Pages

Monday, 22 October 2012

ကျောင်းပြန် ဖွင့် ရန် မူလတန်း ကလေးငယ်များ ငိုယိုပြီး ဆန္ဒပြ


535686_291029184346777_1811178466_n
HKT စစ်ကိုင်းတိုင်း ၊ မုံရွာ ခရိုင် လက်ပံတောင်း တောင် ကြေး နီစီမံ ကိန်း ဒေသ က မူလတန်း ကလေး
ငယ် ၁၀၀ ကျော် ဟာ ၀ှက်မှေး ကျွေး ရွာ မှ စုပြီး ရပ် ဆိုင်း ရေး နှင့် ကျောင်းများ ပြန် လည် ဖွင့်လှစ်ရေး
အတွက် မူလတန်း ကလေး ငယ်များ  တနင်္ဂနွေ နေ က ဆန္ဒပြ ကြသည် ဟု  သတင်း ရရှိသည်။

ဆန္ဒပြ ပွဲ တွင် ကလေးများ က ဖိုးဖိုး ဦးသိန်းစိန် ကယ်ပါ။ ဖွား ဖွား ဒေါ်အောင် ဆန်းစုကြည် ကယ်ပါ..
သား တို့  ကျောင်း ပြန် တက် ချက် တယ်။ ကြေးနီမိုင်း ရပ် ပေး ပါ၊  ဟု ကြွေးကျော် အော်ဟစ် ခဲ့ ကြသည်
ဟု ၀က် မှေး ရွာ သူ မအေးအေး ၀င်း က FNG ကို ပြောသည်။
ကလေး ငယ်များ သည် စက္ကူကဒ် ထူ ကဒ် ပြား ပေါ် တွင် လည်း ၎င်း တို့  ၏ ဆန္ဒ ကို ထုတ်ဖော် ရေး
သား မှု များ ပြု ကာ ဆိုင်းဘုတ်များ ကိုင်ဆောင် တောင်း ဆိုမှု ပြု ခဲ့ သည်။
သီတင်း တစ်ပတ် အတွင်း ၀ှက်မှေး ၊ ဇီးတော ၊ တုန် ရွာ စသည့် ဒေသများ တွင် ဒုတိယ အကြိမ် ဆန္ဒ
ပြမှု ဖြစ် ပြီး ပြီး ခဲ့ သည့် အပတ် တနင်္လာနေ့ က ထိုဒေသ ရှိ ကျေးရွာ များ မှ ပြည်သူများ မှာ သုသာန်
များ တွင် သေသူ များ က ကျန် ရစ်သူ များ ကို သတိပေး ဟန် သရုပ်ဖော် ကာ ကြေးစင်တောင် နှင့် လက်
ပံတောင်းတောင် များ ကို စောင့်ရှောက် ကြရန် နှိုးဆော် သတိပေး သည့် သရုပ်ဖော် ဆန္ဒပြ မှု ကို ပြု
လုပ် ကြသည်။
ထိုဒေသ တွင် မူလတန်း ကျောင်း နှစ်ခု သာ ရှိ ပြီး ဆန္ဒပြ မှု များ ကြောင့်  ပိတ်ထား သည်  မှာ တစ်လ
ကျော်ကြာ မြင့် ပြီ ဟု သိရသည်။
ဝက်မှေး ကျေးရွာ က တတိယတန်း ကျောင်း သား မောင်သီဟဦး က ဆားလင်းကြီး က ရဲတွေ က နင်တို့ 
အဖေ ၊ အမေ တွေ ဆန္ဒပြ လို့  ခုလို ပိတ်ထားတာ ကျောင်းဖွင့် ချင် ရင် မိဘ ကို ဆန္ဒမပြ ဖို့  ပြောလို့  သား
ကို ပြော တယ် ဟု FNG ကို ပြောသည်။
Feature Photo Credit – Aye Mar

No comments:

Post a Comment