Pages

Friday, 19 October 2012

တချိန်တုန်းက တက္ကသိုလ်



by San Yu on Monday, October 1, 2012 at 4:05am ·

မိဘတွေရဲ့ အမျှော်အမြင်ရှိမှုကို ခဏခဏကျေးဇူးတင်မိတယ်။. ဆယ်တန်းအောင်တော့အများက အဝေးသင်တက္ကသိုလ် တက်ပြီး အလုပ်လုပ်ဖို့ အကြံပေးကြတယ်။ မိဘတွေကတော့. ဗဟုသုတရှိအောင် အမြင်ကျယ်အောင်ဆိုပြီး တက္ကသိုလ် ကိုပို့ ပြီးသူတို့ ရဲ့ ချွေးနည်းစာနဲ ကျောင်းထားခဲ့တယ်။
၈တန်းအောင်တုန်းကလည်း ဘောဂဗေဒဘာသာအတွက်ကိုရည်ရွယ်ပြီး. Arts ဘာသာတွဲကိုယူစေခဲ့ တယ်!!
ဒီလိုနဲ စီးပွားရေး တက္ကသိုလ် ရောက်ပြီး. ထိုမှတဆင့်. International University of Japan မှာ ADB scholar အနေဖြင့်ပညာသင်ယူခွင့်ရခဲ့ပါတယ်!!!
အခုမျှဝေချင်တာ က အဲလိုနိုင်ငံတကာကျောင်းတွေရဲ့  နေထိုင်မှုပုံစံ။စာသင်ကြား သင်ယူမှု။ စာမေးပွဲစနစ်တွေပဲဖြစ်ပါတယ်။။

နိုင်ငံတကာကျောင်းအားလုံးတထပ်တည်းမတူနိုင်ပေမယ့် လွတ်လပ်စွာရပ်တည်မှုတော့အသေအချာတူပါလိမ့်မယ်။
တကယ့်ထိပ်တန်းနိုင်ငံတကာကျောင်းတွေတက်ဖူးတဲ့မြန်မာနိုင်ငံသားတွေအများကြီးပါ။
ကျွန်တော်ကတော့ နိုင်ငံတကာ တက္ကသိုလ်သို့ တက်ရောက်ချင်သူ , တက်ရောက်မည့်သူများအတွက်ရည်ရွယ်ပြီး ဝေမျှပါတယ်။။အနည်းဆုံးတော့ ကျွန်တော့်သား အတွက်ရည်ရွယ်ပါတယ်။
ကျွန်တော်တို့  ဒီကျောင်းမတက်ခင်မှာပဲ ကျောင်းရဲ့ တည်နေပုံ။အဆောက်အဦး။ မြေပုံ၊မိမိနေရမည့်အခန်း၊အခန်းရဲ့ ဖုန်းနံပါတ် စသဖြင့် အသေးစိတ်ကြိုတင် အကြောင်းကြားပါတယ်။ Narita လေဆိပ်ရောက်ရင်ပဲအဲဒီလမ်းညွှန်စာအုပ်အစိမ်းရောင်လေးကိုလက်ကထုတ်ကိုင်ရုံဖြင့် မိမိနဲ့ အတူ တက်မယ့် ကျောင်းသား/သူ တို့ တစ်ဦးနှင့်တစ်ဦး အလွယ်တကူသိမြင်မိတ်ဆက်ပြီးကျောင်းကို အတူသွားနိုင် ကြပါတယ်။။အဲလိုပြုလုပ်နိုင်ရန်ကျောင်းမှ ထိုစာအုပ်ကိုလေဆိပ်တွင်ထုတ်ကိုင်ပေးကြဖို့ ကြိုတင်အကြောင်းကြားထားပါတယ်။
အဲဒီနည်းနဲ့ ကျွန်တော်တော့ ကနေဒီယန်လူမည်း မလေးနဲ့ စတွေ့ ပြီးသူငယ်ချင်းဖြစ်ကြပါတယ်။နောက်မှသိရတာကအခြားကျောင်းသားများလည်းထိုသို့တွေ့ ကြကြောင်းပြန် ပြောကြပါတယ်။
