Pages

Tuesday, 11 December 2012

ဆရာမရိုက်လို့ ကျောင်းသား ကျောက်ပတ်တီးကိုင်ရ



ဒဂုံမြို့သစ်အရှေ့ပိုင်း အ.မ.က (၃) ကျောင်းမှ သူငယ်တန်း ကျောင်းသား မောင်ဇာနည်လမင်းအား အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲကြေး ၁ဝဝ မပေးသဖြင့် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် သံပေတံနှင့် ရိုက်လိုက်ရာ လက်ကျိုးသွားခဲ့ကြောင်း သိရသည်။
"နှုတ်ဆက်ပွဲကြေး မပေးလို့ဆိုပြီး သားလက်သီးဆုပ်ကိုရိုက်တာ။ နာလို့သားက ရှောင်လိုက်တာ။ နောက်တစ်ချက်က တံတောင်ဆစ်နားကိုထိပြီး လက်ကျိုးသွားတာပါ" ဟု ကျောင်းသားမိဘ ကိုအောင်ခန့်ဝင်းကပြောသည်။ ထိုကဲ့သို့ ရိုက်နှက်ခဲ့မှုကို အခြားအခန်းတူ ကျောင်းသားများလည်း မြင်တွေ့ခဲ့ရကြောင်း ပြောသည်။

"ကလေးက မပြောဘူး။ ဆရာမကိုကြောက်လို့။ ရေချိုးပေးရင်း ကြေးတွန်းပေးမှနာလို့ဆိုပြီး အတင်း မေးတော့မှ သိတာ။ အဲဒါနဲ့ ဆေးရုံသွားပြီးပြတော့ ကျောက်ပတ်တီးစည်းပေးလိုက်။ ကလေးက ဘယ်သန်။ ဖြစ်တာလည်း ဘယ်ဘက်ဆိုတော့ အခုထမင်းလည်း ခွံ့ကျွေးနေရတယ်။ စာလည်း မရေးနိုင်ဘူး ရဲစခန်းမှာ အမှုဖွင့်ထားတယ်" ဟု ကိုအောင်စန်းဝင်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာမအား ဆက်သွယ်မေးမြန်းရာတွင် ဘာမှမပြောနိုင်ကြောင်း ပြောသည်။ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရဲစခန်းသို့ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဆက်သွယ်မေးမြန်းရာ စခန်းမှ တာဝန်မှူးက "ဒီအမှုကိုစခန်းမှာ အမှုမဖွင့်ထားပါဘူး။ ပုံစံ က/စ နဲ့ သွားတာ။ တရားရုံး ဦးတိုက်လျှောက်တဲ့ အမှုပါ" ဟု ပြောသည်။
မောင်ဇာနည်လမင်း၏ လက်မှာ ထပ်မံနာကျင်လာသဖြင့် နိုဝင်ဘာလ (၂၆) ရက်တွင် ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ပြီး နိုဝင်ဘာလ (၂၇) ရက်အထိ ကိုအောင်ခန့်ဝင်းက  ပြောသည်။
The Hot News Journal
Vol – 3, No – 118, Nov – 5, Dec – 2012 မှသတင်းနှင့်ဓာတ်ပုံကို ရယူဖော်ပြပါသည်။

No comments:

Post a Comment