by Nwai Oo Nwai on Sunday, 29 July 2012 at 20:19 ·
ယနေ့ခေတ်ကို
မီဒီယာခေတ်လို့ဆိုတယ်။ ကမ္ဘာ့ချောင်ကြိုချောင်ကြားမကျန် နေရာတိုင်းက
အဖြစ်မှန်ကို မိနစ်ပိုင်းအတွင်း ရုပ်မြင်သံကြားတွေ၊
ရေဒီယိုတွေကနေသိနိုင်တယ်လို့ ပြောကြတယ်။ လူပေါင်းသိန်းနဲ့ချီပြီး ရက်ပေါင်း
ရာကျော် ဆန္ဒပြကြတဲ့ ဆန္ဒပြ ပွဲကြီးတွေကို မီဒီယာကြီးတွေမှာ မဖော်ပြဘဲ
ဖုံးဖိထားတာမျိုးရှိတယ်လို့ ပြောရင် ယုံတောင်ယုံကြမယ် မထင်ဘူး။မယုံရင်
ပုံပြင်လို့သာ မှတ်ကြပေတော့။ အဲဒီပုံပြင်တွေထဲက တပုဒ်ကိုတော့
အခုပြောပြလိုက်ဦးမယ်။
ယနေ့ခေတ် မြောက်အမေရိကရဲ့
အရှည်ကြာဆုံးနဲ့ အကျယ်ပြန့်ဆုံး ကျောင်းသားဆန္ဒပြမှု့ကိုပြောပါဆိုရင်
ကနေဒါနိုင်ငံ ကိဘက် (Quebec) ပြည်နယ်ရဲ့ မွန်ထရီရယ်မြို့
(Montreal)မှာဖြစ်ပွားနေတဲ့ကျောင်းသားဆန္ဒပြမှု ကိုညွှန်ရလိမ့်မယ်။
မွန်ထရီရယ်မြို့မှာကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြည်သူတွေ ဆန္ဒပြနေတာ ၅လ နီးပါးရှိပြီ။
ဒါဟာ ၂၀၀၈ ခုနှစ် ကစတဲ့ ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းရဲ့ အကျိုးဆက်လို့ ဆိုရင်မမှားပါဘူး။ ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် နိုင်ငံတကာဘဏ်ကြီးတွေ လဲပြိုတော့မလိုဖြစ်တဲ့အခါ နိုင်ငံတိုင်းရဲ့အရင်းရှင်အစိုးရတိုင်းဟာ ဒေါ်လာငွေ သန်းပေါင်း ရာကျော် သုံးစွဲပြီး ဘဏ်ကြီးတွေကိုကယ်တင်ခဲ့တယ်။တဖက်မှာ ပြည်သူတွေကိုတော့ ခြိုးခြံချွေတာခိုင်းလေရဲ့။၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ အမေရိကန်အပါအဝင် ကမ္ဘာပေါ်ရှိအရင်းရှင်နိုင်ငံတွေရဲ့ အစိုးရတွေက ပိုက်ဆံမရှိဘူးလို့ ညီတူညာတူ သံပြိုင် ဟစ်ကြွေးပြီး လူမှု့ဖူလုံရေးစရိတ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု့စရိတ်တွေ၊ သက်ကြီး ရွယ်အို ထောက်ပံ့ကြေး စရိတ်တွေကို ဖြတ်တောက်တဲ့ အစီအစဉ်တွေ ရေးဆွဲ ပြဋ္ဌာန်းတယ်။ ပြည်သူတွေပေးနေတဲ့ အခွန်တွေ၊ ကျောင်းသားတွေပေးနေတဲ့ ကျောင်းလ ခတွေ ကိုတော့ တိုးမြှင့် ကောက်ခံ တယ်။ သူတို့ကယ်တင်ခဲ့တဲ့ လက်တဆုပ်စာဘဏ္ဍာရေးသမားကြီးတွေကတော့ ပိုနေမြဲကျားနေမြဲ နဂိုချမ်းသာမှု့ကနေ စပါးလုံးတထောက်စာတောင် မလျော့ခဲ့ပါဘူး။ ဒီလို လူမှု့ရေး၊ စီးပွားရေး မညီမျှမှု့၊ ဆင်းရဲ ချမ်းသာ ကွာဟ လွန်းမှု့၊ ဘဏ္ဍာရေး သမားကြီးတွေ ကော်ပိုရေးရှင်းကြီးတွေက နှစ်စဉ် ကမ္ဘာ့(G.D.P) ကို ဘယ်သူက ဘယ်လောက်ယူဆိုပြီး သူတို့သဘောကျ စီမံခန့်ခွဲနေတဲ့လုပ်ရပ်ဟာ ကမ္ဘာ့ပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှု့တွေကို မွေးထုတ်ပေးနေတယ်။
ကနေဒါ နိုင်ငံဟာ ပြည်နယ် (၁၀)ခုနဲ့
ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တယ်။ပြည်နယ်တခုဖြစ်တဲ့ ကိဘက်ပြည်နယ် ဝန်ကြီးချုပ်
ယန်းရှရက်(Jean Charest)က တက္ကသိုလ်ကျောင်းလခကို တနှစ်လျှင် ဒေါ်လာ ၂၅၄
နှုန်းဖြင့် (၇) နှစ်စာ တိုးမြှင့်ဖို့ အဆိုပြုလွှာ တင်သွင်းခဲ့ပါတယ်။
ဒီအဆိုပြုလွှာအရကျောင်းသားတွေက လက်ရှိကျောင်းလခ ဒေါ်လာ ၂၁၆၈
ကနေတိုးပေးရတော့မှာ ဖြစ်ပါ တယ်။ လက်ရှိ ကျောင်းလခ ဒေါ်လာ ၂၁၆၈ ဟာလဲ ၂၀၀၇
ခုနှစ်ကတိုးမြှင့်ထားတဲ့ကျောင်းလခပါ။ ၁၉၉၀ ခုနှစ်က
ကိဘက်ပြည်နယ်တက္ကသိုလ်တွေရဲ့ ကျောင်းလခဟာ ဒေါ်လာ ၅၄၀ ဘဲရှိပါတယ်။
Laval
တက္ကသိုလ် လူမှု့ရေးသိပ္ပံ ကျောင်းသားများက ကျောင်းလခတိုးမြှင့်တာကို
ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြကြဖို့ ဆုံးဖြတ်ပြီး ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ
စတင်ဆန္ဒပြခဲ့ကြတယ်။ ကျောင်းသား ၂၀၀၀၀ နီးပါးခန့် မွန်ထရီရယ်
မြို့တွင်းသို့ချီတက်ပြီး ပညာရေးဝန်ကြီးရုံးရှေ့မှာ
မြင့်တက်လာတဲ့ကျောင်းလခကို လက်မခံ၊ ကျောင်းလခစနစ်ရပ်တန့်ပြီး အခမဲ့ပညာရေး
စနစ်ပြောင်းလဲ ပေးဖို့ တောင်းဆိုကြတယ်။မိဘပြည်သူတွေကလဲ လူတိုင်းလူတိုင်း
ပညာသင်ကြားနိုင်ရေးကို အလိုရှိပြီး ၊ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ ဆိုပြီး
ငွေနဲ့ ခွဲခြားထားတဲ့ ပညာရေးစနစ်ကို မလိုလားကြဘူး။ နှစ်ပေါင်းများစွာအတွင်း
အဓိကကျောင်းသားသမဂ္ဂအဖွဲ့ (၃)ဖွဲ့ဟာ ပထမဦးဆုံးအကြိမ် ညီညွှတ်မှု့ရခဲ့ကြတယ်။
