Pages

Thursday, 15 November 2012

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်


 
 _____________________________________________________
 
7Day News Journal
၁၄ နိုဝင်ဘာလ ၂၀၁၂
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်တွင် မိန့်ခွန်းပြောကြားမည့်နေရာကို အမေရိကန်သံရုံးက လောလောဆယ်တွင် မထုတ် ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက် သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီဖြစ်သည်။
_________________________________အမေရိကန်သမ္မတအိုဘားမား၏ သမိုင်းဝင်မြန်မာခရီးစဉ်တွင် အာရှ၏ နာမည်ကျော်တက္ကသိုလ်ဖြစ်ခဲ့ဘူးသော ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည်(ထပ်မံလက်ဆင့်ကမ်း Share ပေးပါရ န်)
 
မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးလာရောက်ရန်ရှိသော အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားမည့် အစီအစဉ်ပါဝင်မည်ဖြစ်ရာ မိန့်ခွန်းပြောကြားမည့် နေရာကို သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်အားရွေးချယ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ကန့်သတ်ထားသော ဧည့်သည် အရေ အတွက်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ်ဝင်းကို ပြုပြင်မွန်းမံမှုများပြုလုပ်နေပြီး လုံခြုံရေးများချထားကြောင်း PDK မှ သတင်းရရှိသည်။

News By: People Development for Knowledge
အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်

Wednesday, 14 November 2012

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာေ ရာက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏သမိုင်းဝင်ခရီးစဉ်တွင် မိန့်ခွန်းပြောကြားမည့်နေရာကိုအမေရိကန် သံရုံးက လောလောဆယ်တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက် သတင်း ရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီ ဖြစ်သည်။ ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်းခွန်းပြောကြား မည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟုခန့်မှန်းပြောဆိုနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲ ကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။


Ref 7Days

No comments:

Post a Comment