Pages

Sunday, 19 August 2012

"ကလေးတစ်သန်းကျော်ထက်မနည်းကို ပညာရေးအထောက်အပံ့တွေ ပေးသွားနိုင်ဖို့ စီစဉ်ထားပါတယ်"


မြန်မာနိုင်ငံသို့ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr ၏ မြန်မာနိုင်ငံသို့ ဇွန်လဆန်းက လာရောက်ခဲ့သော ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ် အတွင်း အမေရိကန် ဒေါ်လာသန်း ၈၀ ကူညီသွားမည့် အစီအစဉ်သစ် တစ်ခုကို ကြေညာခဲ့သည်။ ယင်းအစီအစဉ်ကို ဩစတြေးလျနိုင်ငံ၏ တရားဝင် အကူအညီပေးရေး အေဂျင်စီဖြစ်သော AusAID မှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမများအတွက် သင်တန်းများ၊ ကလေးများ ကျောင်းတက်မှန်ရေး၊ မူလတန်းအဆင့်မှ ကလေးများ အာဟာရ ပြည့်ဝရေး အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းအစီအစဉ် အသေးစိတ်ကို AusAID မှ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေး တာဝန်ခံ Ms.Jullian Ray သို့ အီးမေးလ်မှတစ်ဆင့် မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

- AusAID ကနေ တစ်ဆင့် ပေးအပ်သွားမယ့် ဆရာ၊ ဆရာမများ အတွက် သင်တန်းများ၊ ကလေးများ ကျောင်းတက်မှန်ရေး၊ မူလတန်း အဆင့်မှ ကလေးများ အာဟာရ ပြည့်ဝရေး အစီအစဉ် အသေးစိတ်က ဘယ်လိုပါလဲ။
ကျွန်မတို့အနေနဲ့ မိတ်ဖက်အဖွဲ့ ဖြစ်တဲ့ UNICEF နဲ့ ပူးပေါင်းပြီး သင်တန်းများ စီစဉ်သွားမှာပါ။ အရည် အသွေး ပြည့်ဝတဲ့ အခြေခံ ပညာရေး အစီအစဉ် The Quality Basic Education Program (QBEP) ကနေတစ်ဆင့် ဆရာတွေအတွက် သင်တန်းတွေ ပြုလုပ်ဖို့ UNICEF ကို ဩစတြေးလျ က ငွေကြေးထောက်ပံ့သွားမှာပါ။


ဒီအစီအစဉ်မှာ ကလေးတွေ ပျော်တဲ့ ကျောင်းတွေ ဖြစ်လာအောင်၊ ကလေးတွေအတွက် လုံခြုံစိတ်ချစွာ စာသင်ကြားနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခုဖြစ်လာအောင် ဖန်တီးပေးသွား ပါ့မယ်။
- အစိုးရကျောင်း၊ ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင်နှင့် ကျေးလက်ကိုယ့်အားကိုယ်ကိုး ကျောင်းတွေနဲ့ ဘယ်လိုချိတ်ဆက် သွားမှာပါလဲ။ ပညာရေး ဝန်ကြီး ဌာနနဲ့ရော ဘယ်လိုချိတ်ဆက်သွား မှာပါလဲ။
ဒီအစီအစဉ်မှာပါဝင်မယ့် အဖွဲ့ တွေအားလုံးဖြစ်တဲ့ သက်ဆိုင်ရာအစိုးရ အဖွဲ့၊ အစိုးရမဟုတ်သောအဖွဲ့နဲ့ ရပ်ရွာ အဖွဲ့အစည်းတွေနဲ့ပဲ သေချာတိုင်ပင် ဆွေးနွေးသွားမှာပါ။ ဩစတြေးလျက လုပ်တဲ့ အစီအစဉ်တိုင်းကို ပူးပေါင်း ဆောင်ရွက်မှုအပြည့်နဲ့ လုပ်ဆောင်ပါ တယ်။ ဘယ်အစီအစဉ်ကိုမှ တိုင်ပင် ဆွေးနွေးမှုမရှိဘဲ ပူးပေါင်းဆောင်ရွက် မှု အပြည့်မရှိဘဲ မဆောင်ရွက်ပါဘူး။


- ဘယ်လိုဒေသမျိုးတွေကို အဓိကထားအာရုံစိုက်သွားမှာပါလဲ။ ပြည်နယ်နဲ့ တိုင်း၊ တိုင်းရင်းသား နယ်မြေဒေသအတွက် အချိုးအစား ကရော ဘယ်လိုပါလဲ။ ဘယ်ဒေသက 'ကလေးတစ်သန်း' က ဒီအစီအစဉ် ကနေ အကျိုးရလဒ်ရရှိမှာပါလဲ။ ကျန်တဲ့ဒေသက ကလေးတွေအတွက် အစီအစဉ်ရှိပါသလား။
အစီအစဉ်ကို ရေးဆွဲနေဆဲဖြစ်တဲ့ အတွက် အချိုးအစား အတိအကျကို တော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတွေ ကို အဓိကအထောက်အပံ့ပေးသွားမှာ ဖြစ်ပြီး ဒီအစီအစဉ်ကနေ ကလေး တစ်သန်းကျော်ထက် မနည်းကို ပညာရေး အထောက်အပံ့တွေ ပေးသွားနိုင်ဖို့ စီစဉ်ထားပါတယ်။


- ဒီအစီအစဉ်ကနေ ဘာများ မျှော်လင့်ထားပါသလဲ။
အနည်းဆုံး ဒီအချက်တွေ ဖြစ်လာ ဖို့ မျှော်လင့်ထားပါတယ်။ ကလေးပေါင်း တစ်သန်းကျော် ထက်မနည်းပိုကောင်း တဲ့ ပညာရေးရရှိနိုင်ရန်၊ ပြဋ္ဌာန်း စာအုပ်များထောက်ပံ့ခြင်း၊ ဆရာများ အတွက် သင်တန်းများပေးခြင်း၊ ဝေးလံ ခေါင်းပါးတဲ့ ကျောင်းအတွက် စားစရာအကူအညီများပါ ပေးခြင်းတို့နဲ့ ကူညီခြင်း၊ ကလေးများ ဖျားနာခြင်းကို တားဆီးရန် မူလတန်းကျောင်းများတွင် ရေနဲ့ အိမ်သာသန့်ရှင်းရေးအတွက် အကူအညီပေးခြင်း၊အနည်းဆုံး ကလေး ၈၅၀၀၀ ခန့် ကို မူလတန်းအကြိုကျောင်းနေနိုင် အောင် ထောက်ပံ့ပေးခြင်း၊ ကျောင်းအပ် နှံပြီး တစ်နှစ်ပတ်လုံးကျောင်းတက် သည့်ကလေးများအတွက် အိမ်ယူပြန် သွားလို့ရတဲ့ အစားအသောက်များ ပေးခြင်း၊ လေးနှစ်အတွင်း ကလေး တစ် ဒသမ သုံးသန်းအတွက် အစား အသောက်ထောက်ပံ့နိုင်ရန်၊ အာဟာရ ပြည့်ဝစေရန်နှင့် ကျောင်းအပ်နှုန်းတိုး တက်လာစေရေးတို့အတွက် အကူအညီ ပေးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပစ်မှတ်ထားတဲ့ ဒေသတွေမှာ ပညာသင် ကြားရေးနဲ့ ပတ်သက်ပြီး တိုးတက်မှု တွေ၊ စာတတ်မြောက်မှုနှုန်းတွေ တိုးတက်လာဖို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment