Pages

Wednesday, 24 October 2012

အခြေခံပညာအထက်တန်းအဆင့်သချာင်္နှင့်သိပ္ပံဘာသာရပ်များကို မြန်မာဘာသာပြောင်းရန်ဆွေးနွေးနေ

 အခြေခံပညာအထက်တန်းအဆင့်တွင် သချာင်္ ဘာသာရပ်အပါအ၀င် ဓာတုဗေဒ၊ ရှုပဗေဒ ၊ နှင့် ဇီဝဗေဒစသည့် သိပ္ပံဘာသာရပ်များအား မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားရန် ဆွေးနွေးမှုများ ရှိနေကြောင်း အခြေခံပညာရေး အသိုင်းအ၀န်းမှ စုံစမ်းသိရပါသည်။

အဆိုပါ ဘာသာရပ်များအား အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခြင်းမှ မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားရန်အတွက် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြည်တွင်းရှိ လူမူရေးအဖွဲ့အစည်းများပါဝင်သော နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးဆွေးနွေးပွ္ပဲတွင် ယင်းကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ပွဲသို့ တက်ရောက်ခဲ့သည့် အန်ဂျီအိုတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
' ဆွေးနွေးပွဲမှာက အခြေခံပညာအထက်တန်းအဆင့်မှာ သင်နေတဲ့ သချာင်္အပါအ၀င် သိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ်လိုကနေ မြန်မာလို ပြောင်းသင်ဖို့ဆွေးနွေးကြတာပါ။ ဒီလို ပြောင်းလဲ သင်မှုဟာ မြန်မာကျောင်းသားတွေ အနေနဲ့ ဒီဘာသာရပ်တွေမှာ ထဲထဲဝင်ဝင် သိရှိနားလည်ပြီး မြန်မာ့ ပညာရေးတိုးတက်မှုမှာ အထောက်အကူဖြစ်စေမယ်မယ်လို့ ယူဆပြီး ရည်ရွယ်ဆွေးနွေးနေကြပေမယ့် တကယ်တော့ ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။ မြန်မာတွေ အများကြီး ခေတ်နောက်ကျကျန်သွားမှာပါ။ ပြီးတော့ တက္ကသိုလ်ပညာရေးမှာ အဲဒီဘာသာရပ်အားလုံးက အင်္ဂလိပ်လို သင်ရတာ ဖြစ်တဲ့အပြင် နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံဖို့ကလည်း အင်္ဂလိပ်လိုပဲ ဖြစ်သင့်တယ်' ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူက ပြောပြသည်။
အဆိုပါ ဘာသာရပ်များကို ၁၉၇၄ ခုနှစ်ဝန်းကျင်မှာ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့လည်းေုကာင်း၊ ၁၉၈၅ ခုနှစ်ဝန်းကျင်မှာ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့လည်းကောင်း ပြောင်းလဲသင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
'ဒီဘာသာရပ်တွေကို အင်္ဂလိပ်နဲ့ သင်ကြားမှုကနေ မြန်မာဘာသာနဲ့ ပြောင်းလဲသင်ကြားဖို့အတွက်က ဆွေးနွေးဆဲ၊ လျာထားနေဆဲ အဆင့် ဖြစ်ပါတယ်။ မြန်မာလိုပြောင်းလဲသင်ကြားဖို့အတွက်ကတော့ အတည်မပြုရသေးပါဘူး ' ဟု နေပြည်တော်ရှိ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆိုပါသည်။
'ဆရာတို့ခေတ်တုန်းကလည်း ဒီဘာသာရပ်တွေကို မြန်မာလိုသင်ခဲ့ရတာပါ။ တက္ကသိုလ်ရောက်တော့ ဒီဘာသာရပ်တွေကို  အင်္ဂလိပ်လို သင်ရတယ်။ မြန်မာလို သင်ခဲ့တာကနေ အင်္ဂလိပ်လို ဆက်သင်ရတော့ ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ ပြသနာတွေ ဖြစ်ရတယ်။ အခု တက်ရောက်နေတဲ့ ကလေးတွေမှာလည်း ဘာသာစကားကျွမ်းကျင်မှုပြသနာတွေ ဖြစ်ကုန်ရတာပေါ့။ သိပ္ပံဘာသာရပ်တွေကို မြန်မာလိုသင်ရမယ် ဆိုတော့ သိပ္ပံဝေါဟာရတွေ အားလုံးရဲ့ ဝေါဟာရအားလုံးက အင်္ဂလိပ်လိုချည်းပဲ။ တချို့ဆို မြန်မာလို ဘာသာပြန်ဖို့၊ မြန်မာမှုပြုဖို့ဆိုတာဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်စပ်နိုင်တဲ့ အရည်အသွေးရှိဖို့ဆိုရင် ကလေးတွေဟာ အင်္ဂလိပ်စာတိုးတက်ဖို့ လိုအပ်ပါတယ်။ မြန်မာ့ပညာရေးတိုးတက်ဖို့အတွက် ဒီဘာသာရပ်တွေကို မြန်မာလိုပြောင်းပြီး သင်မယ်ဆို လုံးဝလက်မခံပါဘူး။ ခေတ်အဆက်ဆက်ကလည်း ဒီဘာသာရပ်တွေကို မြန်မာလိုပြောင်းသင်ခဲ့လို့ အကျိုးရှိ ခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး' ဟု learners Choice မှ ဒေါက်တာစိုးဝင်းဦး( Dr.Bio)က သုံးသပ်ပြောပြခဲ့ပါတယ်။
အောက်တိုဘာ ၁၉ Bi weekly eleven မှ

No comments:

Post a Comment