Pages

Tuesday, 25 September 2012

သန်လျင် နည်းပညာ တက္ကသိုလ်၌ စာမေး ပွဲမေးခွန်း မှားယွင်း ဝေငှမှု ဖြစ်ပေါ်


သန်လျင် နည်းပညာ တက္ကသိုလ်၌ စာမေး ပွဲမေးခွန်း မှားယွင်း ဝေငှမှု ဖြစ်ပေါ်






သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံမေဂျာ တတိ ယနှစ်မှ ဘာသာရပ် စာမေး ပွဲ တစ်ခု မေးခွန်းမှားယွင်းဝေငှမှု အပေါ် ဖြေဆိုသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရန် စီစဉ်ပေးသွား မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ကျောင်းသားတွေရဲ့ စာမေး ပွဲခန်းကိစ္စမဆိုထားနဲ့ စားမေးပွဲ ဖြေ ဆိုဖို့ လာတဲ့လမ်းကြောင်းတစ် လျှောက်မှာတောင် စိတ်ချမ်းမြေ့စွာ နဲ့ ဖြစ်ဖို့ ကျွန်တော်တို့မှာ အဲ လောက်အထိ တာဝန်ရှိပါတယ်။ ဒါက သူ့ကြောင့်၊ ကိုယ့်ကြောင့် မဟုတ်ပဲ ဌာနတစ်ခုလုံးနဲ့ ဆိုင် သွားပါတယ်''ဟု ၄င်းက ဆက် သွယ်မေးမြန်းမှု အပေါ်ဖြေသည်။ နည်းပညာတက္ကသိုလ် တတိ ယနှစ်ကျောင်းသားတစ်ဦး၏ အဆိုအရ နေ့လည် ၁ နာရီ တွင် ကျောင်းက မေးခွန်းဝေငှရာ မေးခွန်းမှာ ဘာသာရပ်နှင့် မဆိုင်ကြောင်း ကျောင်း သားတို့က ပြောပြ၍ အခန်းစောင့်တာဝန်ရှိသူက တစ်ဆင့်တင်ပြကြရာ ဌာနမှူး ရောက်လာပြီး သူမေးထားသော မေးခွန်းခေါင်းစဉ်တက်ကာ ကိုယ်ရသော အဖြေတို့ကိုသာ ဖြေပါဟု ပြောကြောင်း သိရှိရသည်။
''နောက်တော့ ကျောင်းသား ရေးရာက ဆိုပြီး နေပြည်တော်ကနေ မေးခွန်းလာပါ တယ်ပြောပြီး ၂ နာရီ ၂ဝ မိနစ်ထဲမှာမှ မေးခွန်းအစစ်ကို လာဝေပါတယ်''ဟု ၄င်းက အဖြစ်အပျက်ကို ဆက် ပြောသည်။ ညနေ ၄ နာရီတွင် စာမေးပွဲ ဖြေဆိုမှုပြီးဆုံးမည်ဖြစ်သော်လည်း ရေနံမေဂျာ တတိယနှစ်ကျောင်း သားတို့မှာ အချိန် ၅ နာရီခွဲအထိ ဖြေဆိုချိန်ကို တိုးမြှင့်ပေးခဲ့ ကြောင်းလည်း ကျောင်းသားအများစုထံမှ သိရှိရသည်။ ရေနံမေဂျာကျောင်းသားတို့ မှာ မေးခွန်းပြောင်းသွားမှုကြောင့် ဇဝေဇဝါဖြစ်ကာ အားရကျေနပ်ရသည်အထိ မဖြေဆိုနိုင်ခဲ့ရာ ယင်းကြောင့် စာမေးပွဲရလဒ်အပေါ် ထိခိုက်မှုကို စိုးရိမ်နေကြရသည်။
သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ကျောင်းသားတို့အပေါ်ဖြေဆိုချိန် အပြည့်အဝ ပေးထားမှု ရှိ၊ မရှိအပေါ် စိတ်ပူရကြောင်း၊ သိရှိရသလောက် အပြည့် ပေးထား၍ စိတ်ပူပန်ရမှုလျော့နည်းခဲ့ကြောင်း နှင့် ထိုကဲ့သို့ မေးခွန်းအစုံလိုက် မှားယွင်းဝေငှမှု ဖြစ်စဉ် မရှိခဲ့ပါဟု ပြောသည်။ သန်လျင်နည်းပညာ တက္ကသိုလ်တွင် တတိယနှစ် ရေနံ မေဂျာအဓိကသင်ယူနေသူ စုစုပေါင်း ၄၅ ဦးရှိပြီး၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် ထိုကဲ့သို့ မဖြစ်ခဲ့ဟု စုံစမ်းသိရှိရ သည်။ သန်လျင်နည်းပညာ တက္ကသိုလ်တွင် စက်တင်ဘာ ၂၄ ရက်နေ့ နေ့လည် ၁ နာရီက ရေနံမေဂျာမှ Drilling Engineering(P 3032) ကို စစ်ဆေးရာ ဘာသာရပ်နှင့် မသက်ဆိုင်သည့် မေးခွန်းအား လွဲမှားစွာ ဝေငှဖြေဆိုခိုင်းခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment