ဝါးခယ်မ စက်မှုလက်မှုသိပ္ပံနှင့်နည်းပညာ ကျောင်းတွင် MP မေဂျာ ဋ္ဌာနမှုးဒေါ်သူဇာဆွေ သည်ဆရာ့ကျင့်ဝတ်နှင့်မညီ ၊ သူနှင့်မပြေလည်သည့် ကျောင်းသားများအား အကြောင်းပြချက်ပေါင်း များစွာတို့ ဖြင့် ကျောင်းခေါ်ချိန် မပေးခြင်း ရသင့်သည့်လပတ်အမှတ်များအားလိုသည်ထက်ပိုလျှော့ခြင်းများပြုလုပ်လျက်ရှိပါသည်
ထိုဆရာမသည် ၀ါးခယ်မ GTCကျောင်းတွင်ကျောင်းခေါ်ချိန်ဖြင့်အထုတ်ခံခဲ့ရသောမောင်သက်အောင်(1GMP-46) အားကျောင်းလာသည့် နေ့ တိုင်းသူမဧ။်အချိန်တိုင်းတွင် ကျောင်းခေါ်ချိန်မပေးခဲ့ပါ။အကြောင်းပြချက်မေးသည့်အခါတွင် ကျောင်းနောက်ကျသောကြောင့်၊စာလိုက်မရေးသောကြောင့်၊စာမရသောကြောင့်၊အိမ်သာ ခဏထွက်သောကြောင့်ဟူသောအကြောင်းပြချက်များစွာတို့ ကြောင့်မပေးခဲ့ပါ။ထိုအကြောင်း တို့ အားကျောင်းအုပ်ဆ၇ာကြီး ဦးမင်းမင်းထွန်း ကိုသွားရောက်အသိပေးခဲ့ဖူးပါသည်။တခါတွင်လည်း FAMILY ဆရာမ ဒေါ်ခင်မာချိုဧ။် အိမ်သို့ သွားရောက်ကာ ဆရာမဒေါ်ခင်မာချို နှင့် အတူ ကျောင်းအုပ်ဆရာကြီး အားသွားရောက်တိုင်တန်းဖူးပါသည်။ သို့ သော်ထိုဆ၇ာမသည် ဆက်လက်ပြီး ထိုသိလုပ်ဆောင်ခဲ့ သည့် မှာကျောင်းသား အထုတ်ခံရသည့် အဖြစ်ပင်ရောက်ရှိခဲ့ရသည် ။ကျောင်းသားတစ်ယောက်ဧ။် တနှစ်တာကျောင်းခေါ်ချိန်ကို တွက်လျှင်ထိုကဲ့ သို့ သော်ဆရာမတယောက်ဧ။် လုပ်ဆောင်မှုကြောင့်ခေါ်ချိန်လျော့ပါက အလွန်ပင်နစ်နာရပါသည်။တပတ်လျှင်သူမဧ။်အချိန်မှာ ၁၅ချိန်ခန့် ရှိပါသည်။သူမဧ။်အချိန်၁၅ခ်ျိန်တွင်၈ချိန်ခန့်  မပေးလျှင်ပင်အထုတ်ခံရရန် ၆၀ရာနှုန်းခန့် သေချာနေပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းထွန်းမှာလည်း ကျောင်းသားဧ။် တိုင်တန်းမှုအပေါ်တွင်ခေါ်ယူ ဆုံးမခြင်း မရှိခဲ့ ပါဟုသိရှိရပါသည်။ ယခုအဖြစ်အပျက်တို့ အား သုံးသပ်ရပါက ကျောင်းအုပ်ဆ၇ာကြီး ဧ။်စေခိုင်းမှုကြောင့် ထိုဆ၇ာမ ယခုကဲ့သို့ ပြုလုပ်ခြင်းလားဟုပင်သံသယ၀င်မိပါသည်။ ထို့ အပြင်ဒေါ်သူဇာဆွေမှာလည်း ယမန်နှစ်က ၀ါးခယ်မဗကသ ဥက္ကဋ္ဌ ကိုရဲလင်း နှင့်မောင်သက်အောင်အပါအ၀င် သုံးဦးအားကျူရှင် ပြပေးဖူးပါသည်။ ယခုနှစ်တွင်တော့ သူမထံတွင် ကျူရှင်မတက်ဖြစ်တော့ပါ။ ထို့ ကြောင့်ပင်ယခုလိုလုပ်ဆောင်ခြင်းလားဟုထင်မြင်မိပါသည်။ ဗကသ ဥက္ကဋ္ဌကိုရဲလင်း သည်လည်းသူမဧ။်E-Mech ဘာသာရပ်ကိုနားမလည်သောကြောင့်သွားရောက်မေးခြင်းကို သူမထံတွင်ကျူရှင်မတက်ဘဲသွားရောက်မေး ခြင်းကို စိတ်မရှည်သောအမူအယာဖြင့်ပြုလုပ်ခြင်းကြောင့် ထိုကျောင်းသားမှာပြန်လာခဲ့ ရသည်။ထိုနည်းတူ သင်္ချာသင်သော ဒေါ်သူဇာမှာလည်း မောင်သက်အောင် ဧ။်သင်္ချာအမှတ်မှာဖြေနိုင်ခဲ့ သော်လည်း (0)သုညမှတ် ရနေသောကြောင့် ဒေါ်သူဇာကျူရှင်သင်သောဝိုင်းတွင် သွားရောက်ပြောသောအခါ နောက်နေ့ ကျောင်းတက်ချိန်ရုံးခန်း သို့ လာရောက်ရန် ချိန်းခဲ့ပါသည်။နောက်တနေ့  တွင်ဒေါ်သူဇာချိန်းသည့် အတိုင်းသွားရာက်သောအခါ မောင်သက်အောင် သည်အမှတ်အတော်အသင့် ပင်ရနေသည်ကိုတွေ့ ရှိခဲ့ရသည်။ ထို့ ကြောင့်မောင်သက်အောင်ဧ။် ကျောင်းထုတ်ခံရခြင်းအကြောင်းမှာ လုံးဝမျှတမှုမရှိပါ။ကျောင်းအုပ်ဆရာကြီးမှာလည်း ပထမနှစ်ဝက်တွင်ကျောင်းလုံးဝမတက်ဘဲ စာမေးပွဲသာလာရောက်ဖြေခဲ့သော ကျောင်းသူတယောက်အား ဒုတိယနှစ်ဝက်ဖြေဆိုခွင့်ပေးခဲ့ပါသည်။ထိုအကြောင်းအရာဧ။်နောက်ကွယ်တွင် လာဘ်ပေးလာဘ် ယူမှုများသေချာပေါက်ရှိနေပါသည် ။မောင်သက်အောင် ကျောင်းထုတ်ခံရစဉ်ကျောင်းခေါ်ချိန်မှာ(၆၉%)ရှိပါသည်။ထိုကျောင်းသူ မှာဒုတိယနှစ်ဝက် အပြည့် တက်မည်ဆိုလျှင်ပင် (၅၀%) တောင်မရှိနိုင်ပါ။ထို့ ကြောင့် ထိုအကြောင်းအရာမှာလုံးဝ မဖြစ်သင့် သည့် ကိစ္စပင် ဖြစ်ပါ ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးထံသို့  အသိပေးတိုင်ကြားအပ်ပါသည်။ ဒသမတန်းမှစာကြိုးစားသင်ယူကာ ကျောင်းသားတဦးတွင် ပြည့် မီသောအရည်အချင်းရှိပါလျက်နှင့် ကျောင်းခေါ်ချိန်ကြောင့်ဆုံးရှုံးနစ်နာခဲ့ရသော ကျောင်းသား၊ကျောင်းသူများအား စာနာထောက်ထားပေးပါရန်လေးစားစွာ တင်ပြအပ်ပါသည်။

No comments:
Post a Comment