန်းက Weekly Express Times သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသားမှာ ၂၀၁၁-၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သင်္ချာနှင့် ရူပဗေဒ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ၄င်းတက်ရောက်လိုသော စစ်အင်ဂျင်နီယာ တက္ကသိုလ်သို့ ၀င်ခွင့်လျှောက်ထားရန်အတွက် ယခင်နေထိုင်ခဲ့သည့် မိတ္ထီလာမြို့သို့ မှတ်ပုံတင်ပြုလုပ်ရန် ဇူလိုင်လ 30 ရက်နေ့ကသွားခဲ့ကြောင်း၊ မိတ္ထီလာမြို့ လူဝင်မှုကြီးကြပ်ရေးရုံး၊ ဦးစီးအရာရှိ ဦးကိုကိုစိုးက မှတ်ပုံတင်ပြုလုပ်ရန်အတွက် တစ်သိန်းတောင်းရာ ငါးသောင်းဖြင့် ဈေးညှိရာ မရရှိခဲ့သည့်အတွက် ယာယီမှတ်ပုံတင်သာ ပြုလုပ်ခဲ့ပြိး သြဂုတ်လ 1 ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး နန်တွင်းရှိ စစ်အင်ဂျီနီယာ ရုံးချုပ်သို့ ယင်းယာယီ မှတ်ပုံတင်ဖြင့်သာ လျှောက်ထားခဲ့ရာ စာမေးပွဲဖြေဆိုရန် ခုံအမှတ်ကို ထုတ်ပေးခဲ့သဖြင့် စာမေးပွဲဖြေခွင့် ရရှိသည်ဟု ထင်မှတ်ကာ ပုံမှန်အတိုင်း နေခဲ့ရာ ယနေ့ စာမေးပွဲဖြေဆိုသည့်ရက်တွင် ၀င်ခွင့်မရရှိ ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ လ၀က ရုံးက တစ်သိန်းတောင်းတော့ ငါးသောင်းနဲ့လုပ်ပေးပါ ပြောတော့ အဲဒီဦးစီးအရာရှိက ခင်ဗျား သင်တန်းကြေးဘယ်လောက်ပေးရသလဲမေးတော့ တစ်သိန်းလို့ပြောလိုက်တယ်။ဒီတော့ သူက ဒါဆိုကျွန်တော်တောင်းတဲ့ တစ်သိန်းက မများပါဘူးလို့ ပြောတယ်။ဒါနဲ့ ကျွန်တော်လည်း မပေးပဲနဲ့ ယာယီမှတ်ပုံတင်ပဲလုပ်တယ်။ ကျောင်းဝင်ခွင့်လျှောက်တော့လည်း ယာယီမှတ်ပုံတင်ဆို မရဘူးဆိုရင် အဲဒီကတည်းက ပြောပေါ့ဗျာ။အခု စာမေးပွဲဖြေဖို့ အခန်းထဲသွားတော့မှ စစ်ဗိုလ်ချုပ်တစ်ယောက်က ဒါနဲ့မရဘူးပြန်ထွက်ဆိုပြီး ပြောလိုက်တယ်။ကျွန်တော် ဗိုလ်ချုပ်တွေနဲ့ တွေ့ပြီးတောင်းပန်တော့လည်း မရဘူး။ကျွန်တော့ သားအတွက် ငွေကုန်၊ အချိန်ကုန်ခဲ့ရတယ်။ ဒီကျောင်ကို လျှောက်တာလဲ နိုင်ငံတော်အတွက်ပါပဲ။ဒီလိုဖြစ်တာ စိတ်မကောင်းဘူး ရင်ထဲမှာ ကြေကွဲတယ်ဗျာ“ ဟု ၄င်းက တွေ့ကြုံခဲ့သည့်များကို ရှင်းလင်းပြောကြားသည်။

ယင်းသတင်းအချက်အလက်များနှင့် ပတ်သတ်၍ မေးမြန်းလိုပါက အဆိုပါ ကျောင်းသား၏ ဖခင်ဖြစ်သူ ဦးသန်းထွန်း ဖုန်းအမှတ် 09400310610 သို့ စုံစမ်းနိုင်ပါသည်။
------------------------------------------------------------
မန္တလေး သတင်း ပုံရိပ်များ

No comments:

Post a Comment