ဒဂုံ တ.က.သ အဖွဲ့ဝင်များကို ကျောင်းလုံခြုံရေးကားဖြင့် ခေါ်ယူသတိပေးခံရစဉ်
ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရသည့်အခြေအနေ သုံးသပ်ချက်ကို မဇင်မာလွင်က "ဆရာတွေပြောတာကတော့ ကျောင်းဝင်း အတွင်းမှာ လုပ်ခွင့် မရှိဘူးတဲ့။ ဘာကြောင့်လဲဆိုတာ ကျွန်မတို့ နားမလည်နိုင်ဘူး။ အခုကျောင်းအပြင်မှာဆို ပွဲတွေကို တရားဝင် လုပ်နေကြတယ်။ စေတနာဝသန်ပွဲဆို သမ္မတရုံး ၀န်ကြီးတွေတောင် အသိအမှတ်ပြု အားပေးတယ်။ မီဒီယာလောကမှာဆိုလည်း ကျွန်မတို့လို ကျောင်းတွင်း အဖွဲ့အစည်းတွေရော၊ အခြားနိုင်ငံရေး အဖွဲ့အစည်းတွေရော တရားဝင်မှုရှိတယ်။ N.L.Dပါတီတို့၊ ပြည်ခိုင်ဖြိုး ပါတီတို့၊ အလုပ်သမားအဖွဲ့အစည်းတို့၊ အခြားအဖွဲ့အစည်းတွေ အုန်းအုန်းထ တရားဝင် ဖွဲ့စည်းနေကြချိန်မှာ ဘာလို့ ကျောင်းသားသမဂ္ဂဆိုတဲ့ ကျောင်းသားတွေရဲ့နစ်နာချက်တွေကို ဦးဆောင်ပြောဆိုပေးမယ့် ကျောင်းတွင်း အဖွဲ့အစည်းတစ်ခုကို ဘာလို့ ကျောင်းထဲမှာ လက်မခံနိုင် ရတာလဲ။ အခုဆိုပြုပြင်ပြောင်းလဲရေး ကာလပါ။ ဒီကာလမှာ ပျက်စီးနေတာကို ပျက်စီးနေတယ်လို့ ပြောတဲ့သူရှိရမယ်။ မပြောင်းလဲ သေးတာကို ပြောင်းလဲလာအောင် ပြောနေတဲ့အဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒါမှ အရှိန်အဟုန်နဲ့ တိုးတက်ကောင်းမွန်လာမှာပါ။ မြန်မာ့ ပညာရေးလောကကြီး တိုးတက် ကောင်းမွန်လာဖို့ပဲ ကျွန်မတို့ ရည်ရွယ်တာပါ။ ဆရာတို့ အနေနဲ့လည်း နားလည်မှုရှိရှိနဲ့ ကျွန်မတို့ကို ကူညီစေချင်ပါတယ်။ ကျွန်မတို့လူစုတာ သူပုန်ထဖို့အတွက် မဟုတ်ပါဘူး။ ကျွန်မတို့လူစုတာ ကျွန်မတို့ ပညာရေးလောကရဲ့ ပျက်စီးနေ တာတွေကို အတတ်နိုင်ဆုံး ကူညီပြုပြင်မလို့ပါ။ ဆရာတို့ နားလည်စေချင်ပါတယ်။" ဟု ပြောပြခဲ့သည်။
(Dagon University Students' Union)
No comments:
Post a Comment