ကျောင်းသားတွေနဲ့အတူ CSN ၊ CUPE အလုပ်သမားသမဂ္ဂများနဲ့၎င်း တို့ကိုထောက်ခံ တဲ့
သူများက ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ထောက်ခံသူတွေ တစတစ တိုးပွားလာပြီး မတ်လ ၂၂
ရက်နေ့မှာ လူအင်အား ၃သိန်းကျော် ဆန္ဒပြခဲ့တယ်။CLASSE လို့ခေါ်တဲ့
ဆန္ဒပြအဖွဲ့အစည်းပေါင်းစုံပါဝင်သော
မဟာမိတ်ညွှန့်ပေါင်းအဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့တယ်။နောင် ဆန္ဒပြမှု့တွေကို
CLASSE ကဘဲစည်းရုံး ဦးဆောင်သွားနိုင်ခဲ့တယ်။CLASSE က
လက်ယာအဖွဲ့အစည်းတွေဖြစ်တဲ့FEUQ နဲ့ FECQ တို့မတောင်းဆိုသော
အခမဲ့ပညာရေးစနစ်ကို ကနေ့အချိန်ထိ တစိုက်မတ်မတ် တောင်းဆိုနေဆဲ။ဒီနေရာမှာ
ဖြည့်ပြောရရင် FEUQ နဲ့ FECQ တို့ဟာလဲ ကျောင်းသားအဖွဲ့အစည်းတွေဖြစ်ပြီး
အစိုးရ နဲ့ နားလည်မှု ယူထားတဲ့ အဖွဲ့အစည်း တွေဖြစ်တယ်။ အစိုးရက
တက္ကသိုလ်တွေကို စီမံခန့်ခွဲပိုင်ခွင့်အာဏာတချို့ပေးပြီး
သူတို့ရဲ့လက်ကိုင်တုတ်အဖြစ် လုပ်ထားခံရတဲ့ FEUQ နဲ့ FECQ
ကျောင်းသားအဖွဲ့အစည်းတွေဟာ ဗမာပြည်က(DSO)လို
ကျောင်းသားအဖွဲ့အစည်းဖြစ်တယ်။အခုကျောင်းသားဆန္ဒပြပွဲမှာ သူတို့မပါဝင်ပါဘူး။
ယနေ့လို ပြည်နယ် ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ FEUQ အဖွဲ့ဥက္ကဋ္ဌက
ကျောင်းလခဆန္ဒပြပွဲက ဒုတိယ၊ ရွေးကောက်ပွဲက ပထမလို့
သဘောထားထုတ်ပြန်လာတဲ့အတွက် တက်ကြွတဲ့ကျောင်းသားတွေဖက်ကကြည့်ရင် အတော်
ဖောက်ပြန်တဲ့ အဖွဲ့ရယ်လို့ပြောရမယ်။
ဒီကျောင်းသား၊
ပြည်သူ၊ အလုပ်သမား (၃) သိန်းကျော်ပါဝင်တဲ့ မတ်လ ဆန္ဒပြပွဲဟာ မြင်ရသူအဖို့
ဗမာပြည်ရဲ့ ၈၈၈၈ ကိုဒုတိယအကြိမ်မြင်တွေ့ရသလိုပါဘဲ။
မျှော်မဆုံးနိုင်တဲ့လူတန်းရှည်ကြီး၊ အရောင်စုံတဲ့လူတွေ၊ ဆိုင်းဘုတ်တွေ၊
ပိုစတာကြီးတွေ၊ ကျော့ကာကျော့ကာသီဆိုကြတဲ့ကြွေးကြော်သံသီချင်း၊
တဖြောင်းဖြောင်း မြည်နေတဲ့ပြည်သူတွေရဲ့လက်ခုပ်သံ။ ဒါတွေကိုကြည့်ရင်
လူထုအုံကြွလှုပ်ရှားမှု့တွေဟာ တကမ္ဘာလုံးဆက်စပ်လာနေပြီဆိုတာ
ငြင်းလို့မရတဲ့အချက်ဖြစ်နေပါပြီ။ ဆန္ဒပြပွဲမှာပါဝင်တဲ့သူတွေက လေးထောင့်ပုံ
အနီရောင် အဝတ်စကို ရင်ဘတ်မှာတွယ်ထားကြတယ်။ ဒါနဲ့
စည်းလုံးညီညွှတ်မှုကိုပြကြတယ်။ ၁၉၆၀-၆၆ နှစ်တွေမှာ (Quiet Revolution)
ဆိတ်ငြိမ် တော်လှန်ရေး လို့ခေါ်တဲ့ ပညာရေးအဆင့်မြှင့်ပြီး
ကျောင်းလခဈေးချိုရေး လှုပ်ရှားမှု့တခုရှိခဲ့တယ်။ အဲ့ဒီတော်လှန်ရေး
နောက်ပိုင်းမှာ ယခုလှုပ်ရှားမှု့ကသာ အကြီးဆုံးလှုပ်ရှားမှု့ဖြစ်တယ်။
ကိဘက်ပြည်နယ်အစိုးရက
ပျော့ပြောင်းတဲ့အစိုးရမဟုတ်ပါဘူး။ ယခင့်
ယခင်ကျောင်းလခတက်လို့ကျောင်းသားတွေဆန္ဒပြကြရာမှာ
လိုက်လျောမှု့တစုံတရာပြုလုပ်မပေးဘဲ
နည်းမျိုးစုံသုံးပြီးဖြိုခွဲခဲ့တာချည်းပါ။ ကျောင်းသားခေါင်းဆောင်တွေနဲ့
အစိုးရ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးကြပေမဲ့
အောင်မြင်တဲ့ဆွေးနွေးပွဲမရှိခဲ့ပါဘူး။ ဒါကြောင့်
ခေါင်းမာတဲ့အစိုးရကိုရင်ဆိုင်ဖို့က ဆန္ဒပြခြင်း ကသာ တခုတည်းသော
နည်းလမ်းဖြစ်တယ်လို့ ယနေ့ ဆန္ဒပြ ကိဘက်ကျောင်းသားတွေက ဆိုပါတယ်။
ထုံးစံအတိုင်း အခုဆန္ဒပြပွဲကိုလည်း အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေသုံးပြီး
နှိမ်နှင်းပါတယ်။ ဒိုင်းကိုင်ထားတဲ့ရဲတွေနဲ့ ရှေ့ကနေ ပိတ်တားဆီးပါတယ်။
တလက်မလုံး ပတ်ရှိတဲ့ရော်ဘာတုတ်တွေနဲ့ ကျောင်းသားတွေကိုရိုက်ပါတယ်။
မျက်နှာကိုငရုတ်ရည်နဲ့ ပက် ပါတယ်။ မြင်းစီးပုလိပ်တွေနဲ့လည်း ဆန္ဒပြ တဲ့သူတွေ
အလဲလဲ အပြိုပြို ဖြစ်အောင်လုပ်ပါတယ်။ Kettle လုပ်တယ်လို့ပြောကြတဲ့
လူစုခွဲ ချောင်ပိတ်ဖမ်း ဆီးနည်း တွေလည်းသုံးပါတယ်။ မြင်သာအောင်ပြောရရင်
ဒီမှာ စက်ဘီးဘောင်တန်းမှာ police လို့စာတန်းထိုးထားတဲ့စက်ဘီးတွေစီးတဲ့
စက်ဘီးစီးပုလိပ်တွေက အုံနဲ့ကျင်းနဲ့ရှိနေတဲ့ဆန္ဒပြသူတွေကြား
ထိုးဖောက်ဝင်ရောက်ပြီး လူနည်းစုကလေးကို ထွက်မပြေးနိုင်အောင်
စက်ဘီးတွေနဲ့ဝိုင်းထားပြီး ဖမ်းဆီးတဲ့လုပ်ရပ်ပါ။ ဒီလိုနဲ့ မတ်၊ ဧပြီ၊
မေအတွင်းမှာ ကျောင်းသားတွေ ရာချီ အဖမ်းခံရပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲတွေက
ရပ်တန့်မသွားဘဲ နေ့တိုင်းနေ့တိုင်းဆက်လက်ဆန္ဒပြကြတယ်။
မေ(၁၈)ရက်နေ့မှာ
အစိုးရက အရေးပေါ်ဥပဒေ ၇၈ ကို ပြဋ္ဌာန်းကြောင်း ကျေညာတဲ့အခါ သာမန်ကျောင်းသား
သပိတ် ကနေ အထွေထွေသပိတ်ဆီသို့ ဦးတည်သွားပါတော့တယ်။ အစိုးရရဲ့ မျှတမှုမရှိတဲ့
ခြိုးခြံချွေတာရေး အစီအစဉ်တွေကို မကျေနပ်နေတဲ့ လူထုပါ အုံကြွလာတယ်။
အလုပ်သမားများကလည်း ကျောင်းသားများရဲ့ ဆန္ဒပြမှုကို စာနာအားပေးထောက်ခံသူ
အဖြစ်မှ မိမိတို့နှင့် တိုက်ရိုက် သက်ဆိုင်သော
အရေးကိစ္စအဖြစ်ခံယူလာကြတယ်။
ဥပဒေ ၇၈ ကအငြင်းပွားစရာတွေပြည့်နေပါတယ်။ ဥပဒေကို အရပ်သားရော၊ ကျောင်းသားရော၊ ပညာရှင်တွေပါ ဝေဖန်ရှုံ့ချကြပါတယ်။ Laval တက္ကသိုလ် ဥပဒေပါမောက္ခက ဒီမိုကရက်အစိုးရဖြစ်ပြီး ဒီလိုဥပဒေမျိုးပြဋ္ဌာန်းတာ မယုံနိုင် လောက် အောင်ဘဲ။ နောက် Montreal တက္ကသိုလ် ဥပဒေပါမောက္ခ လူစီလယ်မွန်ဒီက ကမ္ဘာစစ်အတွင်းထုတ်တဲ့ စစ်စည်းကမ်းဥပဒေပြီးရင် ဒုတိယ အဆိုးဆုံးဥပဒေ လို့ပြောလည်းပြောတဲ့အပြင် သူမအတန်းကကျောင်းသားတွေကိုတောင် ဒီဥပဒေကို ဆန့်ကျင်ကြလို့ ဆော်သြလိုက်ပါသေးတယ်။
ဥပဒေ ၇၈ ကိုအရပ်သားနားလည်သလိုပြောရရင် ဆန္ဒပြတဲ့သူတွေကို ဘဝပျက်အောင်လုပ်တဲ့ဥပဒေ။ သင်ဟာ သပိတ်တားတဲ့သူ ဒါမှမဟုတ် သပိတ်မှောက်တဲ့သူဖြစ်ရင် ဒဏ်ငွေ ဒေါ်လာ တထောင်ကနေ ငါးထောင် အတွင်း ပေးဆောင်ရမယ်။ ကျောင်းသားခေါင်းဆောင်ဖြစ်ရင် ဒဏ်ငွေ ဒေါ်လာ သုံးသောင်းခွဲ ပေးဆောင်ရမယ်။သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေဖြစ်ရင် ဒဏ်ငွေ ဒေါ်လာ တသိန်းနှစ်သောင်းခွဲပေးဆောင်ရမယ်။ တကယ်တော့ လွတ်လပ်စွာသပိတ်မှောက်ခြင်း၊ လွတ်လပ်စွာသပိတ်တားခြင်း ကိုဥပဒေနှင့်မညီညွှတ်ကြောင်းပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဖြစ်ပါတယ်။ဒါဟာ အခုဗမာပြည်မှာပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေနဲ့အလားသဏ္ဍန်တူပါတယ်။ နောက်ပြီး ဗ.က.သ ဖွဲ့စည်းလှုပ်ရှားတာကိုလဲ တရား မဝင်ဘူးလို့ ခြိမ်းခြောက်သလိုမျိုး ကိဘက်ကျောင်းသားသမဂ္ဂတွေကိုလဲခြိမ်းခြောက်ပြီး သြဂုတ်လကုန်ကို နောက်ဆုံးရက် သတ်မှတ်ကာ ကျောင်းသားတွေ ကျောင်းပြန်တက်ရမယ်ဆိုတဲ့ပုဒ်မ ကိုလဲ ဥပဒေ ၇၈ ထဲမှာ ထည့်သွင်း ထားတယ်။။ ဗမာပြည်မှာတော့ သမဂ္ဂတွေရဲ့အစဉ်အလာ၊ လုပ်ပိုင်ခွင့်တွေကို စာဖတ်အသင်း အဆင့်လောက်ဘဲ ဖြစ်ဖို့၊ ပြည်သူတွေရဲ့ နိုင်ငံရေးအသိစိတ်ဓါတ် မမြင့်မားအောင် ရွှေပြည်အေးတရားတွေနဲ့နားချဖို့ အစိုးရရဲ့ကြိုးပမ်းလုပ်ဆောင်မှု့တွေလုပ်နေသလို တဖက်မှာလည်း ဖိနှိပ်မှုတွေက အခုအချိန်မှာ အတားအဆီးမဲ့နေပါတယ်။
ကိဘက်ပြည်သူတွေက လွတ်လပ်စွာသပိတ်မှောက်ခွင့်၊ လွတ်လပ်စွာသပိတ်တားခွင့်ဟာ အခြေခံနိုင်ငံသားအခွင့်အရေးဖြစ်တဲ့အတွက် ဒီဥပဒေ ၇၈ ကိုကန့်ကွက်ကြောင်းပြင်းပြင်းထန်ထန်ဆန္ဒပြကြတယ်။ဒီဥပဒေ ထွက်ပြီးမှ ဆန္ဒပြမှုဟာ ရပ်တန့်မသွားဘဲ ပို၍ ပို၍ကြီးထွားလာတယ်။
One has a moral responsibility to disobey unjust law.
Martin Luther King Jr
မတရားတဲ့ဥပဒေကိုဆန့်ကျင်ရမဲ့ တာဝန်ဟာလူသားတိုင်းရဲ့ တာဝန်ဖြစ်တယ် ဆိုတဲ့ မာတင်လူသာကင်းရဲ့အဆိုအတိုင်း CLASSE ကအာဏာဖီဆန်ရေး လမ်းစဉ်ကိုစွဲကိုင်ခဲ့တယ်။ ဒါ့အပြင် ကျောင်းလခတက်လို့ကျေနပ်မှု့မရှိတဲ့ကျောင်းသားတွေနဲ့ ခြိုးခြံ ချွေတာ ရေးအစီအစဉ်တွေအပေါ် ကျေနပ်မှု့မရှိတဲ့အရပ်သားတွေ ဆက်စပ်ပေးပြီး အထွေထွေသပိတ်ကြီးတွေ ဆင်နွှဲအောင်ထိ လမ်းကြောင်းတည့်ပေးနိုင်ခဲ့တယ်။
မေ ၁၈ ရက် နောက်ပိုင်းမှာဥပဒေ ၇၈ ကိုတိုက်ရိုက်စိန်ခေါ်တဲ့ Casseroles လို့ခေါ်တဲ့ ဒယ်အိုးဆန္ဒပြမှုတွေ ပေါ် ပေါက် လာတယ်။ဒီဆန္ဒပြမှု့ပုံစံက စပိန်စကားပြောတဲ့ လက်တင်အမေရိကတိုက်က လူကြိုက်များတဲ့ဆန္ဒပြပုံစံပါ။အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေးနဲ့ စပိန် နိုင်ငံတွေမှာ ဒီလိုပုံစံနဲ့ ဆန္ဒပြကြပါတယ်။၁၉၇၁ ခုနှစ် ချီလီနိုင်ငံကနေစတင်ခဲ့တဲ့ပုံစံဖြစ်ပါတယ်။လောလောဆယ် ၂၀၀၁ ခုနှစ်မှာ အာဂျင်တီးနားမှာ လဲဖြစ်ပွားခဲ့ ပါတယ်။ဆန္ဒပြတဲ့သူတွေက သူတို့ရဲ့ ဒယ်အိုး၊ ဒန်အိုးတွေယူလာပြီး ယောင်းမတွေ ဇွန်းတွေနဲ့ သံစုံမြည်အောင်တီးကာ သတ်မှတ်ထားတဲ့နေရာ ဒါမှမဟုတ် ရပ်ကွက်ထဲ မြို့ထဲ လှည့်လည်ဆန္ဒပြကြတယ်။ညတိုင်း ည ၈ နာရီမှာ စတင်ပြီး ၁၀ နာရီမှာ လူစုခွဲကြတယ်။ ဒယ်အိုးဆန္ဒပြပွဲ 'Casseroles' က မွန်ထရီရယ်မြို့ကနေစတင်ခဲ့ပြီး ကနေဒါနိုင်ငံရဲ့ မြို့ပေါင်း ဒါဇင်ကျော်ထိ ပြန့်နှံ့သွားပါတယ်။ဒါတင်မကပါဘူး New York နဲ့ California က Occupy movement အဖွဲ့ဝင်များကလဲ မွန်ထရီရယ်မြို့သို့ လူကိုယ်တိုင်လာရောက် ပူးပေါင်းပါဝင်ကြပါတယ်။ဒါ့ကြောင့်လဲ ကမ္ဘာ့ဆန္ဒပြမှု့တွေဟာ တခုနဲ့တခု ကွင်းဆက်တွေဖြစ်လာနေပြီလို့ပြောဆိုလာကြပါတယ်။
မေ ၂၂ ရက်မှာမွန်ထရီရယ်မြို့မှာတင် လူနှစ်သိန်းကနေ လေးသိန်းထိရှိတဲ့ လူထု အုံကြွ ဆန္ဒပြ မှု့ကြီး ဖြစ်ပွား ခဲ့ပါတယ်။ တခြားပြည်နယ်တွေရဲ့ မြို့တွေမှာလဲဖြစ်ခဲ့တယ်။ ဆန္ဒပြတဲ့သူတွေက ဒယ်အိုး၊ဒန်အိုး၊သံပုံး၊သံခွက်တွေကို ယောင်းမတွေ၊ ဇွန်းတွေနဲ့တီးပြီး လမ်းလျှောက်လာကြတယ်။ ဆန္ဒပြမှုမှာ ကျောင်းသားတွေ အများအပြား အဖမ်းခံနေရပြီင်္းချိန်ဖြစ်၍ ကျောင်းသားတွေနေရာမှာ နယ်ပယ်စုံမှ အရပ်သားများ အစားထိုးဝင်ရောက်လာတယ်။ဒါတောင် ဒီ မေ ၂၂ ရက် ဆန္ဒပြပွဲမှာ ကျောင်းသားအင်အား (၁၆၀၀၀၀) ပါဝင်ပါသေးတယ်။ ကျောင်းသားတွေနေရာမှာ အသက်ကြီးတဲ့သူတွေ ပိုမိုပါဝင်လာတာကြောင့် အမြင့်ပိုင်းကနေကြည့်ရင် ခေါင်းတွေ အဖြူရောင်များလာတာကို အမွှန်းတင်ပြီး မွန်ထရီရယ်နဲ့ ကိဘက် လှုပ်ရှားမှု့တွေဟာ ဆံပင်ဖြူလာပြီဟု ပြည်တွင်းနဲ့ အွန်လိုင်း သတင်းဌာနတွေက ရေးသားဖော်ပြတာတွေ့ရတယ်။ ဆန္ဒပြပွဲအတွင်းမှာပါဝင်တဲ့ အသက် (၆၅) နှစ်အရွယ် ရှိတွန်း လှည်းဖြင့် သွားလာရသူ ဟင်နရီ ဖာနန်က"လူငယ်တွေက ကျွန်တော်တို့ရဲ့အနာဂတ်၊သူတို့အတွက် ကျွန်တော်ဂုဏ်ယူတယ်၊ သူတို့နဲ့သွေးစည်းညီညွှတ်မှုကိုပြဖို့ ကျွန်တော်ဒီနေရာကိုရောက်နေတာပါ" လို့ဆိုပါတယ်။ တခြားအဘိုးအိုတဦးကတော့ မျက်နှာကိုငရုတ်ရည်နဲ့ ပက်ခံရလို့စိတ်ဆိုးနေသူတဦးပါ။ သူ က အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကို ဒေါသတကြီး အော်ဟစ် ပြောဆို နေတာကတော့ " ဟေ့ ဘာလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်လုပ်ရတာလဲ ဒါကျောင်းသားတွေကွ" ရဲအရာရှိက ပြီးသွားပါပြီ ပြန်ပါတော့လို့ပြောတော့ " မပြီးဘူး ငါ့ကိုဖမ်းမှပြီးမှာ မင်းတို့ပြီးချင်ရင်ငါ့ကိုဖမ်း" ကျောင်းသားတွေကလည်း ရဲတွေထွက်သွားဖို့ အဘိုးအိုကို ဆက်လုပ်ဖို့ move, move နဲ့ ညာသံပေးနေကြပါတယ်။ အဘိုးအိုက ဆက်ပြီး " ဒီလူတွေ ဒီမှာစုဝေးနေတာ အဓိပ္ပါယ်မဲ့ စုဝေးနေ တယ်ထင်သလား၊ မင်းတို့ပြော ပြောနေတဲ့ အကြမ်းဖက်မှု့လို့ဆိုရအောင် ဘယ်မလဲတံခါးတချပ်ကျိုးပဲ့တာ တွေ့သလား" "ဒါလား ဒီမိုကရေစီအစိုးရ" ဆိုပြီးကျောင်းသားတွေရှေ့မှာ မားမား မတ်မတ် ပြောဆိုနေပါတော့တယ်။ဂျမားလ် ဆိုသူကလဲ"ကျွန်တော်က ကျောင်းသားမဟုတ်ပါဘူး၊ ရေပိုက်ပြင်တဲ့သူပါ၊ အစိုးရက ဥပဒေ ၇၈ ထုတ်ပြန်ပြီးမှ ဆန္ဒပြတဲ့သူပါ၊ အရင်က ဆန္ဒပြတာဟာ ကျောင်းသားတွေအလုပ်လို့ထင်ခဲ့တယ်၊ ဒီမှာ အလုပ်သမားတွေသိပ်မများသေးဘူး၊ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီဥပဒေ ရပ်အောင် လုပ်ရမယ်၊ ဘာလို့လဲဆိုတော့ ကိဘက်ပြည်နယ်ရဲ့ငွေတွေက ပြည်သူတွေဆီမရောက်ဘဲ ကော်ပိုရေးရှင်းကြီးတွေဆီ ရောက်နေလို့ပါ၊ အစိုးရက ကော်ပိုရေးရှင်းကြီးတွေ အခွန်မဆောင်တာကိုတော့ မသိချင်ယောင်ဆောင် ခွင့်ပြုထားပြီး လူတွေတကယ်လိုအပ်နေတဲ့ လူမှု့ဖူလုံရေးအသုံးစရိတ်တွေကိုဖြတ်တောက်နေလို့ပါ"။
မီဒီယာတချို့က ကနေဒီယံ သမိုင်းရဲ့ အကြီးမားဆုံး အာဏာဖီဆန်မှု့အဖြစ် မှတ်တမ်းတင်ကြပါတယ်။ ဖုံးဖိလို့မရတဲ့ဒေသတွင်း မီဒီယာတွေမှာ ဒီသတင်းကို ဖော်ပြကြပေမဲ့ BBC ၊ CNN ၊ Sky တို့လို ကမ္ဘာ့ အဓိကမီဒီယာကြီးတွေမှာ ဒီသတင်းကိုမဖော်ပြဘဲ ရယ်ရွယ်ချက်ရှိရှိ တမင် ချွင်းချန်ထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ မီဒီယာကော်ပိုရေးရှင်းကြီးတွေရဲ့ အရင်းရှင်အချင်းချင်း သွေးစည်းညီညွှတ်တဲ့ လုပ်ရပ်ဆိုတာ ထင်ရှားပါတယ်။ ကျောင်းသား လှုပ်ရှားမှုနဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲတွေ တကမ္ဘာလုံး ပြန့်နှံ့သွားမှာ စိုးလို့ တိုင်ပင်ထားသလို တညီတညာတည်း နှုတ်ဆိတ်နေကြပုံပါပဲ။ မေလ (၂၂) ရက်နေ့က ကိဘက်ပြည် နယ်မှာဖြစ်ပွားတဲ့ဆန္ဒပြမှု့တွေ ရက် ၁၀၀ ပြည့်တဲ့နေ့လည်း ဖြစ်တယ်။ နောက်နေ့ မေ (၂၃) ရက်မှာ ဆန္ဒပြသူလူ ၇၀၀ ကျော် အဖမ်းခံရပါတယ်။ ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ပုံစံကိုလစဉ် ၂၂ ရက်တွေမှာကျင်းပ ကြဖို့ ချမှတ် ခဲ့တဲ့အတိုင်း ဇွန်၂၂ရက်နေ့မှာလည်း နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကို ကျင်းပနိုင်ခဲ့တယ်။ Occupy wall street အဖွဲ့ဝင်တွေ၊ Occupy movement လှုပ်ရှားတဲ့သူတွေ အင်နဲ့အားနဲ့ပါဝင်လာကြတယ်။
ကိဘက်ဝန်ကြီးချုပ် ယန်းရှရက် ကတော့ ကမ္ဘာလှည့်ခရီးသည်တွေလာနေကြ အချိန်မှာ ဒီလို ဆန္ဒပြပွဲတွေရှိနေတဲ့အတွက် နိုင်ငံခြားဝင်ငွေလျော့မှာစိုးရိမ်နေပါတယ်။ ကျောင်းသားတွေကိုလည်း တာဝန်သိဖို့ကောင်းတယ်၊ လို့ပြစ်တင်ဝေဖန်ပါတယ်။ ဝန်ကြီးချုပ် ယန်းရှရက်နဲ့ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲဟာလဲ လေးရက်ကြာ ဇွန်လ ၂၈ ရက်မှာ ပျက်ပြားသွားပြီး ကျောင်းလခ ပြဿနာက အဖြေနဲ့မနီးသေးတဲ့ အခြေအနေဖြစ်နေတယ်။ ယခုအချိန်မှာတော့ ပြည်နယ်ရွေးကောက်ပွဲ ကျင်းပရမဲ့အချိန်ရောက်လာပြီမို့ ကိဘက်ရဲ့နိုင်ငံရေးအခြေအနေ ဘာဖြစ်မလဲဆိုတာ ပြောဖို့ ခဲယဉ်းနေပါတယ်။ ဆွေးနွေးပွဲပျက်သွားပြီးနောက်မှာ ကျောင်းသားတွေက ဩဂုတ်လ ၁၇ ရက်နေ့မှာ ဆန္ဒပြန်ပြမည်ဖြစ်ကြောင်းကျေညာထားပါတယ်။ ယန်းရှရက် အစိုးရကလဲ ဥပဒေ ၇၈ ကို အာဏာတည်စေဖို့ ကြိုတင်ပြင်ဆင်မှု့တွေလုပ်ထားပြီးဖြစ်ကြောင်းပြောဆိုသံများလည်း ကြားနေရတယ်။
ကျောင်းသား အန်ထိုနီ ကတော့ လူထုအုံကြွမှု့ကတော့မြင်တဲ့အတိုင်းဘဲ၊ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ ကျေညာထားတဲ့ ဩဂုတ်လမှာတော့တခုခုဖြစ်မှာ၊ အစိုးရ ကလည်း အလျော့ပေးမှာမဟုတ်တော့ ကျွန်တော်တို့အပေါ် ကြမ်းကြမ်း တမ်းတမ်း ကိုင်မှာဘဲ၊ကျွန်တော်တို့ကလည်းဆက်လုပ်ရမှာဘဲ။
ဒီ ကနေဒါ နိုင်ငံရဲ့ကျောင်းသားလှုပ်ရှားမှု့၊ လူထုအုံကြွလှုပ်ရှားမှု့တွေကိုကြည့်ရင် ဒီမိုကရေစီ အစိုးရဟာ ပြဿနာတွေကို ဒီမိုကရေစီနည်းကျ မဖြေရှင်းနိုင်တာတွေ့လာရတယ်။ဒီမိုကရေစီမူနဲ့ ဆန့်ကျင်တဲ့မူကို ကမ္ဘာ့ဒီမိုကရစီနိုင်ငံကြီးလို့အမည်ခံထားတဲ့ ကနေဒါနိုင်ငံက ထုတ်သုံးလာတာဟာ အံ့သြ ရွံရှာဖွယ်ပါဘဲ။ဒီမှာတွေ့ရတဲ့အချက်ကတော့ ဥပဒေတိုင်းက ဒီမိုကရေစီနဲ့မကိုက်ညီဘူး။ ဒီမိုကရေစီကို လေးစားယုံကြည်ရင် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို တာဝန်သိသိ ဆန့်ကျင်ဖို့လိုတယ်။ ဒီမိုကရေစီနဲ့ ကိုက်ကိုက်၊ မကိုက်ကိုက် ဥပဒေမှန်သမျှကို လိုက်နာရမယ်လို့ဆုံးဖြတ်ရင်တော့ ကိုယ့်လက်ကို ကိုယ်တိုင်ကြိုးနဲ့တုတ်ထားသလိုဖြစ်မှာပဲ။ ဥပဒေ မှန်သမျှ လိုက်နာရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ ဥပဒေ ပြုခွင့်ရသူတွေက လက်နက် သဖွယ်ကိုင်စွဲ ထားတဲ့ အတွေးအခေါ်သာဖြစ်ပါတယ်။
ဒါကြောင့် ကိဘက် ကျောင်းသားလှုပ်ရှားမှု့ဟာ ဒီမိုကရေစီသမားကောင်းမှန်ရင် မတရားတဲ့ဥပဒေမှန်သမျှ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲရမယ် ဆိုတာကိုပြသတဲ့ ဥပမာကောင်းတခုလို့ ဆိုချင်ပါတယ်။
နွေဦးနွေ
ကနေဒီယံသမိုင်းရဲ့ ကျောင်းသားနှင့်ပြည်သူ စည်းလုံးညီညွှတ်မှု့ ၂
လူပေါင်း ၄ သိန်း အထိ ဆန္ဒပြခဲ့ပြီး ရက်ပေါင်း ၂၀၀ ကျော် တိုင် အောင် တိုက်ပွဲ ဆင်နေသော်လည်း မီဒီယာများက အမှောင်ချ ထားခြင်းခံရတဲ့ ကနေဒါ ကျောင်းသား လှုပ်ရှားမှု
လူပေါင်း ၄ သိန်း အထိ ဆန္ဒပြခဲ့ပြီး ရက်ပေါင်း ၂၀၀ ကျော် တိုင် အောင် တိုက်ပွဲ ဆင်နေသော်လည်း မီဒီယာများက အမှောင်ချ ထားခြင်းခံရတဲ့ ကနေဒါ ကျောင်းသား လှုပ်ရှားမှု
မွန်ထရီရယ်မြို့မှာကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြည်သူတွေ ဆန္ဒပြနေတာ ၅လ နီးပါးရှိပြီ။
ကနေဒီယံသမိုင်းရဲ့ ကျောင်းသားနှင့်ပြည်သူ စည်းလုံးညီညွှတ်မှု့ ၃
အနုပညာဆန်တဲ့ သူတို့ရဲ့ လှုပ်ရှားမှု။
အနုပညာဆန်တဲ့ သူတို့ရဲ့ လှုပ်ရှားမှု။
ဒါဟာ ၂၀၀၈ ခုနှစ် ကစတဲ့ ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းရဲ့ အကျိုးဆက်လို့ ဆိုရင်မမှားပါဘူး။ ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် နိုင်ငံတကာဘဏ်ကြီးတွေ လဲပြိုတော့မလိုဖြစ်တဲ့အခါ နိုင်ငံတိုင်းရဲ့အရင်းရှင်အစိုးရတိုင်းဟာ ဒေါ်လာငွေ သန်းပေါင်း ရာကျော် သုံးစွဲပြီး ဘဏ်ကြီးတွေကိုကယ်တင်ခဲ့တယ်။တဖက်မှာ ပြည်သူတွေကိုတော့ ခြိုးခြံချွေတာခိုင်းလေရဲ့။၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ အမေရိကန်အပါအဝင် ကမ္ဘာပေါ်ရှိအရင်းရှင်နိုင်ငံတွေရဲ့ အစိုးရတွေက ပိုက်ဆံမရှိဘူးလို့ ညီတူညာတူ သံပြိုင် ဟစ်ကြွေးပြီး လူမှု့ဖူလုံရေးစရိတ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု့စရိတ်တွေ၊ သက်ကြီး ရွယ်အို ထောက်ပံ့ကြေး စရိတ်တွေကို ဖြတ်တောက်တဲ့ အစီအစဉ်တွေ ရေးဆွဲ ပြဋ္ဌာန်းတယ်။ ပြည်သူတွေပေးနေတဲ့ အခွန်တွေ၊ ကျောင်းသားတွေပေးနေတဲ့ ကျောင်းလ ခတွေ ကိုတော့ တိုးမြှင့် ကောက်ခံ တယ်။ သူတို့ကယ်တင်ခဲ့တဲ့ လက်တဆုပ်စာဘဏ္ဍာရေးသမားကြီးတွေကတော့ ပိုနေမြဲကျားနေမြဲ နဂိုချမ်းသာမှု့ကနေ စပါးလုံးတထောက်စာတောင် မလျော့ခဲ့ပါဘူး။ ဒီလို လူမှု့ရေး၊ စီးပွားရေး မညီမျှမှု့၊ ဆင်းရဲ ချမ်းသာ ကွာဟ လွန်းမှု့၊ ဘဏ္ဍာရေး သမားကြီးတွေ ကော်ပိုရေးရှင်းကြီးတွေက နှစ်စဉ် ကမ္ဘာ့(G.D.P) ကို ဘယ်သူက ဘယ်လောက်ယူဆိုပြီး သူတို့သဘောကျ စီမံခန့်ခွဲနေတဲ့လုပ်ရပ်ဟာ ကမ္ဘာ့ပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှု့တွေကို မွေးထုတ်ပေးနေတယ်။
ဒယ်အိုး ဒန်အိုး တိုက်ပွဲ ၎
ဒယ်အိုး ဒန်အိုး တိုက်ပွဲ ၆
ကျောင်းသားခေါင်းဆောင် ဂေဘီရယ်နဒိုးဒူဘွိုင်း
ကိဘက်ပြည်နယ် ဝန်ကြီးချုပ် ယန်းရှရက်
ကျောင်းလခ တိုးမြှင့်သူ၊ ဥပဒေ ၇၈ ထုတ်ပြန်သူ။

ကနေဒါနိုင်ငံ ကိဘက်ပြည်နယ်မှာ ဥပဒေ ၇၈ ကို ဒီလို ဆန့်ကျင်ကြတယ်
ဥပဒေ ၇၈ ကအငြင်းပွားစရာတွေပြည့်နေပါတယ်။ ဥပဒေကို အရပ်သားရော၊ ကျောင်းသားရော၊ ပညာရှင်တွေပါ ဝေဖန်ရှုံ့ချကြပါတယ်။ Laval တက္ကသိုလ် ဥပဒေပါမောက္ခက ဒီမိုကရက်အစိုးရဖြစ်ပြီး ဒီလိုဥပဒေမျိုးပြဋ္ဌာန်းတာ မယုံနိုင် လောက် အောင်ဘဲ။ နောက် Montreal တက္ကသိုလ် ဥပဒေပါမောက္ခ လူစီလယ်မွန်ဒီက ကမ္ဘာစစ်အတွင်းထုတ်တဲ့ စစ်စည်းကမ်းဥပဒေပြီးရင် ဒုတိယ အဆိုးဆုံးဥပဒေ လို့ပြောလည်းပြောတဲ့အပြင် သူမအတန်းကကျောင်းသားတွေကိုတောင် ဒီဥပဒေကို ဆန့်ကျင်ကြလို့ ဆော်သြလိုက်ပါသေးတယ်။
ဥပဒေ ၇၈ ကိုအရပ်သားနားလည်သလိုပြောရရင် ဆန္ဒပြတဲ့သူတွေကို ဘဝပျက်အောင်လုပ်တဲ့ဥပဒေ။ သင်ဟာ သပိတ်တားတဲ့သူ ဒါမှမဟုတ် သပိတ်မှောက်တဲ့သူဖြစ်ရင် ဒဏ်ငွေ ဒေါ်လာ တထောင်ကနေ ငါးထောင် အတွင်း ပေးဆောင်ရမယ်။ ကျောင်းသားခေါင်းဆောင်ဖြစ်ရင် ဒဏ်ငွေ ဒေါ်လာ သုံးသောင်းခွဲ ပေးဆောင်ရမယ်။သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေဖြစ်ရင် ဒဏ်ငွေ ဒေါ်လာ တသိန်းနှစ်သောင်းခွဲပေးဆောင်ရမယ်။ တကယ်တော့ လွတ်လပ်စွာသပိတ်မှောက်ခြင်း၊ လွတ်လပ်စွာသပိတ်တားခြင်း ကိုဥပဒေနှင့်မညီညွှတ်ကြောင်းပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဖြစ်ပါတယ်။ဒါဟာ အခုဗမာပြည်မှာပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေနဲ့အလားသဏ္ဍန်တူပါတယ်။ နောက်ပြီး ဗ.က.သ ဖွဲ့စည်းလှုပ်ရှားတာကိုလဲ တရား မဝင်ဘူးလို့ ခြိမ်းခြောက်သလိုမျိုး ကိဘက်ကျောင်းသားသမဂ္ဂတွေကိုလဲခြိမ်းခြောက်ပြီး သြဂုတ်လကုန်ကို နောက်ဆုံးရက် သတ်မှတ်ကာ ကျောင်းသားတွေ ကျောင်းပြန်တက်ရမယ်ဆိုတဲ့ပုဒ်မ ကိုလဲ ဥပဒေ ၇၈ ထဲမှာ ထည့်သွင်း ထားတယ်။။ ဗမာပြည်မှာတော့ သမဂ္ဂတွေရဲ့အစဉ်အလာ၊ လုပ်ပိုင်ခွင့်တွေကို စာဖတ်အသင်း အဆင့်လောက်ဘဲ ဖြစ်ဖို့၊ ပြည်သူတွေရဲ့ နိုင်ငံရေးအသိစိတ်ဓါတ် မမြင့်မားအောင် ရွှေပြည်အေးတရားတွေနဲ့နားချဖို့ အစိုးရရဲ့ကြိုးပမ်းလုပ်ဆောင်မှု့တွေလုပ်နေသလို တဖက်မှာလည်း ဖိနှိပ်မှုတွေက အခုအချိန်မှာ အတားအဆီးမဲ့နေပါတယ်။
ကိဘက်ပြည်သူတွေက လွတ်လပ်စွာသပိတ်မှောက်ခွင့်၊ လွတ်လပ်စွာသပိတ်တားခွင့်ဟာ အခြေခံနိုင်ငံသားအခွင့်အရေးဖြစ်တဲ့အတွက် ဒီဥပဒေ ၇၈ ကိုကန့်ကွက်ကြောင်းပြင်းပြင်းထန်ထန်ဆန္ဒပြကြတယ်။ဒီဥပဒေ ထွက်ပြီးမှ ဆန္ဒပြမှုဟာ ရပ်တန့်မသွားဘဲ ပို၍ ပို၍ကြီးထွားလာတယ်။
One has a moral responsibility to disobey unjust law.
