Pages

Wednesday, 26 September 2012

သမဂ္ဂအင်္ကျီဝတ်လို့တဲ့.........

Photo: လုပ်ချလိုက်ပြန်ပြီ သမဂ္ဂအင်္ကျီဝတ်လို့တဲ့.........
၂၄.၉.၂၀၁၂
ဒဂုံတက္ကသိုလ်တွင် ဖြေဆိုနေသော စာမေးပွဲ နောက်ဆုံးနေ့......
ယနေ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များသည်
ဋ္ဌာနမှူး ဦး........ ၏  ခေါ်ယူ တွေ့ဆုံမှု ကိုခံခဲ့ရ ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ က စာမေးပွဲဖြေပြီးတိုင်း ကမ္ဘာအေးဘုရားကို သွားနေကြလေ။
ကမ္ဘာအေး ငါးကန်မှာလည်း ငါးစာကျွေးနေကြ။ ဒီနေ့လည်းစာမေးပွဲ
ဖြေပြီးပြီဆိုတော့ ခါတိုင်း နှစ်တွေလိုပဲ သူငယ်ချင်းတွေနဲ့ အတူ
ကမ္ဘာအေး ဘုရားကို သွားကြမလို့၂၁၃ ကားပေါ် တောင်ရောက်နေပြီ။ အဲဒီအချိန်မှာပဲ ကျောင်းလုံခြုံရေးတွေက ကားပေါ်ထိတက်လာကြပြီး
တစ်ယောက်ချင်း လိုက်ကြည့်တယ်။ ပြီးမှ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်း နောက်နှစ်ယောက်ကို သူတို့ပဲ ဆိုပြီး နာမည် နဲ့ ခုံနံပါတ်ကို
မေးတယ်။မင်းတို့နာမည်နဲ့ခုံနံပတ် ပေးရင်ပေး မပေးရင် ရုံးခန်းလိုက် ခဲ့ရမယ်ဆိုပြီး
မာမာထန်ထန် ပြောတယ်။ ငါတို့  ကျောင်းသားသမဂ္ဂ အင်္ကျီ ၀တ်လို့ အမေးခံရတာ ဆိုပြီး ကျွန်တော် သဘောပေါက်လိုက်တယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ သုံးယောက်က
ကျောင်းသားသမဂ္ဂအင်္ကျီဝတ်ထား တာကို။ 
ကျွန်တော်လဲ ချက်ချင်း ဆိုသလို ကျွန်တော်တို့ကို
ဘာကြောင့် ဒီလို မေးမြန်းမှု လုပ်တာလဲ။ ဒီအင်္ကျီဝတ်ထားလို့
လားလို့ မေးလိုက်တယ်။ ကျွန်တော်တို့ကို မေးမြန်းတဲ့
အဲဒီ ကျောင်းလုံခြုံရေး တော်တော်လေး အို့တို့အန်းတန်း
ဖြစ်သွားတယ်။ အင်္ကျီဝတ်ထားလို့ ဆိုတဲ့ အကြောင်း ပြချက်က
မခိုင်လုံဘူးကို။ အဲဒီအချိန်မှာပဲ ကျွန်တော့် သူငယ်ချင်း တစ်ယောက် က
အကို ကျွန်တော်တို့ကို မေးတာတော့ ဟုတ်ပါပြီ။ အကိုက ဘယ်သူလဲ ဆိုတာတော့ ကျွန်တော်တို့ သိသင့်တာပေါ့။ အကိုနာမည် နဲ့
ဘာတာဝန်ယူ ထားလဲ ဆိုတာတော့ ပြောပြပေးပါ။
နောက် ဒါ အကို့ကို ဘယ်သူက တာဝန် ပေးတာလဲ ဆိုပြီး
ပြောလိုက်တယ်။ ကားပေါ်မှာ တခြားကျောင်းသားတွေ ကလည်း
ဝိုင်းကြည့်နေကြတယ်။ သူ အခြေအနေ မကောင်းဘူး လို့သိလို့
လားတော့မသိဘူး။ ကားပေါ်မှာမကောင်းဘူး အောက်ဆင်းခဲ့ကြ
ဆိုပြီး စကား လမ်းကြောင်း လွှဲပြီး ကားအောက်ကို ခေါ်တယ်။
ကျွန်တော်တို့ ကို အကြောင်းမဲ့ ဒီလိုလုပ်တာကို မခံနိုင်ဘူး။
ဒီ ကိစ္စ ရှင်းမယ်ဆိုပြီးတော့ ကားအောက်ရောက်တော့ အကို
ကျွန်တော်တို့ ကဘာလုပ်ရမှာလဲ။ ဘယ်သူနဲ့ လိုက်တွေ့ရမှာ
လဲဆိုပြီး ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းမေးတယ်။
ဒါဆို.......နဲ့လိုက်တွေ့ ဆိုပြီး ပြောတယ်။ ဒီလိုနဲ့ ဋ္ဌာနမှူးနဲ့
လဲတွေ့ ရော မင်းတို့ကို ခေါ်တာဆူဖို့မဟုတ်ဘူး ဆိုပြီးစပြောတယ်။
နောက် မင်းတို့ သမဂ္ဂဖွဲ့တာ ငါတို့သိတယ်။
ဒါပေမယ့် မင်းတို့ကို ဘာပြောလဲ။ မင်းတို့ကို ငါတို့ မတားပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်။ ဒါပေမယ် တရားဝင်
မရသေးတဲ့ အချိန်မှာတော့ ကျောင်းထဲမှာမလုပ်ကြနဲ့ကွာ။ မင်းတို့
လုပ်ချင်ရင် အပြင်မှာ လုပ်တဲ့။ တရားဝင်ရရင် မင်းတို့ကို ငါတို့ကိုယ်တိုင်ကူညီမယ်တဲ့။ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်။ ဆရာကျောင်းသားများသမဂ္ဂဆိုတာ ကျောင်းထဲ မှာပဲ လုပ်လို့
ရတဲ့အလုပ်။ အပြင်မှာ ဘယ်လိုသွားလုပ် မလဲပေါ့။
နောက် ပြောသေးတယ် ငါက ၈၈ ကို ဖြတ်သန်း လာတာပါကွ။
မင်းကိုနိုင်တို့၊ကိုကိုကြီးတို့ ဆိုတာ ငါ့ရှေ့မှာတင် သမဂ္ဂ ဖွဲ့
လာတာတဲ့"ဟု ဖြစ်ပျက်သွား ခဲ့သော အခြေအနေ နဲ့
ပတ်သတ်ပြီး ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် တစ်ဦးမှ ပြည့်ပြည့်စုံစုံ ပြောပြခဲ့သည်။
 
၂၄.၉.၂၀၁၂
ဒဂုံတက္ကသိုလ်တွင် ဖြေဆိုနေသော စာမေးပွဲ နောက်ဆုံးနေ့......
ယနေ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များသည်
ဋ္ဌာနမှူး ဦး........ ၏ ခေါ်ယူ တွေ့ဆုံမှု ကိုခံခဲ့ရ ကြောင်း သိရှိရသည်။
"ကျွန်တော် တို့ က စာမေးပွဲဖြေပြီးတိုင်း ကမ္ဘာအေးဘုရားကို သွားနေကြလေ။
ကမ္ဘာအေး ငါးကန်မှာလည်း ငါးစာကျွေးနေကြ။ ဒီနေ့လည်းစာမေးပွဲ
ဖြေပြီးပြီဆိုတော့ ခါတိုင်း နှစ်တွေလိုပဲ သူငယ်ချင်းတွေနဲ့ အတူ
ကမ္ဘာအေး ဘုရားကို သွားကြမလို့၂၁၃ ကားပေါ် တောင်ရောက်နေပြီ။ အဲဒီအချိန်မှာပဲ ကျောင်းလုံခြုံရေးတွေက ကားပေါ်ထိတက်လာကြပြီး
တစ်ယောက်ချင်း လိုက်ကြည့်တယ်။ ပြီးမှ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်း နောက်နှစ်ယောက်ကို သူတို့ပဲ ဆိုပြီး နာမည် နဲ့ ခုံနံပါတ်ကို
မေးတယ်။မင်းတို့နာမည်နဲ့ခုံနံပတ် ပေးရင်ပေး မပေးရင် ရုံးခန်းလိုက် ခဲ့ရမယ်ဆိုပြီး
မာမာထန်ထန် ပြောတယ်။ ငါတို့ ကျောင်းသားသမဂ္ဂ အင်္ကျီ ၀တ်လို့ အမေးခံရတာ ဆိုပြီး ကျွန်တော် သဘောပေါက်လိုက်တယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ သုံးယောက်က
ကျောင်းသားသမဂ္ဂအင်္ကျီဝတ်ထား တာကို။
ကျွန်တော်လဲ ချက်ချင်း ဆိုသလို ကျွန်တော်တို့ကို
ဘာကြောင့် ဒီလို မေးမြန်းမှု လုပ်တာလဲ။ ဒီအင်္ကျီဝတ်ထားလို့
လားလို့ မေးလိုက်တယ်။ ကျွန်တော်တို့ကို မေးမြန်းတဲ့
အဲဒီ ကျောင်းလုံခြုံရေး တော်တော်လေး အို့တို့အန်းတန်း
ဖြစ်သွားတယ်။ အင်္ကျီဝတ်ထားလို့ ဆိုတဲ့ အကြောင်း ပြချက်က
မခိုင်လုံဘူးကို။ အဲဒီအချိန်မှာပဲ ကျွန်တော့် သူငယ်ချင်း တစ်ယောက် က
အကို ကျွန်တော်တို့ကို မေးတာတော့ ဟုတ်ပါပြီ။ အကိုက ဘယ်သူလဲ ဆိုတာတော့ ကျွန်တော်တို့ သိသင့်တာပေါ့။ အကိုနာမည် နဲ့
ဘာတာဝန်ယူ ထားလဲ ဆိုတာတော့ ပြောပြပေးပါ။
နောက် ဒါ အကို့ကို ဘယ်သူက တာဝန် ပေးတာလဲ ဆိုပြီး
ပြောလိုက်တယ်။ ကားပေါ်မှာ တခြားကျောင်းသားတွေ ကလည်း
ဝိုင်းကြည့်နေကြတယ်။ သူ အခြေအနေ မကောင်းဘူး လို့သိလို့
လားတော့မသိဘူး။ ကားပေါ်မှာမကောင်းဘူး အောက်ဆင်းခဲ့ကြ
ဆိုပြီး စကား လမ်းကြောင်း လွှဲပြီး ကားအောက်ကို ခေါ်တယ်။
ကျွန်တော်တို့ ကို အကြောင်းမဲ့ ဒီလိုလုပ်တာကို မခံနိုင်ဘူး။
ဒီ ကိစ္စ ရှင်းမယ်ဆိုပြီးတော့ ကားအောက်ရောက်တော့ အကို
ကျွန်တော်တို့ ကဘာလုပ်ရမှာလဲ။ ဘယ်သူနဲ့ လိုက်တွေ့ရမှာ
လဲဆိုပြီး ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းမေးတယ်။
ဒါဆို.......နဲ့လိုက်တွေ့ ဆိုပြီး ပြောတယ်။ ဒီလိုနဲ့ ဋ္ဌာနမှူးနဲ့
လဲတွေ့ ရော မင်းတို့ကို ခေါ်တာဆူဖို့မဟုတ်ဘူး ဆိုပြီးစပြောတယ်။
နောက် မင်းတို့ သမဂ္ဂဖွဲ့တာ ငါတို့သိတယ်။
ဒါပေမယ့် မင်းတို့ကို ဘာပြောလဲ။ မင်းတို့ကို ငါတို့ မတားပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်။ ဒါပေမယ် တရားဝင်
မရသေးတဲ့ အချိန်မှာတော့ ကျောင်းထဲမှာမလုပ်ကြနဲ့ကွာ။ မင်းတို့
လုပ်ချင်ရင် အပြင်မှာ လုပ်တဲ့။ တရားဝင်ရရင် မင်းတို့ကို ငါတို့ကိုယ်တိုင်ကူညီမယ်တဲ့။ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်။ ဆရာကျောင်းသားများသမဂ္ဂဆိုတာ ကျောင်းထဲ မှာပဲ လုပ်လို့
ရတဲ့အလုပ်။ အပြင်မှာ ဘယ်လိုသွားလုပ် မလဲပေါ့။
နောက် ပြောသေးတယ် ငါက ၈၈ ကို ဖြတ်သန်း လာတာပါကွ။
မင်းကိုနိုင်တို့၊ကိုကိုကြီးတို့ ဆိုတာ ငါ့ရှေ့မှာတင် သမဂ္ဂ ဖွဲ့
လာတာတဲ့"ဟု ဖြစ်ပျက်သွား ခဲ့သော အခြေအနေ နဲ့
ပတ်သတ်ပြီး ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် တစ်ဦးမှ ပြည့်ပြည့်စုံစုံ ပြောပြခဲ့သည်။

No comments:

Post a Comment