Pages

Tuesday, 30 October 2012

FRC ဦးဆောင်၍ ဖင်လန် ကျောင်းသားတစု ဒုက္ခသည် ကျောင်းသားတွေနဲ့ တွေ့ခွင့်ရ



ဒုက္ခသည်တွေအကြောင်း လူငယ်တွေသိရှိ နားလည်ဖို့ လိုအပ်တဲ့အတွက် ဖင်လန်နိုင်ငံမှ အထက်တန်း ကျောင်းသားတစုကို ဖင်လန်ဒုက္ခသည်ကောင်စီ FRC မှဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ ဖွင့်လစ်ထားတဲ့ ကရင်နီအထက်တန်းလွန်ကျောင်းကို အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့ထိ လာရောက် လေ့လာခဲ့ကြပါတယ်။


ကရင်နီအမှတ် -၁ ဒုက္ခသည်စခန်းက ကရင်နီအထက်တန်း လွန်ကျောင်းတကျောင်းဖြစ်တဲ့ KnCC ကျောင်းကို ယခုလို ပထမဦးဆုံးအကြိမ်ဖြစ် လာရောက်လေ့လာရတဲ့ အကြောင်းအရင်းနဲ့ ပါတ်သက်ပြီး ဖင်လန်ဒုက္ခ သည်ကောင်စီ - FRC မှဆက်သွယ်ရေးတာဝန်ခံ Katri Aalto ကအခုလို ရှင်းပြပါတယ်။

"ကျမတို့ဖင်လန် နိုင်ငံက ဆယ်သွယ်ရေးယူနစ် တခုမှာ ပထမဆုံးအကြိမ်အဖြစ် လူငယ်တွေအတွက် ဒီ Youth Project ဆိုတဲ့တခုရှိတယ်။ ဒီ Project က ဘာလုပ်လဲဆိုတော့ ဒုက္ခသည်အရေးတွေ နဲ့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်းကို ဖင်လန်က လူငယ်တွေ ကိုသိမြင်စေချင်လို့ပါ။
အများစု ဖင်လန်က လူငယ်တွေက ဒုက္ခသည်တွေ ဘယ်လိုနေထိုင်လဲ၊ ဘယ်လိုလို့ ဒုက္ခသည်ဖြစ်လာတာလဲ ဆိုတာကို သူတို့မသိဘူးလေ။ အဲ့ဒါကို သူတို့ကို သိခိုင်းဖို့ အရေးကြီးတယ်လေ။ ဘာလို့လဲဆိုတော့ ဒုက္ခသည်တွေက ကမ္ဘာပေါ်မှာ အများကြီးပဲလေ။"
KnCC မှ ကျောင်းဆရာ၊မများနဲ့ ကျောင်းသူ၊သားတွေကို လာရောက်တွေ့ဆုံခဲ့ရတဲ့အတွက် ကရင်နီတွေရဲ့ ဓလေ့တွေအပြင် ဒုက္ခသည်တွေရဲ့ ဘဝ နေထိုင်စားသောက်ပုံ နဲ့ အခြားဗဟုသုတတွေလည်း ရရှိခဲ့ပါတယ်လို့ ဖင်လန်နိုင်ငံ အထက်တန်းကျောင်း တကျောင်းမှ နောက်ဆုံးနှစ်အဖြစ် ပညာသင်ကြားနေတဲ့ ကျောင်းသား Anttu Kudjoi ကပြောပါတယ်။
"ကျနော့ အနေနဲ့ ဒီက အခြေအနေတွေ၊သူတို့ရဲ့ ရင်ဆိုင်နေရတဲ့ ပြသနာတွေ နဲ့ နိုင်ငံရေးတချို့တွေကိုလည်း လေ့လာခဲ့ရပါတယ်။ ကျနော်ဒီက ကျောင်းသားတယောက်ရဲ့ အိမ်ကိုတောင် သွားလည်ရသေးတယ်။ အဲ့ဒီမှာ ကျနော်လည်း သူတို့ရဲ့ နေပုံထိုင်ပုံနဲ့ တခြားအရာတွေကိုလည်း အများကြီးလေ့လာ ခဲ့ရပါတယ်။"
FRC အဖွဲ့နှင့် KnCC ကျောင်းသူကျောင်းသားများ တွေ့ဆုံးစဉ် (ဓါတ်ပုံ-ကေတီ)
Anttu Kudjoi တို့အနေနဲ့ ကရင်နီဒုက္ခသည် ကျောင်းသားလူငယ်တွှေရှိရာကို လာနိုင်ဖို့အတွက် ကျောင်းမှာ ဗွီဒီယို ပြိုင်ပွဲတခုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီထဲမှာ မှ အနိုင်ရရှိတဲ့ ၇ ဦးကိုရွေးချယ်ပြီး အခုလိုမျိုး အခွင့်အရေးကိုရလာခဲ့တာပါ။
ဒီကရင်နီဒုက္ခသည်စခန်းကိုတော့ ကျောင်းသား ၁ ဦး၊ကျောင်းသူ ၃ ဦးသာ လာရောက်ခဲ့ပါတယ်။ သူတို့အနေနဲ့လည်း ကိုယ့်ကျောင်းကို ပြန်ရောက်တဲ့အခါ ဒီက ရလာတဲ့ သတင်းအချက်အလက်တွေကို ဗွီဒီယိုနဲ့တကွ ပြန်လည်တင်ဆက်ဖို့ ရှိတယ်လို့လည်းဆိုပါတယ်။
အခုလိုမျိုး တခြားနိုင်ငံမှ ကျောင်းသူ၊သားများ လာရောက်လည်ပတ်တဲ့ အတွက် ကိုယ့်အနေနဲ့ ဘာတွေရလာလဲဆိုတာကို KnCC ကျောင်းမှ ဒုတိယနှစ်ကျောင်းသား ဂျွန်ပေါလ် ကယခုလိုပြောပါတယ်။
"ကျနော်တို့မှာ ရှိတဲ့ ခံစားချက်တွေ ပြီးတော့ ကျတော်တို့ရဲ့ အကြောင်းတွေ၊ ကျတော်တို့ ပြည်၊ နိုင်ငံရဲ့ အခြေအနေကိုလည်း သူတို့ ကိုဖော်ပြခွင့်ရတယ်။ ပြီးတော့ သူတို့က သူတို့နိုင်ငံမှာ သွားပြန်ရှင်းပြမယ်လို့ အဲ့လိုပြောတဲ့ အတွက် ကျတော်ပျော်ရွှင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ရဲ့ ဒီကရင်နီကျောင်းသားတွေ ရဲ့ အခြေအနေ၊ ပြီးတော့ ကျတော်တို့ ဒုက္ခသည် အခြေအနေကိုလည်း သူတို့နိုင်ငံတနိုင်ငံက အသိအမှတ်ပြုသွား တဲ့ အခြေအနေအထိရောက်သွားလိမ့်မယ်လို့ ကျတော်မျှော်လင့်မိတဲ့ အတွက် ကျနော်
အရမ်းဝမ်းသာမိပါတယ်။"
FRC အနေနဲ့လည်းနှစ်ရက်တာအတွင်း ရရှိလာတဲ့ အချက်အလက်တွေနဲ့ ဗဟုသုတတွေကို မိမိတို့ ကျောင်းက ကျောင်းသူ၊သားတွေ အကြားမှာ ပြန်လည်ဝေငှဖို့ရှိတယ်လို့ Katri Aalto ကပြောပြသွားပါတယ်။
"တကယ်လို့သူတို့တွေ ဖင်လန်ကိုပြန်သွားတဲ့အခါ ဟိုမှာ ရှိတဲ့ အထက်တန်းကျောင်းတွေ နဲ့ အလယ်တန်း ကျောင်းတွေ ကို သူတို့ရဲ့ ရရှိလာတဲ့အတွေ့အကြုံတွေနဲ့ လူငယ်တွေအချင်းချင်းဖလှယ်ပြီး ရလာတဲ့ သတင်းအချက်အလက်တွေကို ဗီဒီယို တွေ ဓာတ်ပုံတွေနဲ့ ပြပြီး ပြန်လည်တင်ပြကြမှာပါ။ ဆိုတော့ ဒီက ဒုက္ခသည်အကြောင်းတွေ ယေဘုယျအားဖြင့်တော့ လူငယ်တွေအကြား ပျံ့နှံ့သွားနိုင်တယ်လေ။"
ဒုက္ခသည်တွေတတိယနိုင်ငံအခြေချနေထိုင်ရေးအစီအစဉ်ဖြင့် ဖင်လန်နိုင်ငံအနေနဲ့ ယခုလက်ရှိ ကရင်နီဒုက္ခသည်ဦးရေ ၁၀၀၀ ခန့်ကို လက်ခံထားရှိထားတယ်လို့သိရပါတယ်။

Created on Tuesday, 30 October 2012 10:42


No comments:

Post a Comment