Martin Luther King Jr
မတရားတဲ့ဥပဒေကိုဆန့်ကျင်ရမဲ့ တာဝန်ဟာလူသားတိုင်းရဲ့ တာဝန်ဖြစ်တယ် ဆိုတဲ့ မာတင်လူသာကင်းရဲ့အဆိုအတိုင်း CLASSE ကအာဏာဖီဆန်ရေး လမ်းစဉ်ကိုစွဲကိုင်ခဲ့တယ်။ ဒါ့အပြင် ကျောင်းလခတက်လို့ကျေနပ်မှု့မရှိတဲ့ကျောင်းသားတွေနဲ့ ခြိုးခြံ ချွေတာ ရေးအစီအစဉ်တွေအပေါ် ကျေနပ်မှု့မရှိတဲ့အရပ်သားတွေ ဆက်စပ်ပေးပြီး အထွေထွေသပိတ်ကြီးတွေ ဆင်နွှဲအောင်ထိ လမ်းကြောင်းတည့်ပေးနိုင်ခဲ့တယ်။
မေ ၁၈ ရက် နောက်ပိုင်းမှာဥပဒေ ၇၈ ကိုတိုက်ရိုက်စိန်ခေါ်တဲ့ Casseroles လို့ခေါ်တဲ့ ဒယ်အိုးဆန္ဒပြမှုတွေ ပေါ် ပေါက် လာတယ်။ဒီဆန္ဒပြမှု့ပုံစံက စပိန်စကားပြောတဲ့ လက်တင်အမေရိကတိုက်က လူကြိုက်များတဲ့ဆန္ဒပြပုံစံပါ။အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေးနဲ့ စပိန် နိုင်ငံတွေမှာ ဒီလိုပုံစံနဲ့ ဆန္ဒပြကြပါတယ်။၁၉၇၁ ခုနှစ် ချီလီနိုင်ငံကနေစတင်ခဲ့တဲ့ပုံစံဖြစ်ပါတယ်။လောလောဆယ် ၂၀၀၁ ခုနှစ်မှာ အာဂျင်တီးနားမှာ လဲဖြစ်ပွားခဲ့ ပါတယ်။ဆန္ဒပြတဲ့သူတွေက သူတို့ရဲ့ ဒယ်အိုး၊ ဒန်အိုးတွေယူလာပြီး ယောင်းမတွေ ဇွန်းတွေနဲ့ သံစုံမြည်အောင်တီးကာ သတ်မှတ်ထားတဲ့နေရာ ဒါမှမဟုတ် ရပ်ကွက်ထဲ မြို့ထဲ လှည့်လည်ဆန္ဒပြကြတယ်။ညတိုင်း ည ၈ နာရီမှာ စတင်ပြီး ၁၀ နာရီမှာ လူစုခွဲကြတယ်။ ဒယ်အိုးဆန္ဒပြပွဲ 'Casseroles' က မွန်ထရီရယ်မြို့ကနေစတင်ခဲ့ပြီး ကနေဒါနိုင်ငံရဲ့ မြို့ပေါင်း ဒါဇင်ကျော်ထိ ပြန့်နှံ့သွားပါတယ်။ဒါတင်မကပါဘူး New York နဲ့ California က Occupy movement အဖွဲ့ဝင်များကလဲ မွန်ထရီရယ်မြို့သို့ လူကိုယ်တိုင်လာရောက် ပူးပေါင်းပါဝင်ကြပါတယ်။ဒါ့ကြောင့်လဲ ကမ္ဘာ့ဆန္ဒပြမှု့တွေဟာ တခုနဲ့တခု ကွင်းဆက်တွေဖြစ်လာနေပြီလို့ပြောဆိုလာကြပါတယ်။
မေ ၂၂ ရက်မှာမွန်ထရီရယ်မြို့မှာတင် လူနှစ်သိန်းကနေ လေးသိန်းထိရှိတဲ့ လူထု အုံကြွ ဆန္ဒပြ မှု့ကြီး ဖြစ်ပွား ခဲ့ပါတယ်။ တခြားပြည်နယ်တွေရဲ့ မြို့တွေမှာလဲဖြစ်ခဲ့တယ်။ ဆန္ဒပြတဲ့သူတွေက ဒယ်အိုး၊ဒန်အိုး၊သံပုံး၊သံခွက်တွေကို ယောင်းမတွေ၊ ဇွန်းတွေနဲ့တီးပြီး လမ်းလျှောက်လာကြတယ်။ ဆန္ဒပြမှုမှာ ကျောင်းသားတွေ အများအပြား အဖမ်းခံနေရပြီင်္းချိန်ဖြစ်၍ ကျောင်းသားတွေနေရာမှာ နယ်ပယ်စုံမှ အရပ်သားများ အစားထိုးဝင်ရောက်လာတယ်။ဒါတောင် ဒီ မေ ၂၂ ရက် ဆန္ဒပြပွဲမှာ ကျောင်းသားအင်အား (၁၆၀၀၀၀) ပါဝင်ပါသေးတယ်။ ကျောင်းသားတွေနေရာမှာ အသက်ကြီးတဲ့သူတွေ ပိုမိုပါဝင်လာတာကြောင့် အမြင့်ပိုင်းကနေကြည့်ရင် ခေါင်းတွေ အဖြူရောင်များလာတာကို အမွှန်းတင်ပြီး မွန်ထရီရယ်နဲ့ ကိဘက် လှုပ်ရှားမှု့တွေဟာ ဆံပင်ဖြူလာပြီဟု ပြည်တွင်းနဲ့ အွန်လိုင်း သတင်းဌာနတွေက ရေးသားဖော်ပြတာတွေ့ရတယ်။ ဆန္ဒပြပွဲအတွင်းမှာပါဝင်တဲ့ အသက် (၆၅) နှစ်အရွယ် ရှိတွန်း လှည်းဖြင့် သွားလာရသူ ဟင်နရီ ဖာနန်က"လူငယ်တွေက ကျွန်တော်တို့ရဲ့အနာဂတ်၊သူတို့အတွက် ကျွန်တော်ဂုဏ်ယူတယ်၊ သူတို့နဲ့သွေးစည်းညီညွှတ်မှုကိုပြဖို့ ကျွန်တော်ဒီနေရာကိုရောက်နေတာပါ" လို့ဆိုပါတယ်။ တခြားအဘိုးအိုတဦးကတော့ မျက်နှာကိုငရုတ်ရည်နဲ့ ပက်ခံရလို့စိတ်ဆိုးနေသူတဦးပါ။ သူ က အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကို ဒေါသတကြီး အော်ဟစ် ပြောဆို နေတာကတော့ " ဟေ့ ဘာလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်လုပ်ရတာလဲ ဒါကျောင်းသားတွေကွ" ရဲအရာရှိက ပြီးသွားပါပြီ ပြန်ပါတော့လို့ပြောတော့ " မပြီးဘူး ငါ့ကိုဖမ်းမှပြီးမှာ မင်းတို့ပြီးချင်ရင်ငါ့ကိုဖမ်း" ကျောင်းသားတွေကလည်း ရဲတွေထွက်သွားဖို့ အဘိုးအိုကို ဆက်လုပ်ဖို့ move, move နဲ့ ညာသံပေးနေကြပါတယ်။ အဘိုးအိုက ဆက်ပြီး " ဒီလူတွေ ဒီမှာစုဝေးနေတာ အဓိပ္ပါယ်မဲ့ စုဝေးနေ တယ်ထင်သလား၊ မင်းတို့ပြော ပြောနေတဲ့ အကြမ်းဖက်မှု့လို့ဆိုရအောင် ဘယ်မလဲတံခါးတချပ်ကျိုးပဲ့တာ တွေ့သလား" "ဒါလား ဒီမိုကရေစီအစိုးရ" ဆိုပြီးကျောင်းသားတွေရှေ့မှာ မားမား မတ်မတ် ပြောဆိုနေပါတော့တယ်။ဂျမားလ် ဆိုသူကလဲ"ကျွန်တော်က ကျောင်းသားမဟုတ်ပါဘူး၊ ရေပိုက်ပြင်တဲ့သူပါ၊ အစိုးရက ဥပဒေ ၇၈ ထုတ်ပြန်ပြီးမှ ဆန္ဒပြတဲ့သူပါ၊ အရင်က ဆန္ဒပြတာဟာ ကျောင်းသားတွေအလုပ်လို့ထင်ခဲ့တယ်၊ ဒီမှာ အလုပ်သမားတွေသိပ်မများသေးဘူး၊ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီဥပဒေ ရပ်အောင် လုပ်ရမယ်၊ ဘာလို့လဲဆိုတော့ ကိဘက်ပြည်နယ်ရဲ့ငွေတွေက ပြည်သူတွေဆီမရောက်ဘဲ ကော်ပိုရေးရှင်းကြီးတွေဆီ ရောက်နေလို့ပါ၊ အစိုးရက ကော်ပိုရေးရှင်းကြီးတွေ အခွန်မဆောင်တာကိုတော့ မသိချင်ယောင်ဆောင် ခွင့်ပြုထားပြီး လူတွေတကယ်လိုအပ်နေတဲ့ လူမှု့ဖူလုံရေးအသုံးစရိတ်တွေကိုဖြတ်တောက်နေလို့ပါ"။
