Pages

Friday, 28 December 2012

ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှုတ်ထွက်ပေးပါ

ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအ၀င် ကျောင်းအာဏာပိုင်များမှ
သေဆုံးသူနှင့်ပတ်သတ်သောသတင်းများ ဖုံးဖိထားခြင်း။ တာဝန်မဲ့စွာ လျစ်လျူရှုခြင်း၊ ဖြစ်ရပ်မှန်အားထိန်ချန်ထားခြင်း နှင့်ပတ်သတ်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကွန်ပျူတာ တ.က.သ)မှ သေဆုံးသူမိသားစုများဝမ်းနည်းကြောင်းသွားရောက်
တွေ့ဆုံပြီး ကျောင်းဝင်းအတွင်းရှိ သူမ ကားတိုက်ခံရသည့်နေရာတွင်
သေဆုံးသူအားရည်စူးပြီး သာဓုကန်ဆရာတော်အပါအ၀င် သံဃာတော်များအား
ပင့်ဖိတ်ကာ အမျှအတန်းပေးဝေပွဲကိုယနေ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
ကျောင်းဝင်းအတွင်းရှိ ကုက္ကိုလ်ပင်အောက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း
ကျောင်းအာဏာပိုင်များမှ ထိုကဲ့သို့ သေဆုံးသည့် သတင်းပေါက်ကြား
သွားမည်ကို စိုးရိမ်သောကြောင့် အမျှအတန်းဝေပွဲအားမပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့ခြင်းကြောင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ
သမဂ္ဂ မှဦးဆောင်ပြီး ကျောင်း၏မုခ်ဦးဝတွင် ခုံများခင်းကျင်းကာ ကျောင်းသား
ကျောင်းသူပေါင်း ၁၀၀ နေီးပါးခန့်နှင့်အတူ ရေစက်ချအမျှအတန်းပေးဝေခဲ့ပြီး
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှထုတ်ပြန်သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။

No comments:

Post a Comment