Pages

Friday, 23 November 2012

ကျနော်နဲ့ သမိုင်းမှတ်တမ်းတင် တပည့်များ

ကျနော်လေ……………



ကျနော့်တပဲ့(ပည့်)တွေကို မေးဖူးတယ်၊
မင်းတို့ ဘွဲ့ယူ(ရ)ပြီးရင် ဘာလုပ်ကြမလဲ။
သူတို့ အများစု
စုပြီးများ တိုင်ပင်ထားကြသလား…..။

အိုး ဆရာကလဲ …….
ဘာလုပ်ရမှာလဲ၊
အဖေနဲ့အမေနဲ့ ဓာတ်ပုံ တွဲရိုက်ရမှာပေါ့တဲ့။


သူတို့ပြောတာ မမှားပေမယ့်
ကျနော့်ရင်ထဲမှာတော့ မချိ၊
သူတို့မှာလည်း အနာဂတ်မရှိ၊
ဟိဆို သွားဖြဲတော့ ပြခဲ့ရသပေါ့။

သူတို့ပြောတာ
သူတို့ အနာဂတ်မပါ၊
တိုင်းပြည်အနာဂတ်မပါ။

ကျနော်တို့ရဲ့ တက္ကသိုလ်ပညာ
မှားသလား မှန်သလား……………
ကျနော် တက္ကသိုလ်ဆရာ
ဥာဏ်မမီတော့ပါ။

ကျနော်ကတော့
သူတို့ အနာဂတ်အတွက်….
ကျနော်တို့ တိုင်းပြည်အတွက် စသဖြင့်ပေါ့ ....
သူတို့ကတော့
ဘ၀အတွက်
စားနပ်ရိက္ခာအတွက်
ဘာမှ မပံ့ပိုးနိုင်တဲ့ တက္ကသိုလ်ပညာ
ဓာတ်ပုံ ရိုက်ထားဖို့သာ………..။  

ဇော်မျိုးလှိုင် (ဒဂုံတက္ကသိုလ်)

No comments:

Post a Comment