မီဒီယာတချို့က ကနေဒီယံ သမိုင်းရဲ့ အကြီးမားဆုံး အာဏာဖီဆန်မှု့အဖြစ် မှတ်တမ်းတင်ကြပါတယ်။ ဖုံးဖိလို့မရတဲ့ဒေသတွင်း မီဒီယာတွေမှာ ဒီသတင်းကို ဖော်ပြကြပေမဲ့ BBC ၊ CNN ၊ Sky တို့လို ကမ္ဘာ့ အဓိကမီဒီယာကြီးတွေမှာ ဒီသတင်းကိုမဖော်ပြဘဲ ရယ်ရွယ်ချက်ရှိရှိ တမင် ချွင်းချန်ထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ မီဒီယာကော်ပိုရေးရှင်းကြီးတွေရဲ့ အရင်းရှင်အချင်းချင်း သွေးစည်းညီညွှတ်တဲ့ လုပ်ရပ်ဆိုတာ ထင်ရှားပါတယ်။ ကျောင်းသား လှုပ်ရှားမှုနဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲတွေ တကမ္ဘာလုံး ပြန့်နှံ့သွားမှာ စိုးလို့ တိုင်ပင်ထားသလို တညီတညာတည်း နှုတ်ဆိတ်နေကြပုံပါပဲ။ မေလ (၂၂) ရက်နေ့က ကိဘက်ပြည် နယ်မှာဖြစ်ပွားတဲ့ဆန္ဒပြမှု့တွေ ရက် ၁၀၀ ပြည့်တဲ့နေ့လည်း ဖြစ်တယ်။ နောက်နေ့ မေ (၂၃) ရက်မှာ ဆန္ဒပြသူလူ ၇၀၀ ကျော် အဖမ်းခံရပါတယ်။ ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ပုံစံကိုလစဉ် ၂၂ ရက်တွေမှာကျင်းပ ကြဖို့ ချမှတ် ခဲ့တဲ့အတိုင်း ဇွန်၂၂ရက်နေ့မှာလည်း နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကို ကျင်းပနိုင်ခဲ့တယ်။ Occupy wall street အဖွဲ့ဝင်တွေ၊ Occupy movement လှုပ်ရှားတဲ့သူတွေ အင်နဲ့အားနဲ့ပါဝင်လာကြတယ်။
ကိဘက်ဝန်ကြီးချုပ် ယန်းရှရက် ကတော့ ကမ္ဘာလှည့်ခရီးသည်တွေလာနေကြ အချိန်မှာ ဒီလို ဆန္ဒပြပွဲတွေရှိနေတဲ့အတွက် နိုင်ငံခြားဝင်ငွေလျော့မှာစိုးရိမ်နေပါတယ်။ ကျောင်းသားတွေကိုလည်း တာဝန်သိဖို့ကောင်းတယ်၊ လို့ပြစ်တင်ဝေဖန်ပါတယ်။ ဝန်ကြီးချုပ် ယန်းရှရက်နဲ့ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲဟာလဲ လေးရက်ကြာ ဇွန်လ ၂၈ ရက်မှာ ပျက်ပြားသွားပြီး ကျောင်းလခ ပြဿနာက အဖြေနဲ့မနီးသေးတဲ့ အခြေအနေဖြစ်နေတယ်။ ယခုအချိန်မှာတော့ ပြည်နယ်ရွေးကောက်ပွဲ ကျင်းပရမဲ့အချိန်ရောက်လာပြီမို့ ကိဘက်ရဲ့နိုင်ငံရေးအခြေအနေ ဘာဖြစ်မလဲဆိုတာ ပြောဖို့ ခဲယဉ်းနေပါတယ်။ ဆွေးနွေးပွဲပျက်သွားပြီးနောက်မှာ ကျောင်းသားတွေက ဩဂုတ်လ ၁၇ ရက်နေ့မှာ ဆန္ဒပြန်ပြမည်ဖြစ်ကြောင်းကျေညာထားပါတယ်။ ယန်းရှရက် အစိုးရကလဲ ဥပဒေ ၇၈ ကို အာဏာတည်စေဖို့ ကြိုတင်ပြင်ဆင်မှု့တွေလုပ်ထားပြီးဖြစ်ကြောင်းပြောဆိုသံများလည်း ကြားနေရတယ်။
ကျောင်းသား အန်ထိုနီ ကတော့ လူထုအုံကြွမှု့ကတော့မြင်တဲ့အတိုင်းဘဲ၊ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ ကျေညာထားတဲ့ ဩဂုတ်လမှာတော့တခုခုဖြစ်မှာ၊ အစိုးရ ကလည်း အလျော့ပေးမှာမဟုတ်တော့ ကျွန်တော်တို့အပေါ် ကြမ်းကြမ်း တမ်းတမ်း ကိုင်မှာဘဲ၊ကျွန်တော်တို့ကလည်းဆက်လုပ်ရမှာဘဲ။
ဒီ ကနေဒါ နိုင်ငံရဲ့ကျောင်းသားလှုပ်ရှားမှု့၊ လူထုအုံကြွလှုပ်ရှားမှု့တွေကိုကြည့်ရင် ဒီမိုကရေစီ အစိုးရဟာ ပြဿနာတွေကို ဒီမိုကရေစီနည်းကျ မဖြေရှင်းနိုင်တာတွေ့လာရတယ်။ဒီမိုကရေစီမူနဲ့ ဆန့်ကျင်တဲ့မူကို ကမ္ဘာ့ဒီမိုကရစီနိုင်ငံကြီးလို့အမည်ခံထားတဲ့ ကနေဒါနိုင်ငံက ထုတ်သုံးလာတာဟာ အံ့သြ ရွံရှာဖွယ်ပါဘဲ။ဒီမှာတွေ့ရတဲ့အချက်ကတော့ ဥပဒေတိုင်းက ဒီမိုကရေစီနဲ့မကိုက်ညီဘူး။ ဒီမိုကရေစီကို လေးစားယုံကြည်ရင် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို တာဝန်သိသိ ဆန့်ကျင်ဖို့လိုတယ်။ ဒီမိုကရေစီနဲ့ ကိုက်ကိုက်၊ မကိုက်ကိုက် ဥပဒေမှန်သမျှကို လိုက်နာရမယ်လို့ဆုံးဖြတ်ရင်တော့ ကိုယ့်လက်ကို ကိုယ်တိုင်ကြိုးနဲ့တုတ်ထားသလိုဖြစ်မှာပဲ။ ဥပဒေ မှန်သမျှ လိုက်နာရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ ဥပဒေ ပြုခွင့်ရသူတွေက လက်နက် သဖွယ်ကိုင်စွဲ ထားတဲ့ အတွေးအခေါ်သာဖြစ်ပါတယ်။
ဒါကြောင့် ကိဘက် ကျောင်းသားလှုပ်ရှားမှု့ဟာ ဒီမိုကရေစီသမားကောင်းမှန်ရင် မတရားတဲ့ဥပဒေမှန်သမျှ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲရမယ် ဆိုတာကိုပြသတဲ့ ဥပမာကောင်းတခုလို့ ဆိုချင်ပါတယ်။
နွေဦးနွေ

No comments:
Post a Comment