Pages

Sunday, 28 October 2012

“စာ​​ရေး​​စာဖတ် ဘာလုပ်ဖို့​​”











က​လေး​​​တွေ မူကြို​​ကျောင်း​​ပို့​​လို့​​ ဝလုံး​​​ရေး​​ဖို့​​ ညီ​​လေး​​ထိုင်ဆိုတဲ့​​ အရွယ်​​ရောက်ရင် ကိုယ်​​တွေ​​ခေတ်တုန်း​​က​​တော့​​ ဆရာကြီး​​မင်း​​သုဝဏ်တို့​​ ဆရာပျဉ်း​​မနား​​​မောင်နီသင်း​​တို့​​ ကဗျာ​​လေး​​​တွေနဲ့​​ ကြီး​​ပြင်း​​ခဲ့​​ကြရပါတယ်။ ခု​​ခေတ်က​​လေး​​​တွေက​​တော့​​ ဆွမ်း​​အုပ်နီနီ အ​​မေရွက်တာ ငါတို့​​​ကျောင်း​​တက်တာနဲ့​​ ဘာဆိုင်လို့​​လဲ လို့​​ နား​​လည်ကြမှာ မဟုတ်ပါဘူး​​။



မနီက​​လေး​​ ဘယ်ကိုသွား​​လို့​​ စာသင်​​ကျောင်း​​က ဘာ​​တွေ သင်ဆိုတာကိုလည်း​​ မဆိုတတ်ကြ​​တော့​​ပါဘူး​​။ ဘာဘာသိုး​​မည်း​​ သိုး​​​မွှေး​​ရှိသလား​​ တို့​​၊​ မက်​​ဒေါ်နယ် အဖိုး​​ကြီး​​မှာ ယာခင်း​​က​​လေး​​တစ်ခုရှိသတဲ့​​တို့​​ဆိုတာ​​လောက်ပဲ ဘိုလို အသံထွက်မှန်ဖို့​​ ဂရုစိုက်ကြ​​တော့​​တာ။ ​​ခေတ်​​ရေစီး​​​ကြောင်း​​လို့​​ ​​ပြောရင်ရတာ​​ပေါ့​​။ သို့​​​သော်လည်း​​ အဲဒီက​​လေး​​​လေး​​​တွေရဲ့​​ ​​ဖေ​​ဖေ၊​ ​​မေ​​မေ၊​ ဖိုး​​ဖိုး​​၊​ ဖွား​​ဖွား​​ကြီး​​​တွေ အရွယ်​​ရောက်​​နေကြသည့်​တိုင်​​အောင် စာ​​ရေး​​စာဖတ် ဘာလုပ်ဖို့​​ဆိုတာကို သ​​ဘောမ​​ပေါက်ကြ​​သေး​​တဲ့​​သူ​​တွေ မ​​ရေနိုင်မတွက်နိုင်​​အောင် တအား​​ကြီး​​ တိုး​​ပွား​​လာတဲ့​​ အခါမှာ​​တော့​​ “ဟဲ့​​ အဲဒါ မနီတစ်​​ယောက်တည်း​​ လိမ်မာဖို့​​ မဟုတ်ဘူး​​။

မနီအိမ်က လူကြီး​​​တွေလည်း​​ လိမ်မာဖို့​​ ပါတယ်” လို့​​ ခပ်​​ငေါ့​​​ငေါ့​​က​​လေး​​ ​​ပြောချင်လာပါတယ်။ ​​ပြောချင်လည်း​​ ကိုယ့်​ဘာသာ တစ်​​ယောက်တည်း​​ပဲ သစ်​​ခေါင်း​​ထဲ သွား​​​အော်ရမယ့်​ပုံပါ။ စာမ​​ရေး​​ စာမဖတ်ပါဘူး​​ လို့​​ဆို​​နေမှ ကိုယ်​​ရေး​​တာ​​တွေ အား​​အား​​ယား​​ယား​​ ဘယ်သူက အ​​ရေး​​လုပ်ပြီး​​ ဖတ်​​နေရမှာတုန်း​​ ​​နော့​​။ အရင်တုန်း​​က စာမတတ်သူပ​​ပျောက်​​ရေး​​ဆိုပြီး​​ အင်တိုက်အား​​တိုက် လုပ်ခဲ့​​ကြသလို အခုလည်း​​ပဲ စာမဖတ်သူ ပ​​ပျောက်​​ရေး​​ဆို လုပ်ရ​​တော့​​မယ် ထင်ပါရဲ့​​။

ပညာ ​​ရေး​​ကို အ​​ရေး​​မ​​ပေး​​​တော့​​တာ၊​ ပညာတတ်ဖြစ်ဖို့​​ မကြိုး​​စား​​ချင်ကြ​​တော့​​တာ​​တော့​​ မဟုတ်ပါဘူး​​။ ပညာတန်ဖိုး​​ဘယ်​​လောက်ကြီး​​သလဲဆိုတာ အလွတ်ပညာသင်​​ကျောင်း​​​တွေ သင်တန်း​​​တွေ ဖွင့်​စား​​​နေသူ​​တွေနဲ့​​၊​ အဲဒီသင်တန်း​​​တွေ တစ်ခုပြီး​​တစ်ခု မပြီး​​နိုင်မစီး​​နိုင် တက်​​နေကြရတဲ့​​ သူ​​တွေသာ အသိဆုံး​​ဖြစ်​​ပေလိမ့်​မယ်။ သား​​သမီး​​ ပညာသင်စား​​ရိတ်နဲ့​​ ခါး​​ချိ​​နေကြတဲ့​​ မိဘ​​တွေလည်း​​ သိမှာပဲ။ သူတို့​​ ​​သေချာမသိတာက​​တော့​​ ပညာဆိုတာ ပိုက်ဆံ​​ပေး​​၊​ အချိန်​​ပေး​​ပြီး​​ ဝယ်ယူလို့​​လို့​​ ရလာတဲ့​​ ​​အောင်လက်မှတ်​​ပေါ်မှာ ရှိမ​​နေဘူး​​ဆိုတာပါ။

 ​နောက်တစ်ခုက အဲဒီတတ်ကျွမ်း​​လာတဲ့​​ ပညာရပ်ကို အလုပ်အဖြစ်နဲ့​​ အသုံး​​မချမခြင်း​​ အသက်ဝင်လာမှာ မဟုတ်ဘူး​​ ဆိုတာလည်း​​ ပါပါတယ်။ နှုတ်အာရွရွ ရွတ်ဆိုကြလို့​​ ​​ကြောင်ပုဇွန်စား​​ ကြွပ်ကြွပ်ဝါး​​သလို ​​ကျေညက်​​နေ​​စေရမယ်ဆိုတဲ့​​ သင်ခန်း​​စာများ​​​တောင်မှပဲ ကိုယ်ပိုင် အသိဉာဏ်နဲ့​​ ဆင်ခြင်သုံး​​သပ်တဲ့​​ အပိုင်း​​၊​ လက်​​တွေ့​​ သ​​ဘော​​ပေါက် ကျွမ်း​​ကျင်မှု အပိုင်း​​ မပါရင် သညာ လို့​​​ခေါ်တဲ့​​ မှတ်ဉာဏ်အဆင့်​မှာပဲ ရှိပါလိမ့်​ဦး​​မယ်။ ပညာလို့​​​ခေါ်တဲ့​​ အသိဉာဏ်အလင်း​​ပိုင်း​​၊​ ဝိဇ္ဇာလို့​​​ခေါ်တဲ့​​ တဘက်ကမ်း​​ခတ် အတတ်ပိုင်း​​မျိုး​​ကို ​​ရောက်မလာနိုင်ပါဘူး​​။ ​​ကျောင်း​​ပြီး​​တာနဲ့​​ စာ​​တွေကို စာအုပ်အ​​ဟောင်း​​များ​​နဲ့​​အတူ ​​ကျောင်း​​မှာပဲ ထား​​ခဲ့​​တာ၊​ ဘွဲ့​​ဓါတ်ပုံက​​လေး​​နဲ့​​အတူ အယ်လဘမ်ထဲမှာတင် ​​ကျေနပ်​​နေလိုက်တာဟာ နိုင်ငံရပ်ခြား​​မှာ ပညာနဲ့​​အသက်​​မွေး​​​နေတဲ့​​သူ​​တွေထက် ပိုဆိုး​​တဲ့​​ ဦး​​​ဏှောက်ပြုန်း​​တီး​​မှုပါပဲ။ ယိုစီး​​​နေတာကမှ ကိုယ့်​ဆီမှာ အသုံး​​မတည့်​လည်း​​ တ​​နေရာရာမှာ​​တော့​​ အသုံး​​ကျ​​နေ​​သေး​​တယ်။ ပြုန်း​​တီး​​​နေတာက​​တော့​​ အလဟဿဖြစ်​​နေတာ မဟုတ်လား​​။ တကယ်လို့​​များ​​ အဲဒီဖုန်တက်​​နေတဲ့​​၊​ အသက်ကင်း​​မဲ့​​​နေတဲ့​​ ပညာတတ်​​တွေကိုသာ အကျိုး​​ရှိရှိ အသုံး​​ချနိုင်မယ်ဆိုရင်​​တော့​​ ဘာအရင်း​​မှ စိုက်စရာမလိုပဲ တိုင်း​​ပြည်တိုး​​တက်ဖို့​​ အများ​​ကြီး​​ အ​​ထောက်အကူဖြစ်လိမ့်​မယ် ထင်ပါတယ်။

ပထမဦး​​ဆုံး​​ သ​​ဘော​​ပေါက်နား​​လည်ထား​​ဖို့​​ လိုတဲ့​​အချက်က​​တော့​​ ပညာတတ်​​တွေရဲ့​​ တန်ဖိုး​​၊​ ပညာအရင်း​​အနှီး​​ရဲ့​​ အင်အား​​ကို အထင်မ​​သေး​​သင့်​ဘူး​​ ဆိုတဲ့​​အချက်ပါ။ ဒါကလည်း​​ ကိုယ်ကိုယ်တိုင် အထိုက်အ​​လျောက် ပညာတတ်ထား​​မှ နား​​လည်နိုင်မှာပါ​​လေ။ ပိုက်ဆံရှိရင် အာဏာရှိရင် ပညာတတ်​​ပေ့​​ ဆိုတာ​​တွေ​​ခေါ်ပြီး​​ အနား​​မှာ မတ်တတ်က​​လေး​​ လက်အုပ်ချီခိုင်း​​ထား​​လို့​​ ရတယ်လို့​​ တွက်ကြမှာ​​ပေါ့​​။ မ​​ဟော်သထာသုခမိန်လည်း​​ ဝိ​​ဒေဟရာဇ်မင်း​​ကြီး​​ကို​​တော့​​ ခစား​​ရတာပဲ မဟုတ်လား​​။

သို့​​​သော်လည်း​​ ပညာရှိတို့​​ရဲ့​​ မင်း​​ခစား​​စရိုက်ဟာ မင်း​​ပါး​​ကပ်​​မြှောင် အဆံ​​ချောင်တို့​​ရဲ့​​ ခစား​​ခြင်း​​ပုံစံနဲ့​​ မတူနိုင်ဘူး​​လို့​​ ​​ပြောရင် လက်ခံနိုင်ကြပါလိမ့်​မယ်။ ဘာဖြစ်လို့​​ဆို​​တော့​​ ပညာနဲ့​​ ခစား​​ရတာ​​လေ။ ပျပ်ဝပ်ကျုး​​နွံမှုနဲ့​​ ခစား​​တာမှ မဟုတ်ပဲကိုး​​။ ဒီအခါမှာ ဝိ​​ဒေဟရာဇ်မင်း​​ကြီး​​ဘက်ကလည်း​​ မ​​ဟော်သထာသုခမိန်ရဲ့​​တန်ဘိုး​​ကို မသိပဲ ​​သေနက ​​ဒေဝန္ဒ၊​ ကာမိန္ဒ၊​ ပဂုတ္တတို့​​လို အမတ်​​တွေနဲ့​​ချည့်​ ညီလာခံ​​ခေါ်တိုင်ပင်ရင် ဘာ​​တွေဖြစ်လာသလဲ သိပြီး​​သား​​​နော်။

ရန်ကုန်မြို့​​ကြီး​​ကို စင်္ကာပူလို ဖြစ်​​အောင်လုပ်မယ်ဆိုလို့​​ ကိုယ်က စလုံး​​ပုတ်​​လောက်​​ရေး​​ပြ​​တောင် မမြင်ဖူး​​တဲ့​​အစား​​ဆို​​တော့​​ အခါအခွင့်​သင့်​တုန်း​​ သွား​​လည်ကြည့်​မိပါတယ်။ မဖြစ်နိုင်ဘူး​​ဆိုတာ ဘာမှ မရှိဘူး​​ဆို​​တော့​​ ဘာလို့​​မဖြစ်နိုင်ရမှာလဲ​​နော့​​။ (ပါး​​စပ်ကြီး​​နဲ့​​ ​​ပြောရတာပဲဥစ္စာ) ဘယ်လိုနည်း​​နဲ့​​ ဖြစ်​​အောင်လုပ်မလဲဆိုတာက​​တော့​​ အ​​ပြောထက်စာရင် လက်​​တွေ့​​ဘက် နည်း​​နည်း​​နီး​​လာပြီ​​လေ။ ​​တွေး​​ကြည့်​မိသ​​လောက်​​တော့​​ ပညာတတ်​​တွေ မပါရင် ဘယ်နည်း​​နဲ့​​မှ မဖြစ်နိုင်ဘူး​​ဆိုတာကိုပါ။ ​​တောသား​​မြို့​​​ရောက် ကျီး​​ကန်း​​​တောင်း​​​မှောက် မြင်ခဲ့​​ရသ​​လောက်​​တော့​​ (အရှက်မရှိ ယှဉ်​​ပြောလိုက်ဦး​​မယ်) ရန်ကုန်နဲ့​​စင်္ကာပူဆိုတာ စီဒိုး​​နား​​​ဟော်တယ်နဲ့​​ ကံထရိုက်တိုက်​​လောက်ပဲ ကွာတာပါ။ အဲဒါမြို့​​အခွံချည့်​ပဲ ယှဉ်ကြည့်​တာ။ လူမပါ​​သေး​​ဘူး​​။

သူတို့​​မြို့​​​တော်တစ်ခုလုံး​​ဟာ ပညာတတ်တဲ့​​ အသိဉာဏ်ရှိတဲ့​​ အုပ်ချုပ်သူချမှတ်ထား​​တဲ့​​ စည်း​​စံနစ်​​အောက်မှာ မခိုမကပ် မခိုး​​မဝှက်တတ်တဲ့​​ ကျွမ်း​​ကျင် အင်ဂျင်နီယာများ​​ ဦး​​​ဆောင်ပြီး​​ တည်​​ဆောက်ထား​​တာဆိုတာ ​​လေယာဉ်​​ပေါ်က လှမ်း​​မြင်ရရုံနဲ့​​ သိသာပါတယ်။ ကျွန်​​တော်တို့​​ဆီမှာ ကံထရိုက်တိုက်​​တွေ ဘယ်လို​​ဆောက်သလဲဆိုတာ​​တော့​​ မမြင်ဖူး​​တဲ့​​သူ ရှိပါ​​သေး​​လား​​ဗျာ။ ဘီအီး​​၊​ အင်ဂျင်နီယာမ​​ပြောနဲ့​​ ​​အေဂျီတီအိုင်​​လောက် ပါရင်​​တောင် ကံ​​ကောင်း​​။

တခါက ကျွန်​​တော်​​နေတဲ့​​အိမ်​​ဘေး​​မှာ ကံထရိုက်တိုက် အသစ်​​ဆောက်တဲ့​​အခါ ကိုယ့်​အိမ်နံ​​ဘေး​​ အုတ်နံရံက​​နေ ​​အောက်ကို တည့်​တည့်​ကြီး​​ ​​မြေတူး​​ပါတယ်။ ​​မြေခိုး​​ချင်တာ တစ်ခုတည်း​​ကိုပဲ ​​လောဘတက်တဲ့​​ ကံထရိုက်ဟာ သူ့​​လိုပဲ ဘာပညာမှ မတတ်ပဲ တိုက်​​ဆောက်သွား​​တဲ့​​ ကိုယ့်​ဘက်က ကံထရိုက်ရဲ့​​ လက်ရာကို ​​လျှော့​​မတွက်မိပါဘူး​​။ နံရံ​​ထောင်လိုက်ကြီး​​ နိမ့်​ဆင်း​​သွား​​လို့​​ အိမ်ကြမ်း​​ပြင် သံမံတလင်း​​ကြီး​​ပါ ထက်ပိုင်း​​ကျိုး​​ အက်​​စောင်း​​သွား​​တဲ့​​အခါ “ခင်ဗျား​​တို့​​အိမ်က သူ့​​ဘာသာ မခိုင်လို့​​ဖြစ်ရတာ။ မ​​ကျေနပ်ရင် ကြိုက်တဲ့​​ဆီသွား​​တိုင်” လို့​​ လူမိုက်စကား​​​ပြောပါတယ်။

ဘာလို့ ​​ ဒီလို ​​ပြောအား​​ရှိသလဲဆိုတာက​​တော့​​ ​​နောက်​​တော့​​ ကိုယ်​​တွေ့​​သိရတာ​​ပေါ့​​။ သက်ဆိုင်ရာ ဌာနအကြီး​​အကဲကြီး​​​တွေကိုယ်တိုင် စစ်​​ဆေး​​​ရေး​​အဖွဲ့​​ကြီး​​​တွေဖွဲ့​​လို့​​ ကိုယ်တိုင်လာစစ်​​ဆေး​​ပြီး​​တဲ့​​​နောက်မှာ “ဒါဟာ ဘာမှ မဖြစ်​​လောက်တဲ့​​ အ​​သေး​​စား​​ ထိခိုက်မှုက​​လေး​​ပါ။” လို့​​ဆိုပြီး​​ ကိုယ်က အလကား​​​နေ ပြဿနာရှာ ​​လျှော်​​ကြေး​​​တောင်း​​ချင်​​နေတဲ့​​သ​​ဘောမျိုး​​နဲ့​​ နာချင်လို့​​လား​​ အကြည့်​နဲ့​​ အကြည့်​ခံရပါတယ်။ (ငါ့​​နှယ် သီဟတင်စိုး​​ကား​​ထဲက ဂျပန်​​တွေ အိမ်ထဲဝင်စစ်တာ ကျ​​နေတာပဲ) ရုံး​​ချိန်း​​ ရက်ချိန်း​​​တွေ အလုပ်ပျက် အကိုင်ပျက်သွား​​လိုက်ရတာများ​​လည်း​​ ​​သေချင်​​စော်ကိုနံပြီး​​ ​​မွေး​​သမိခင်ကို “​​တော်ပါ​​တော့​​။ ​​နောက်ကို ပိုက်ဆံက​​လေး​​ စု​​ဆောင်း​​ပြီး​​မှ ကိုယ့်​ဘာသာပဲ ပြင်လိုက်ကြတာ​​ပေါ့​​” လို့​​ ​​ပြောမိပါတယ်။ အ​​ဖေတို့​​ အဖွား​​တို့​​လက်ထက်က “ရုံး​​ပြင်ကန္နား​​ မသွား​​ချင် မပတ်သက်ချင်ပါနဲ့​​” ​​ပြောတာကိုလည်း​​ ​​သွေး​​ထွက်​​အောင်မှန်မှန်း​​ သိလိုက်ရပါတယ်။

“ငါ့​​သား​​ နံနိမ့်​မှာစိုး​​လို့​​” တဲ့​​။ အမှုလက်စသတ်လို့​​ ကိုယ့်​အိမ်ကိုယ်ပြင်လို့​​ပြီး​​ သိပ်မကြာပါဘူး​​။ ဒီအ​​ဆောက်အဦဟာ လူ​​နေထိုင်ရန် မသင့်​​တော့​​လို့​​ အသစ်ပြန်ဖျက်​​ဆောက်ရပါမယ်ဆိုပြီး​​ အမိန့်​ထွက်လာပြန်ပါ​​လေ​​ရော။ ဘာမှမဖြစ်ဘူး​​ ​​ပြောခဲ့​​တာလည်း​​ အဲဒီပါး​​စပ်ကြီး​​​တွေပဲ။ ပြို​​တော့​​မဟဲ့​​ လို့​​ ဆင်း​​ခိုင်း​​တာလည်း​​ သူတို့​​ပဲ။ လူလည်း​​မ​​ပြောင်း​​၊​ အချိန်​​တောင် မကွာဘူး​​။ အမှုတစ်ခုပြီး​​တာနဲ့​​ ​​နောက်တစ်ခုကိုဆက်ဖို့​​ စီထား​​သလား​​ မဆိုနိုင်။ မ​​ကျေနပ်ချက်​​တွေကို ဖွင့်​အံထုတ်​​နေတာ​​တော့​​ မဟုတ်​​ပေါင်။ ​​မေ့​​​တောင်ပစ်လိုက်တာ ကြာ​​ပေါ့​​။ အဲဒီလို ဦး​​​ဆောင်ကြီး​​ကြပ်သူများ​​နဲ့​​ ကံထရိုက်များ​​က တည်​​ဆောက်မယ့်​ မြို့​​​တော်ကြီး​​ကို စင်္ကာပူလိုဖြစ်​​အောင် လုပ်မလို့​​တဲ့​​ဆို​​တော့​​ အင်ဂျင်နီယာ အရင် ရှာပါဦး​​လို့​​ ဆိုချင်တာပါ။

သူများ​​တကာ မြို့​​တည်ရွာတည်ထား​​တာက ကိုယ့်​ဆီမှာလို ပိုက်ဆံရှိ၊​ ကြိုက်တဲ့​​သူနဲ့​​ ထင်သလို​​ဆောက်၊​ အမြတ်များ​​များ​​ကျန်ဖို့​​ အ​​ရေး​​ကြီး​​တယ်ဆိုတဲ့​​ ​​ဝေစား​​မျှစား​​ ရိုက်စား​​ တစ်နပ်စား​​ လုပ်မထား​​ပါဘူး​​။ ပညာရှင်​​တွေကိုယ်တိုင် စဉ်း​​စဉ်း​​စား​​စား​​ တိုင်း​​တာတွက်ချက်ပြီး​​ အရမ်း​​ကို စံနစ်တကျ တည်ထား​​ရတာပါ။ အစက စကား​​ဦး​​သန်း​​ထား​​တဲ့​​ ပညာရှင်​​တွေရဲ့​​ တန်ဖိုး​​ဆိုတာ အဲဒါကို သိ​​စေချင်တာပါ။ ဒီ့​​ထက်မြင်သာ​​အောင် ​​ပြောရရင် ရွာက အရပ်ပန်း​​တိမ်သည် လက်ရာနဲ့​​ ကာတီး​​ယား​​စိန်တိုက်က လက်ရာဟာ ​​ရွှေချိန်ချင်း​​ စိန်ရတီချင်း​​ အတူတူဖြစ်ဦး​​​တော့​​ ဘာမှ မဆိုင်ဘူး​​ မဟုတ်လား​​။ (​​ကြော်ငြာထဲမှာ မြင်ဖူး​​တာ ​​ပြောတာ​​နော်) “အင်ဂျင်နီယာကို မလို ရ​​သေ့​​ကိုယ်တိုင် ကြံစည်ပါသည်။ ရာဇဝင်များ​​မှာ ထင်ရှား​​ မြန်မာ့​​ဂုဏ်ရည်” ဆိုတာ ဦး​​ခန္တီ မန္တ​​လေး​​​တောင် ပြုပြင်တုန်း​​က ​​ခေတ်အခါပါ။

သူတို့​​က​​တော့​​ အင်ဂျင်နီယာ​​တွေ လိုလွန်း​​လို့​​ မြန်မာပြည်က ​​ကျောင်း​​ပြီး​​ထား​​သမျှ အကုန် သူတို့​​ဆီ​​ခေါ်ထား​​တာ။ မြင်ခဲ့​​သမှ အထင်ကရ အ​​ဆောက်အဦ​​တွေ အား​​လုံး​​ မြန်မာအင်ဂျင်နီယာ မပါတာ မရှိသ​​လောက်ပဲ။ ​​ရေဘယ်လိုစီး​​လို့​​ မီး​​ဘယ်လိုဆင်၊​ ငလျင်လှုပ်ရင် ဘယ်ဘက်ကထွက်၊​ မီး​​​ရေး​​ထင်း​​​ရေး​​ ဘယ်ဘက်ကို​​ပြေး​​၊​ အစစအရာရာ ​​ထောင့်​​စေ့​​​အောင် စီမံထား​​ပါတယ်။

