ကိုလံဘို၊ သြဂုတ် -၂၂
သီရီလင်္ကာအစိုးရအဖွဲ့  နှင့် ပညာရေးလောကကြားတွင် တင်းမာမူများ တိုးမြင့်ပေါ်ပေါက်လာသဖြင့်
နိုင်ငံတွင်းရှိ တက္ကသိုလ်အားလုံးနီးပါးကို အကန့် အသတ်မရှိ ပိတ်ထားရန်
အစိုးရအဖွဲ့ က အမိန့် ပေးထားကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
ပညာရေးနယ်ပယ်တွင် အစိုးရအဖွဲ့ ဝင်ရောက် စွက်ဖက်မူများပြုလုပ်နေခြင်းနှင့်ဘဏ္ဍာငွေ သုံးစွဲမှုနည်းပါး
မှုအပေါ် မကျေနပ်သောကြောင့် ပညာရေးအသိုင်းအ၀န်းကနှစ်လကြာဆန္ဒပြမှုများပြုလုပ်လျက်ရှိသည်။
တက္ကသိုလ်နယ်ပယ်ကို နိုင်ငံရေးနှင့် စစ်ရေးသြဇာလွမ်းမိုးမူရှိအောင် ပြုလုပ်နေခြင်းကိုရပ်ဆိုင်းပေးရန်၊
တက္ကသိုလ်အကြီးအကဲများကို ပါတီခေါင်းဆောင်များနှင့် နီးစပ်သူများအား ခန်
့အပ်နေမူကိုလည်း ရပ်ဆိုင်း ပေးရန် ပညာရေးသမဂ္ဂအဖွဲ့ ကတောင်းဆိုထားသည်။
သို့ သော်လည်း ပညာရေးသမဂ္ဂများသည် နိုင်ငံရေးမတည်ငြိမ်မူဖြစ်အောင်ဖန်တီးပြီး
အစိုးရအဖွဲ့ ကို ဖြတ်ချ နိုင်ရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း
အဆင့်မြင့်ပညာရေးဝန်ကြီး ဒစ်ဆာနာယာကီ ကစွပ်စွဲပြောကြားသည်။
ယင်းစွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်၍ ပညာရေးသမဂ္ဂပြောရေးဆိုင်ခွင့်ရှိသူတစ်ဦးက
“အစိုးရအဖွဲ့ရဲ့စွပ်စွဲပြောကြားချက်တွေဟာ မှန်ကန်ခြင်းမရှိပါဘူး။
ကျွန်ုပ်တို့ ဟာ နိုင်ငံရေးပါတီတစ်ခုကိုပဲ ကိုယ်စား ပြုတာမဟုတ်ဘဲ
အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ် ” ဟု တုံ့ပြန်ပြောဆိုသည်။
တက္ကသိုလ် ကျောင်းသားအားလုံး နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မူသင်တန်းတတ်ရောက်ရေး
နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လုံခြုံရေးကုမ္ပဏီများကို တက္ကသိုလ်များတွင်
ငှားရမ်းအသုံးပြုရေး အစရှိသည့် အစိုးရအဖွဲ့ ၏ အမိန့်များကိုလည်း ပညာရေးလောက
ကကျေနပ်ခြင်းမရှိပေ။
သမိုင်းမှတ်တမ်းများအရ ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များတွင် သီရီလင်္ကာကျောင်းသားလူပ်ရှားမူများမှ တစ်ဆင့် ဆင်းဟာလီအုံကြွမူများ ဖြစ်ပေါ်ခဲ့သလို တမီးလ်လွတ်မြောက်ရေးလက်နက်ကိုင်တော်လှန်ရေးများလည်း ဖြစ်ပွားခဲ့သည်။
No comments:
Post a Comment