လေဆိပ်မှမည်သည့်ရထားစီးရမည် ရထားခမည်မျှကုန်ကျမည်ကိုလည်း ကြိုတင်လမ်းညွှန်ပေးထားပါသည်။ ဤသို့ ဖြင့်. ကျည်ဆံရထား စီးပြီး ကျွန်တော်တို့ ကျောင်းရှိသောဘူတာတွင်ဆင်းကာ ကျောင်းမှ ပြေးဆွဲပေးသော ( ဘူတာ-ကျောင်း) free bus ဖြင့် ကျောင်းသို့ လာခဲ့ကြပါသည်။ ထို ဘစ်ကားသည်လည်း သူ့အချိန်ဖြင့်သူ သတ်မှတ်ထားသောအချိန်ဇယားအတိုင်းအတိအကျပြေးဆွဲပါသည်။
ကျောင်းသို့  ရောက်ရှိသွားသောအခါ House keeper ရဲ့  office ကိုသွားပြီး လိုအပ်တဲ့ Form များကိုဖြည့် ကာမီနစ်ပိုင်းအတွင်း မှာပင်ကျွန်တော်နေထိုင်ရမည့် အခန်း သို့ သွားကာတံခါးဖွင့် လိုက်စဉ်မှာပဲ အလွန်သန့် ရှင်းပြီး. သပ်ရပ် စနစ်ကျသောအခန်း ကို တွေ့ ရပါသည်။ စားရေးစားပွဲ။ထိုင်ခုံ။အဝတ်ဘီရို။ တယ်လီဖုန်း။အင်တာနက် ကေဘလ်အတွက် ပလပ်ပေါက်။သန့်ရှင်းသပ်ရပ်သောရေချိုခန်း အိမ်သာ။ကုတင် ။မွေ့ ရာ။ခေါင်းအုံး။ဆောင်အစရှိသည်တို့ ကို. ပြင်ဆင်ပေးထားပါသည်။ကျွန်တော့်အခန်းရှေ့ တွင်လည်း ကျွန်တော့်နာမည်ကို တပ်ထားပေးပါသည်။ကောင်းမွန်သော Delivery system ကြောင့် ကျွန်တော်နှင့်အတူအလေးခံပြီးမသယ်ချင်သော လေဆိပ်မှ delivery systemဖြင့် ပို့ လိုက်သည့်luggage ကအခန်းထဲတွင်စောင့်နေပေသည်။
ဤနေရာတွင် ထူးခြားသည်မှာလေဆိပ်ဝန်ထမ်း။ရထားဝန်ထမ်း။ကျောင်းရှိဝန်ထမ်း အားလုံး အားလုံးသောလူတွေကပြုံး ပြီးယဉ်ကျေးစွာလူတိုင်းကိုဆက်ဆံနေကြသည်။
ကျွန်တော်တို့ အဆောင်မှ ၆ထပ်အဆောက်အဦးဖြစ်ပြီး ဓါတ်လှေခါးတပ်ဆင်ထားကာ အထပ်တိုင်းတွင် မိတ်ဆွေများတွေ့ ဆုံစကားပြောရန်. Lounge များထားရှိပြီး မီး သတ်ဆေးဘူး များလည်း ထားပေးထားပါတယ်။ အခန်းတိုင်းရဲ့ တံခါးတွေမှာအဆောက်အဦးရဲ့ ပုံစံကိုကပ်ပေးထားပြီး အရေးပေါ်ထွက်ပေါ်အတွက်လမ်းညွှန်ပေးထားပါသည်။
အဆောင်ရဲ့ မြေညီထပ်မှာ မီးဖိုခန်း ။အဝတ်လျှော်စက် ( ကွိုင်ထည့်၍အဝတ်လျှော်သည့်စက်), သန့် ရှင်းသောအိမ်သာ။ထမင်းစားခန်း။ ကျယ်ဝန်းသန့် ရှင်းသော. Lounge. ( အမှိုက်ဖွိပါကမိမိဘာသာတာဝန်ယူပြန်ရှင်းရပါသည်)။
မီးဖိုခန်း။အိမ်သာစသည်တို့ ကိုဖြင့်သန့် ရှင်းရေးဝန်ထမ်းများမှတာဝန်ကျေပွန်စွာတနေ့ နှစ်ကြိမ် သန့် ရှင်းရေးလုပ်ပါသည်။အမှိုက်များ စနစ်တကျပစ်နိုင်ရန်လည်းစီစဉ်ပေးထားပါသည်။
ကွိုင်ထည့်၍အဝတ်ခြောက်ခံနိင်သောစက်ကိုမသုံးချင်ပါက အဆောက်အဦးအမိုးပေါ်တွင်အဝတ်လှမ်းနိုင်ရန် စီစဉ်ပေးထားပါသည်။ကျွန်တော်တို့ အသုံးပြုသောကျောင်းမှစီစဉ်ပေးထားသည့် အိပ်ရာခင်း။ဆောင် အတွက်စွတ်ရန်အဝတ်။ခေါင်းအုံးစွတ်စသည်တို့ ကိုအပတ်စဉ်လာရောက်လဲလှယ်ပေးပါသည်။ မှန်တံခါးသန့် ရှင်းရေးကိုလည်း သုံးလတစ်ကြိမ် လာရောက်တိုက်ချွတ်သန့်ရှင်းပေးပါသည်။အခန်းထဲရှိ မီး ဘေးအတွက်ထားသော Alarm ကိုလည်းအလုပ်, လုပ် မလုပ်ကိုသုံးလတစ်ကြိမ်လာရောက်စစ်ဆေးပါသည်။
****
အဆောင်ရှိမီးချောင်းမီးလုံးများကျွမ်းတာတစ်ခါမှမတွေ့ ဖူးပါ။အဘယ်ကြောင့်ဆိုသော်. မီး လုံး\ဖန်ချောင်းကျွမ်းလျှင်ချက်ခြင်းပြန်လည်တပ်ဆင်ပေးကြပါသည်။ ထို့သို့ ပြုလုပ်နိုင်ခြင်းမှာကျောင်းမှတာဝန်ကျ အစောင့်များသည်နေပူပူ။မိုးရွာရွာ။နှင်းပဲကျကျနေ့စဉ်အချိန်မှန်လှည့်လည်စောင့်ကြည့်ပေး သောအလုပ်ကို ပြုံးရွှင်ကျေနပ်စွာလုပ်နေကြသောကြောင့် ဖြစ်ပါသည်။နောက်ပိုင်းတွင် အဆောင်ရှိအထပ်တိုင်းအတွက်. ကျောင်းသားထဲမှကိုယ်စားလှည်များခန့် ထားပေးပြီး သက်ဆိုင်ရာအထပ်ရှိကျောင်းသားတွေရဲ့ ကျန်းမားရေး။အရေးပေါ်ကိတ်စများအတွက်တာဝန်ယူပေးကြရပါသည်။
Quiet policy ကိုအလွန်အလေးထားပြီး ည၁၂:၀၀ကျော်ပါက ဆူညံမှု လုံးဝလုပ်ခွင့်မရှိတော့ပါ။ ဘီယာ။အအေး။ကော်ဖီ။အာလူးကြော်။ခေါက်စွဲ စသည်တို့ ကိုလည်းအချိန်မရွေးအလွယ်တကူဝယ်နိုင်ရန်အဆောင်မြေညီထပ်တွင် Vending Machine တွေစောင့်ကြိုနေပါသည်။
ကျောင်းမတက်ခင်တွင် ကျောင်းအကြောင်း။စည်းမျည်းစည်းကမ်းစသည်တို့ ကိုရှင်းလင်းစွာသိနိုင်စေရန် Orientation များစွာကိုတက်ရောက်ရပါသည်။
Gym အသုံးပြုရာတွင်လိုက်နာရမည့်စည်းကမ်းတွေလည်းနာယူကြရတာအမောပါပဲ။
Library အသုံးပြုတတ်စေရန်လည်း ရှင်းလင်း ပြပြီး Library tour ကိုအုပ်စုလိုက်ပါဝင် ကြတာပေါ့!
ကျောင်းမဖွင့်ခင်.မီးဘေးအတွက် ကြိုတင်လေ့ကျင့် မှု မြေငလျင်အတွက်. ကြိုတင်လေ့ကျင့်မှုများ ကိုလည်း မလွတ် တမ်းဝင် နွှဲ ကြတာလည်းပျော်စရာ တစ်မျိုးကောင်းနေပြန်တယ်။
ကျောင်းသားသစ်တွေအတွက်. Welcome Ceremony ကလည်း ဂုဏ်ယူစရာကောင်းလှတာပေါ့။
အဖေတို့  ကျောင်းသားအသစ်တွေအတွက် ကြိုဆိုပွဲကို အားကစားရုံရဲ့  ပထမထပ် မှာ လုပ် ပေးတယ်။. အဲဒီပထမထပ်က ရုံတွင်းဘောလုံး၊ဘာစကတ်ဘော၊ဘော်လီဘော၊တင်းနစ်၊ကြက်တောင် စတဲ့ အားကစားမျိုးစုံကစားလို.့ ရအောင် ဖန်တီး ထားတဲ့ နေရာပေါ့။မြေငလျင် လှုပ်ရင်လည်း စုရပ်တစ်ခုပေါ့။
အခန်းအနားမှူး လုပ်တဲ့  အင်္ဂလိပ်လူမျိုး. Professor Smith က အစီအစဉ်တွေဖတ်ပြပြီး အစဉ်လိုက် နှုတ်ဆက်စကားတွေချွေကြတာပေါ့သားရေ။. အဲဒီမှာကျောင်းမှာရှိတဲ့  Professor တယောက်ချင်းစီ ကိုလည်း မိတ်ဆက်ပေးပါတယ်။ ပြီးတော့အဖေတို့ ကျောင်းသားတွေအလှည့်ပေါ့. အခန်းအနားမှူးက. တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး နိုင်ငံအမည်နဲ့ နှုတ်ဆက်တာဂုဏ်ယူ စရာကောင်းလှတယ်။ ဥပမာ အဖေဆိုပါတော့. Mr .San Yu Aung..... From Myanmar......လို.့ ဆိုရင်. မတ်တပ်ရပ်ပြီး အားလုံးကိုလက်ဝှေ့ရမ်းနှုတ်ဆက်ပြရပါတယ်။အားလုံးကလည်းလက်ခုပ်တီးပြီး ကြိုဆိုကြတယ်။ အဲဒီအချိန်တုန်းက အဖေရဲ့ အဖေနဲ့ အမေကိုအရမ်းသတိရမိတယ်....သူတို့ သာအနားမှာရှိရင် ဘယ်လောက်ဝမ်းသာဂုဏ်ယူလိုက်လေမလဲသားရေ!!!!(မင်းအတွက်လည်းတနေ့ တော့ အဖေဂုဏ်ယူရမယ်လို့ ယုံကြည်ပါတယ်)
အဲဒါတွေပြီးတဲ့နောက်. ကျောင်းဖွင့်ရက်တွေစတင်တဲ့ အခါ မှာတော့သက်ဆိုင်ရာ Program အလိုက်ဆရာတွေကသူတို့ သင်တဲ့ ဘာသာရပ်တွေအကြောင်း. Specialization တွေအကြောင်းတစ်ဦးချင်းစီကသူ့ အချိန်လိုက်ရှင်းပြကြတယ်။ အဲဒါဟာကျောင်းသားတွေအတွက်. မဟာဘွဲ့ စာတမ်း ရေးဖို့  မိမိရဲ့  supervisor ရွေး ချယ်ဆုံးဖြတ်ဖို့  အကောင်းဆုံးအခွင့်အရေးပေါ့။
ပထမနှစ်ကျောင်းသားတွေအတွက်တော့မယူမနေရ core courses တွေ. ရှိတဲ့ အပြင် မိမိကြိုက်တဲ့ဘာသာရပ်တွေကိုလည်း ယူ လို့ ရပါတယ်. ။ Elective course လို့ ခေါ်တာပေါ့သားရေ။. ယူချင်သလောက်ယူခွင့်တော့မပြုပါဘူး. ကျောင်းသားမနိုင်မနင်းဖြစ်မှာစိုးလို့ ပါ။ Term တစ်ခုမှာအများဆုံး. 13 credits ပဲယူခွင့်ရှိပါတယ်။တကယ်တော့ အဖေယူခဲ့တဲ့  9. Credits ကတောင်အတော်ပင်ပန်းလှပါပြီ။
ဒီနေရာမှာ credit ဆိုတာတွေက. ဘာသာရပ်တွေမှာသတ်မှတ်ခေါ်ဝေါ်တာပါ။ဥပမာ Macroeconomics Policy Analysis ဆိုရင် 2 credits ရှိတယ်။
အဖေယူခဲ့ တဲ့ International Development Program ကအနည်းဆုံး 44 credits and Master thesis ပြီးမှ ဘွဲ့ ရပါတယ်။၂နှစ်အတွင်းအပြီး သင်ယူ. ရတာပေါ့။
Elective courses တွေယူဖို့ ဆိုရင် ကျောင်းရဲ့ website ကနေ course description တွေဖတ်လို့ ရသလို ကိုယ်တိုင်သူတို့ အတန်းတွေမှာလိုက်တက်ပြီး. လေ့လာလို့ ရပါတယ်။
Course registration deadline အမီ လေ့လာဆုံးဖြတ်ပြီးယူလို့ ရပါတယ်။။ ယူပြီးမှမကြိုက်တော့ရင်လည်း သတ်မှတ်ရက်အတွင်း withdraw လုပ်လို.့ ရပြန်ပါတယ်။။ အဖေပြောတဲ့ လွတ်လပ်စွာရပ်တည်မှုတွေပေါ့!
ခုနပြောတဲ့  course description မှာ ဘာသာရပ်အကြောင်းအပြင် စစ်မဲ့စာမေးပွဲစနစ်။ grade ပေးပုံတွေကိုလည်းတစ်ပါတည်းဖေါ်ပြထားတယ်။
စာမေးပွဲစနစ် ၊grade ပေးပုံတွေဖေါ်ပြပေးထားပေးမယ့်. အတန်း တက်ပြီးမှကျောင်းသားအများစုသဘောတူညီချက်နဲ့ လည်း စာမေးပွဲစစ်တဲ့ စနစ်ကိုပြန်ပြင်နိုင်ပါသေးတယ်။
အဖေတို့ တက်ရမယ့် အတန်းတွေရဲ့  အချိန်ဇယားတွေကို အွန်လိုင်းကနေထုတ်ပြန်ပေးထားတယ်! ဆရာတွေက အချိန်အတိအကျလာ ပါတယ်။အရေးပေါ်ကြောင့်ပျက်ကွက်တယ်ဆိုတာတစ်ခါမှမကြုံဘူး ခဲ့ဘူးသားရေ။
တကယ်လို.့ ပျက်ကွယ်မယ်ဆိုရင်. လည်း ကြိုတင်အကြောင်းကြားလေ့ရှိပြီး။. အာလုံးအဆင်ပြေမယ့်အချိန် ကိုညှိပြီး ပျက်ကွက်ချိန်အတွက်ပြန် ယူပေးကြတယ်။. တစ်ခါတစ်လေ အတန်းတွေ က ည၁၂ ထိုးမှပြီးတာမျိုးတွေရှိတတ်တယ်။
စာသင်ပြီဆိုရင်တော့ဆရာတွေက ပါဝါပွိုင့်ဆလိုက်တွေသုံးလေ့ရှိသလို ကျောက်သင်ပုန်းမှာလည်း ရေးပြီးသင်ကြတယ်။
ဆရာတွေအမြဲပြောတာက.အကြောင်းအရာတစ်ပိုင်းပြီးတိုင်း ( any questions , comments?) အဲဒီအချိန်ကျောင်းသားတွေက ကြိုက်တာကိုဆွေးနွေးငြင်းခုန်နိုင်ပါတယ်။( အဖေကတော့ အစပိုင်း နည်းနည်းလွယ်တုန်းက. ဆွေးနွေးနိုင်ပေမယ့် နောက်ပိုင်း ခက်လာတဲ့ အခါ ဆရာတွေပြောတာကိုတောင်မနည်းနားလည်အောင်ကြိုးစားခဲ့ ရတယ်)

တချို့ကျောင်းသားတွေကတော့ဆရာချွေးပြန်အောင်တောင်မေးနိုင်ကြတယ် .. သူတို့ ကတော့တရုတ်၊သီရိလင်္ကာ။ပါကစ်စတန် ၊ဗီယက်နမ်စတဲ့နိုင်ငံတွေကပေါ့။
ဆရာတွေကအခန်းထဲမှာစာမေးခဲတယ် ။ ဆရာတစ်ယောက်ကတော့ သူ့အချိန်တိုင်းမေးတယ် လူတိုင်းကိုလိုက်ကြည့်ပြီးမေးတာသားရေ။ ပုန်းနေလို့ မရဘူး။ သူကကြိုပြောထားတယ် သူမေးတာမသိရင်သူ့ ကိုပြုံးပြတဲ့ သူ တစ်ခြားတစ်ယောက်ကို ဆက်မေးမယ်တဲ့ ... အဲတော့သူ့ အတန်းကစာမေးပေမယ့် ပျော်စရာအမြဲကောင်းပါတယ်။

စာသင်ခန်းတွေမှာက class participation ကိုအရမ်းဦးစားပေးတယ်လေ..... တချို့ဆရာတွေကတော့ အတန်းမစခင် ဒါမှမဟုတ် အတန်းပြီးခါးနီးတာ့နဲ့  Quiz မေးလေ့ရှိတယ်
ဒီနေရာမှာဆရာတွေရဲ့ ဝတ်စားဆင်ယဉ်မှုကိုပြောရရင် အလွန် freedom ဖြစ်တာတွေ့ ရတယ်။ ဆံပင် ကို ခေါင်းစီးကြိုးစီတဲ့ သူရှိသလို ။ဘောင်းဘီအပြဲဝတ်ချင်လည်းဝတ်တယ်။ပူတဲ့အခါဘောင်းဘီတို. ပေါ့။ suit ဝတ်တဲ့သူတွေလည်းရှိကြတယ်။ဆိုလိုချင်တာက သူတို့ ဟာဘာပဲဝတ်ထားထား အရည်အချင်းကတော့ အပြည့်ရှိသူချည်းပဲ သားရေ။
အဓိကနဲ့ သာမညကိုလွတ်လပ်စွာ. ခွဲခြားထားတဲ့ သဘောပေါ့။
နောက်တစ်ခုက ကျောင်းတံခါးတွေက. ၂၄နာရီဖွင့်ထား ကြတယ်။ study room တွေကိုလည်း ၂၄ နာရီဖွင့်ထားတာပေါ့ အဲဒီမှာကျောင်းသားတွေအချင်းချင်း. Discussion လုပ်ကြ ဒါမှမဟုတ် စာမေးကြ ရှင်းပြကြနဲ့  အဲဒီအခန်းတွေကအမြဲနိုးကြား နေကြတယ်။. ကွန်ပြူတာခန်းတစ်ခုကိုလည်း ၂၄နာရီဖွင့်ပေးထားကာ အဲဒီမှာလည်းအချို့က စာဖတ်ကြ။study လုပ်ကြတယ်။စာကြည့်တိုက်ကတော့ ည၁၂ နာရီထိ ဖွင့်ပေးထား ကာပိတ်ရက်မရှိ ဖွင့် ပေးထားပါတယ်။. အဲဒီမှာလည်းနေရာရဖို့ ဆိုအစောကြီးသွားရတယ် သားရေ။
နောက် တစ်ခုကစာသိချင်တာရှိရင်လည်း. အများအားဖြင့် သူတို့ရုံးခန်းကို အချိန်မရွေးသွားလို့ ရတယ်. တစ်ခါတစ်ရံအဖေတို့ စာလုပ်ရင်း မသိတော့လို့ ဆရာ့ဆီစာသွားမေး တာည၂နာရီကျော်နေပြီ။သူကလည်းအိမ်မပြန်သေးဘူး သူ့ ရုံးခန်းမှာအလုပ်လုပ်နေတယ်။မညိုမငြင်စာရှင်းပြရှာပါတယ်။။

ကျောင်း ရဲ့  ပါတီတွေနဲ့ အားကစားပွဲတွေ။. စားမေးပွဲတွေကလည်း စိတ်ဝင်းစရာပါပဲ.....

No comments:

Post a Comment