လှိုင်သာယာက ပန်း​​ရံ​​ခေါ်ပြီး​​ ဒီလိုပုံမျိုး​​ထွက်​​အောင်လုပ်လို့​​​ပြောရင် ဖြစ်ဖြစ် မဖြစ်ဖြစ် သူတတ်သမျှ မှတ်သမျှနဲ့​​​တော့​​ လုပ်မှာပဲ။ ဘုန်း​​ကြီး​​ပျံ ပြဿာဒ်​​ဆောက်သ​​လောက်​​တော့​​ ဖြစ်နိုင်ပါလိမ့်​မယ်။ ပုံ​​တော့​​ ထွက်လာမှာ အမှန်။ ​​ရှေ့​​​ကြောင်း​​​နောက်​​ကြောင်း​​​တော့​​ ဘာမှ မသိနိုင်ဘူး​​​လေ။ ကိုယ့်​ဆီက ပညာရှင်​​တွေက တတ်တဲ့​​ပညာ​​တွေကို ကိုယ့်​တိုင်း​​ပြည်အတွက် အသုံး​​မချပဲ ပိုက်ဆံရလို့​​ သူများ​​နိုင်ငံမှာ ကျွန်ခံကြတာကိုး​​ လို့​​ ​​ပြောတာက​​တော့​​ ကိုယ်တိုင်ပညာမတတ်၊​ အလုပ်မလုပ်ဖူး​​တဲ့​​သူ​​တွေပါ။ ပညာရှင်​​တွေကို အထက်က စီမံခန့်​ခွဲတဲ့​​အခါမှာ အင်ဂျင်နီယာအတတ် မပါဘူး​​ဆိုရင်​​တောင် စီမံခန့်​ခွဲမှုပညာက​​လေး​​​တော့​​ ပါမှ အဆင်​​ပြေပါလိမ့်​မယ်။ ကင်ဂျုံအီး​​ကြီး​​က သူ့​​သား​​ကို ​​မြောက်ကိုရီး​​ယား​​ တစ်ပြည်လုံး​​အပ်ထား​​ခဲ့​​လို့​​ ရချင်ရလိမ့်​မယ်။

ကံထရိုက်တိုက်တစ်လုံး ​​အပ်ပြီး​​ ပြီး​​​အောင် ဆက်​​ဆောက်လိုက် လို့​​ အပ်ရင်​​တော့​​ ငါး​​ပါး​​​မှောက်မှာပဲ။ ပညာရပ်တိုင်း​​မှာ ကျွမ်း​​ကျင်ရာ လိမ်မာတဲ့​​သ​​ဘော​​တွေကို နား​​လည်မှဖြစ်မှာ​​လေ။ အဲဒီထက် ရှုပ်​​ထွေး​​နက်နဲတဲ့​​ သပွတ်အူဇာတ်လမ်း​​​တွေက​​တော့​​ လူတိုင်း​​သိပြီး​​သား​​​တွေကို ​​ညောင်မြစ်ပြန်မတူး​​ချင်လို့​​ ဆက်မ​​ရေး​​​တော့​​ပါဘူး​​။ အင်ဂျင်နီယာ​​တွေ ဘာလို့​​ ပြည်တွင်း​​မှာ အလုပ်မလုပ်ချင်သလဲ။ ဘယ်လိုလူ​​တွေ ပြည်တွင်း​​မှာ ဘယ်လိုပုံစံနဲ့​​ အလုပ်လုပ်​​နေကြသလဲဆိုတာက​​တော့​​ သူတို့​​ ကိုယ်တိုင် အသိဆုံး​​။ အဲဒီအထုံး​​​တွေ မ​​ဖြေပဲနဲ့​​ ​​လေထဲတိုက်အိမ်​​ဆောက်တာ ဖြစ်နိုင်စရာလား​​။

ဘယ်အရာမဆို အ​​ကောင်း​​မြင်စိတ် မရှိပဲနဲ့​​ ​​ဘေး​​ထိုင် ဘိုင်ကျ ဘု​​ပြောတဲ့​​ အထဲမှာ ကိုယ်လည်း​​ ပါ​​နေပါ​​ရော့​​လား​​။ အဲဒီသ​​ဘောမျိုး​​​တော့​​ မရှိပါဘူး​​။ တိုင်း​​ပြည်ကို တိုး​​တက်​​အောင်ပြုပြင်ချင်ရင် ခြစား​​​နေတဲ့​​ စိတ်ဓါတ်နဲ့​​ စာရိတ္တကို အရင် ကျား​​ကန်ဖို့​​လိုတယ်ဆိုတာ ရယ်။ တတ်ကျွမ်း​​တဲ့​​ ပညာရှင်​​တွေကို ​​နေရာတကျ အသုံး​​ချတတ်မှ ဖြစ်မယ်ဆိုတာရယ်ကို ​​တွေး​​မိလို့​​ပါ။ နင်တို့​​ဟာနင်တို့​​ တိုး​​တက်ချင်တိုး​​တက် မတိုး​​တက်ချင်​​နေ။

ဒီဇာတ်​​တော်မှာ ငါရှင်ဘုရင်လုပ်ရမှ ဆိုမှ ခွကျ​​နေဦး​​မယ်။ ​​ရှေး​​​ရှေး​​ ပ​​ဝေသဏီ မြန်မာဘုရင်​​တွေ နန်း​​တည် ဘုရား​​တည် လုပ်ခဲ့​​တာ​​တောင် ပန်း​​ပဲဝန်၊​ ပန်း​​တည်း​​ဝန်၊​ ပန်း​​တိမ်ဝန်၊​ ပန်း​​ပုဝန် ကျွမ်း​​ကျင်သူ​​တွေနဲ့​​သာ တည်​​ဆောက်ကြပါတယ်။ ဒီက​​နေ့​​​ခေတ်ကျကာမှ မိုး​​ကျ​​ရွှေကိုယ်​​တွေ ကွပ်ကဲမယ်ဆိုရင် နံမည်တူဝက်ဘ်ဆိုက်​​လောက်​​တောင် သပ်သပ်ရပ်ရပ်ရှိမယ် မထင်​​ပေါင်။ သူတို့​​​တွေက ​​မွေး​​ကတည်း​​က ဂျီး​​နီး​​ယပ်စ်​​တွေပါလို့​​ ​​ပြောရင် ​​စော​​စောက​​ပြောတဲ့​​ သွား​​​လေသူကြီး​​ ပထမဆုံး​​​ဂေါက်ရိုက်တာ တိုက်ဂါး​​ဝုဒ် စံချိန်ကျိုး​​သွား​​သတဲ့​​ ဆိုတဲ့​​ သတင်း​​​ဆောင်း​​ပါး​​ ဖတ်ရသလို​​နေမှာပဲ။ မြန်မာ​​တွေလည်း​​ ငိုမယ်ဆို ငိုတတ်ကြပါတယ်။ ဘုန်း​​ကြီး​​ပျံ​​တွေ​​တောင် လိုက် ဧယျာဉ့်​ကျူး​​​နေကြတဲ့​​ဥစ္စာ။ ကိုယ်​​တော်တို့​​သာ ​​သေချာပ​​စေ။ ဒီက ​​ရေမီး​​အစုံနဲ့​​ ငိုပြမယ်။ ဒီအတိုင်း​​ဆက်သွား​​ရင်​​တော့​​ ပြုံယမ်း​​နဲ့​​ တူလာ​​တော့​​မှာပဲ။
မြန်မာပြည်မှာ ပညာတတ်​​တွေအတွက် ​​နေရာမရှိဘူး​​ဆိုတဲ့​​ အမြင်ဟာ လွန်ခဲ့​​တဲ့​​ နှစ်​​ပေါင်း​​များ​​စွာကတည်း​​က ပညာတတ်လူငယ်​​တွေ ရင်ထဲမှာ စွဲ​​နေခဲ့​​တာ ကြာပါပြီ။

ဟုတ်သည် မဟုတ်သည်က​​တော့​​ ကာယကံရှင်တစ်ဦး​​ချင်း​​စီရဲ့​​ ကိုယ်​​တွေ့​​ဘဝ အ​​တွေ့​​အကြုံနဲ့​​ ဆိုင်ပါလိမ့်​မယ်။ ဒါ​​ပေမယ့်​ ပုဂ္ဂလဒိဌာန်က​​နေ ဓမ္မဒိဋ္ဌာန် ဖြစ်မလာဖို့​​က​​တော့​​ အုပ်ချုပ်သူ​​တွေမှာ တာဝန်ရှိမလား​​ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်း​​ပြည်တိုး​​တက်​​အောင် ထူ​​ထောင်မယ်ဆိုရင် သူတို့​​အတွက် ​​နေရာတစ်​​နေရာ ဖန်တီး​​​ပေး​​နိုင်မှ ဖြစ်မယ် မဟုတ်ဘူး​​လား​​။ ပြည်တွင်း​​မှာ ရှိ​​နေတဲ့​​ ပညာတတ်​​တွေက​​တော့​​ အား​​မကိုး​​​လောက်ဘူး​​လို့​​ ဆိုလိုတာမဟုတ်ပါဘူး​​။ (ကိုယ်လည်း​​ အဲဒီဇာတ်ထဲကပါ) ဒါ​​ပေမယ့်​ ခုတစ်မျိုး​​၊​ ​​တော်ကြာတစ်မျိုး​​ မဟုတ်တဲ့​​၊​ အတင်း​​အ​​လျော့​​ စိတ်ကြိုက်ကစား​​လို့​​မရတဲ့​​ စည်း​​မျဉ်း​​စည်း​​ကမ်း​​ထိန်း​​သိမ်း​​မှု တစ်ရပ် လိုအပ်​​နေသလား​​လို့​​ပါ။ စာရိတ္တမဏ္ဍိုင်ဆိုတာကို ကိုယ့်​​ရေချိန်နဲ့​​ကိုယ် စံထား​​ပြီး​​ အများ​​လုပ်သလိုလုပ်တာသာ အမှန်ဆိုတဲ့​​ အယူအဆကို ဘယ်လို တိုက်ဖျက်ကြမှာတုန်း​​။

တ​​နေ့​​တ​​ နေ့​​ ​​ဖေ့​​စ်ဘုတ်​​ပေါ်က​​နေ လူတတ်ကြီး​​လုပ်ပြီး​​ ဟိုလို ဆရာလုပ်၊​ ဒီလိုဆရာလုပ်နဲ့​​ ​​တော်​​တော် မုန်း​​စရာချဉ်စရာ ​​ကောင်း​​​နေ​​လောက်ပါပြီ။ ဒါ​​ပေသိ သိပ်ဘဝင်မြင့်​လို့​​ မရဘူး​​ဗျ။ ဘယ်သူဖတ်တာလိုက်လို့​​။ “ဪ.. စာ​​တွေ​​ရေး​​ထား​​သလား​​။ ဟုတ်လား​​။ စာ​​ရေး​​ဆရာလုပ်မလို့​​လား​​။ ဟတ်လား​​။ ဆရာဝန်အလုပ်က မကိုက်လို့​​လား​​။ ​​တွေ့​​​တော့​​​တွေ့​​မိပါတယ်။ အရှည်ကြီး​​​တွေမို့​​ အချိန်မရတာနဲ့​​ ဖတ်မကြည့်​မိဘူး​​” ဆိုတဲ့​​သူ​​တွေ ပုံလို့​​ ပုံလို့​​။ ဆရာမ​​လေး​​တစ်​​ယောက် ​​ပြောဖူး​​တာက​​တော့​​ ​​ဖေ့​​စ်ဘုတ်ဆိုတာ ​​ဈေး​​အိမ်သာနဲ့​​ တူပါသတဲ့​​။ ဟိုလူ​​လျှောက်​​ရေး​​၊​ ဒီလူ​​လျှောက်​​ရေး​​၊​ ပွစာကျဲ​​နေတာပဲဟာ။ မျက်စိထဲ တန်း​​ကနဲမြင်​​နေရလို့​​ ဖတ်မိတယ်ဆိုဦး​​​တော့​​ အဲဒါ ​​ဈေး​​ထဲလာ အိမ်သာတက်တဲ့​​သူ​​တွေသာ ဖတ်ကြတာ​​လေ။ ဒါ​​ကြောင့်​လည်း​​ ​​ရေအိမ်​​တော်နံရံက စာဆို​​တော်များ​​က အဘက်မလုပ်ကြတာ​​နေမှာ။ ​​ပေါက်တတ်ကရ ရယ်စရာက​​လေး​​​တွေ ​​ရေး​​မိ​​တော့​​လည်း​​ ရှူရှူး​​ဖလား​​ဝါး​​ရလွယ်တာ​​ပေါ့​​။

ဒေါသထွက်စရာ အံကြိတ်စရာ​​တွေ ​​ရေး​​မိ​​တော့​​လည်း​​ ညှစ်အား​​​လေး​​ ပို​​ကောင်း​​တာ​​ပေါ့​​။ တို့​​စာ​​တွေကို အဲဒီအရပ်က​​နေ “နမ်း​​မှာလား​​ ​​မောင်ရဲ့​​ ​​မွှေး​​တယ်ရှင်” လို့​​​တော့​​ မဆိုလိုပါဘူး​​။ မဆိုရက်ပါဘူး​​။ နန်း​​​တော်ထဲက အိမ်သာမှာပဲ တက်တက်၊​ ​​ဈေး​​အိမ်သာမှာပဲ တက်တက်၊​ အိမ်သာက ထွက်လာရင်​​တော့​​ ​​ပေါ့​​ပါး​​သွား​​ရစမြဲပဲ မဟုတ်လား​​။ ​​အောင့်​အည်း​​သိုမှီး​​ထား​​သမျှ​​တွေ စိတ်တိုင်း​​ကျ လွှတ်ထုတ်လိုက်ဖို့​​ပဲ မဟုတ်လား​​။ အမြဲ​​နေပါ​​နော် လို့​​ ​​ခေါ်ထား​​လို့​​မရ​​ပေမယ့်​ ​​နောက်တစ်ခါ အသုံး​​လိုလာရင်​​တော့​​ လိုက်ရှာကြဦး​​မှာပါ။ တို့​​အတွက်က​​တော့​​ စာ​​ရေး​​စာဖတ် ဘာလုပ်ဖို့​​ဆိုရင် တင်း​​​နေတာ​​တွေ အား​​လုံး​​ ​​လျော့​​သွား​​ဖို့​​ပဲ​​ပေါ့​​။ ​​အေသင်ချို​​ဆွေနဲ့​​ သိမ်း​​လိုက်ကြစို့​​။

“ဒီမှာ တင်း​​တယ်။ တင်း​​တယ်။ တင်း​​တယ် တင်း​​တယ် ​​ဟေ့​​…” (​​နောက်ကဟာ​​တော့​​ ဆက်မဆိုရဲဘူး​​ဗျ)
Posted by Aung Maw On ၃၀ ဇန်နဝါရီလ ၂၀၁၂
Dr Soe Min Blog မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment