Pages

Thursday, 23 August 2012

မူလတန်းကျောင်းသားများမှ အထက်တန်းအထိ ပညာဆက်လက်သင်ယူနိုင်သူ ၁၃ ရာခိုင်နှုန်းခန့်သာရှိ


အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေ သော မူလတန်းကျောင်းသားများ၌ အထက်တန်းအဆင့်ထိ တက် ရောက်နိုင်သော ကျောင်းသားဦး ရေမှာ ၁၃ ရာခိုင်နှုန်းခန့်သာရှိနေ ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းဇယားများ အရသိရသည်။

၂၀၁၀-၂၀၁၁ ပညာသင် နှစ်နှင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တို့တွင် တိုင်းဒေသကြီးနှင့်ပြည် နယ်အလိုက် တက်ရောက်ပညာ သင်ယူခဲ့သော ကျောင်းသားအင် အားစာရင်း၌ မူလတန်းအဆင့် ကျောင်းသားများ၏ အလယ်တန်း အဆင့်သို့ တက်ရောက်နိုင်မှုမှာ ၄၄ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်သို့ တက်ရောက်နိုင် မှုမှာ ၁၃ ရာခိုင်နှုန်းရှိနေသည်။

ယင်းပညာသင်နှစ်တို့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများတွင် မူလတန်း ကျောင်းသား ငါးသန်းကျော် အ လယ်တန်းကျောင်းသား နှစ်သန်းကျော်နှင့် အထက်တန်း ကျောင်းသား ခြောက်သိန်းခွဲကျော် တက် ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးသည် မူလတန်းမှ အထက်တန်းသို့ တက် ရောက်နိုင်သော ကျောင်းသား ၂၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မူလတန်းမှ အထက်တန်းသို့ တက်ရောက်နိုင် သောကျောင်းသား ၈ ရာခိုင်နှုန်းခန့်သာရှိ၍ အောက်ဆုံးတွင် ရောက် ရှိနေသည်။
''အစိုးရက ထုတ်ပြန်တဲ့ စာ တတ်မြောက်မှုနှုန်းက မြင့်မားနေ ပေမယ့် အခြေခံပညာကျောင်း တွေမှာ အတန်းပညာပြီးဆုံးတဲ့ ကျောင်းသားရာခိုင်နှုန်းက နိမ့်ကျ နေပါတယ်။ အစိုးရကျောင်းက နုတ်ထွက်သွားတဲ့ ကလေးတချို့ က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကို ရောက်သွားတာ ရှိတယ်။ အများစုကတော့ လုပ် ငန်းခွင်တွေထဲ ရောက်သွားကြပါ တယ်"ဟု ကလေးသူငယ် ပညာ ရေးဆောင်ရွက်နေသော အငြိမ်း စား ပညာရေးအရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ပညာသင်နှစ်များ တွင် သူငယ်တန်းနှင့် ကျောင်း သား တစ်သန်းကျော် တက်ရောက် ခဲ့ကြသော်လည်း အတန်းစဉ်အလိုက် ကျောင်းသားတက်ရောက်မှု တဖြည်းဖြည်း လျော့ကျသွားခဲ့ပြီး ဒသမတန်း၌ ကျောင်းသားသုံး သိန်းခန့် ကျန်ရှိတော့ကြောင်း အ ထက်ပါစာရင်းဇယားအရ သိရသည်။

No comments:

Post a Comment