Pages

Monday, 24 December 2012

မြန်မာ့ပညာရေးတွင် အအောင်မြင်ဆုံးသော ကဏ္ဍ


အာရှ ပစိဖိတ်ဒေသတွင်း အစိုးရများအနေဖြင့် မူကြိုကလေးပညာရေး ECE အတွက် ပိုမို ရင်းနှီးမြှပ်နှံကြရန် Education International EI က တိုက်တွန်းလိုက်သည်။ ကွာလာလမ်ပူမြို့တွင် ဒီဇင်ဘာ ၁၅-၁၆ ရက်နေ့များတွင် ကျင်းပခဲ့သည့် EI အလုပ်အဖွဲ့က မူကြိုဆရာများနှင့် သင်တန်းအတွက် ပိုမို သုံးစွဲရန်အရေးကြီးကြောင်း ထောက်ပြခဲ့ကြသည်။
လုပ်ငန်းအဖွဲ့တွင် သြစတြေးလျ AEU, အိန္ဒိယ AIPTF, တောင်ကိုးရီးယား KTU, မလေးရှား NUTP, ဖိလစ်ပိုင် ACT နိုင်ငံများမှ ပညာရေးသမဂ္ဂများ ပါဝင်ဖွဲ့စည်းထားသည်။ ပညာရေးအသင်းအဖွဲ့များ၊ သမဂ္ဂများနှင့် အစိုးရများက ECE ကို ဦးစားပေး လုပ်ဆောင်ရန်အတွက် လှုံ့ဆော်ထားသည်။

မူကြိုပညာရေးမှာ ပညာရေးအဆင့်များအနက် အရေးအကြီးဆုံးဖြစ်ကြောင်း ပညာရှင်များက တင်ပြထားကြသည်။
မြန်မာနိုင်ငံတွင်လည်း စီးပွားဖြစ် မူကြိုသင်တန်းများ၊ ကျောင်းများ လမ်းထောင့်တိုင်းတွင် ပေါ်ထွက်လာနေသည်မှာ အားရစရာကောင်းသည်ဟု ထင်မြင်ယူဆပါသည်။ မြန်မာ့ပညာရေးတွင် အအောင်မြင်ဆုံးကဏ္ဍဟု ဆိုရပါမည်။
မြတ်ပန်းရှင်
Source: EI & Maukkha research

No comments:

Post a Comment