Pages

Sunday, 26 August 2012

ဆေးတက္ကသိုလ် (၂) ဆရာမတစ်ဦး၏ ပေးစာ


-၂၆.၈.၂၀၁၂

ကျွန်မသည် ဆေးတက္ကသိုလ် (၂) ပထမနှစ် First MB ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ကြား ပေးနေသည့် ဆရာမတစ်ယောက်ဖြစ်ပါသည်။
၂၀ သြဂုတ်လ ၂၀၁၂ မှ ၂၄ ရက် သြဂုတ်လ ၂၀၁၂ အထိ ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲဖြေဆိုသည့် ကာလ ဖြစ်ပါသည်။



စာမေးပွဲပြီးလျှင် ဆရာ၊ဆရာမများက အဖြေလွှာများကို စစ်ဆေးရပါသည်။
၅၀၀ ခန့်ရှိသော အဖြေလွှာများကို တနင်္လာ မှ သောကြာနေ့အထိ အလုပ်ချိန် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအတွင်း ဆရာ၊ ဆရာမ အင်အား ၁၅ ယောက်/၂၀ယောက်ဖြင့် စစ်ဆေးပြီး စီးနိုင်ပါသည်။

သို့ပါသော်လည်း ဆရာ၊ ဆရာမများအား သြဂုတ်လ ၂၅၊ ၂၆ ရက် စနေ၊ တနင်္ဂနွေနေ့များတွင် အဖြေလွှာများကို စစ်ဆေးရန် မလာမနေရ မလိုအပ်ဘဲ လာခိုင်းနေပါသည်။
သတ်မှတ်ရက်အတွင်း အလုပ်ပြီးစီးခြင်းသည် အဓိကဟု ယူဆပါသည်။
ဝန်ထမ်းများနားရက်ကို မလိုအပ်ဘဲ အလုပ်ဆင်းခိုင်းနေစရာမလိုဟု ယူဆပါသည်။
ဤသို့ အောက်ခြေတွင် မဟုတ်မတရား ဖြစ်ပျက်နေသည်များကို သက်ဆိုင်ရာ ဌာနအကြီးအကဲများ သိရှိအရေးယူပြုပြင် ဆောင်ရွက် ပေးနိုင်ပါရန် တင်ပြ လိုက်ပါသည်။

ဆရာမတစ်ဦး၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန် 

by naing naing

No comments:

Post a Comment