Pages

Thursday, 22 November 2012

ကဲ …. ကျနော်တို့တွေ ဒီအရပ် ဒီဇတ်မှာ ဘယ်နေရာက ကကြရမလဲ



ပညာရေးစစ်ပွဲလို့ခေါ်တဲ့ ပညာရေးအပေါ် အပြင်းအထန်တိုက်ခိုက်ခံရတာကတော့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲတိုက်ခိုက်ခံရတာက စတာပါဘဲ ။ ၈၈ နောက်ပိုင်းကာလကတော့ အမှောင်ဆုံးနေ့ရက်တွေပါဘဲ။ အစိုးရက တက္ကသိုလ်ကျောင်းတွေကိုပိတ်ပစ်ပြီး ကျောင်းသားတွေကို မြို.ပြင်ဆင်ခြေဖုံးတွေကို ပို့လိုက်ပြန်တယ်။ စစ်အစိုးရရဲ့ “ကျောင်းသားတွေကို ငြိမ်ဝပ်ပိပြားစေချင်တဲ့အတွက်ကြောင့် ကျောင်းသားတွေရဲ့ တက္ကသိုလ်ဘ၀ ဖြတ်သန်းမှုဟာ တစ်ကွဲတစ်ပြားစီ လွင့်စင်ခဲ့ရပါတယ်”လို့ ဗြိတိသျှပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောခဲ့ဘူးပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေလိုအပ်နေပါပြီ ။ကျောင်းတွေနဲ့သင်ရိုးတင် မဟုတ်ပါဘူး၊ ဆရာ ဆရာမတွေကို လေ့ကျင်ပေးဖို့နဲ့ ပညာရေးအပေါ်ထားရှိတဲ့ အရမ်းကျဉ်းမြောင်း တင်းကြပ်တဲ့ သဘောထားကိုပါ ပြောင်းလဲဖို့လိုနေပါပြီ”လို့လည်း အောက်စဖို့တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ပါသေးတယ်။
ဘွဲ့ရကျောင်းသားတွေရဲ့ (၇၀) ရာခိုင်နူန်းကျော်ဟာ အဝေးသင်ပညာရေးနဲ့ ကျောင်ပြီးတာဖြစ်ပြီး အဝေးသင်ပညာရေးဆိုတာကလည်း တစ်နှစ်မှာ (၁၀) ရက်လောက် ကျောင်းတက် ၊ အသံသွင်းတိတ်ခွေ ၊ အိမ်မှာဘဲလုပ်ရတဲ့ ရိုးရှင်းလွန်းတဲ့လေ့ကျင့်ခန်းတွေနဲ့ ပေါင်းစပ်ထားတဲ့ပညာရေးစနစ်ပါ။ တစ်ကယ်တမ်း ပညာရပ်တွေကို စစ်မှန်မှန်တတ်ခဲ့ရင် အသက်(၄၀) တန်း ပညာတတ်တစ်ယောက်ဟာ အစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိပ်တန်းရာထူးတွေဆီ ရောက်နေရမယ့်အရွယ်ပေါ့ ။ နိုင်ငံရပ်ခြားမှာ ပညာ သင်ကြားခွင့်ရတဲ့လူတန်းစားဆိုတာကလည်း တစ်တိုင်းပြည်လုံးနဲ့ယှဉ်ယင် လက်တစ်ဆုပ်စာပါ။ မြန်မာပြည်ကပေးတဲ့ ဒေါက်တာဘွဲ့၊ ပါမောက္ခရာထူးဆိုတာလည်း နိုင်ငံတကာမှာ ကျမ်းရွက်ပြောတာတောင် ဘယ်သူမှအယုံအကြည်မရှိတဲ့အဆင့်။ “မြန်မာပြည်မှာတော့ ပါမောက္ခတွေဟာ သုတေသနလုပ်စရာမလိုဘူး ၊ စာတမ်းရေးစရာမလိုဘူး ၊ ကွန်ဖရင့်တွေတက်စရာမလိုဘူး ၊ သောကြာနေ့မှာ အစိုးရကို လျှောက်လွှာ တင်လိုက်ရင် တနင်္လာနေ့မှာ ခင်ဗျားပါမောက္ခတစ်ယောက်ဖြစ်နိုင်တယ်” ဟု ဒေါက်တာဖုန်းဝင်းကလည်း ပြောဖူးပါသည် ။
အခု …..
မြန်မာပြည် တံခါးပေါက်ကနေ ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတော့မယ်။ အနောက်နိုင်ငံ ဥရောပနိုင်ငံတွေပါ ပါလာပြီ ။ဘယ်မှာလဲ ကိုယ့်ဘက်က ကျွမ်းကျင်ပညာရှင်။ ယူနက်စကိုက ပညာရေးကျွမ်းကျင်သူ ဆာဒါယူမာ အလမ်ကတော့ “ပြည်တွင်းမှာရှိတဲ့သူတွေက အလုပ်အကိုင်နေရာတွေအတွက် အရည်သွေးမမီရင် သူတို့ ဘာသာသူတို့ ကျွမ်းကျင်ပညာရှင်တွေခေါ်လာမှာဖြစ်လို့  ပြည်တွင်းကလူတွေ အခွင့်အလမ်းဆုံးရှုံးပြီး မြန်မာပြည်ဟာ ခေါင်းပုံဖြတ်ခံရနိုင်ပါတယ်” တဲ့ ။
ကဲ …… ကျနော်တို့တွေ ဒီ အရပ် ဒီ ဇတ်မှာ ဘယ်နေရာက ကကြရမလဲဆိုတာ တွေးကြည့်ပေတော့ ။
အခုထိ ရန်ကုန်တက္ကသိုလ်ကြီးပြန်ဖွင်ဖို့ေ၀၀ါးဆဲ။
Written by သစ္စာ
(၁၂-၁၁-၂၀၁၂)
http://www.facebook.com/thit.sar.7564 မှပြန်လည်ကူးယူဖော်ပြသည်။

No comments:

Post a Comment