Pages

Tuesday, 25 December 2012

ခေါင်းပုံဖြတ်ခံရသော ဖိလစ်ပိုင် ရွှေ့ပြောင်းကျောင်းဆရာများ အမှု အနိုင်ရရှိ


ဖိလစ်ပိုင် ကျောင်းဆရာ ၃၅၀ ဦးအား လျော်ကြေးငွေ ၄ ဒသမ ၅ သန်း ပေးဆောင်ရန် လော့စ်အိန်ဂျလိစ် ဖက်ဒရယ်တရားရုံးက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုအား ပြစ်ဒဏ်ချမှတ်လိုက်သည်။
ရွှေ့ပြောင်း ဧည့်ကျောင်းဆရာအစီအစဉ်အရ ရောက်ရှိလာခဲ့ကြသည့် ဖိလစ်ပိုင်ကျောင်းဆရာများအပေါ်တွင် အလုပ်စာချုပ်ဖြင့် မတရား ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သည့်အမှုဖြစ်သည်။

ကျောင်းဆရာအလုပ်ရရှိရေးအတွက် ရှာဖွေရေးအေဂျင်စီသို့ သတ်မှတ်ထားသည့် နှုန်းထက် အဆပေါင်းများစွာ တိုးမြှင့်ပြီး တစ်ဦးလျှင် ဒေါ်လာ တစ်သောင်းခြောက်ထောင် ပေးဆောင်ခဲ့ကြရသည်။ ထို့အပြင် အတိုးနှုန်းလည်း ပေးရသေးသည်။ လစာငွေထဲမှ ၁၀ ရာခိုင်နှုန်းကိုလည်း ပေးဆောင်ရန် ခံဝန်ချက် လက်မှတ်ထိုးထားခဲ့ရသည်။
ဤသို့လုပ်ဆောင်ချက်များမှာ တရားဥပဒေနှင့် မညီညွတ်သည့်အပြင် ခေါင်းပုံဖြတ်လာဘ်စားသည့်အတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“ဒီအမှု ဆုံးဖြတ်ချက်ဟာ ဘယ်နိုင်ငံက လာသည်ဖြစ်စေ ကျောင်းဆရာများအနေနဲ့ တရားမျှတမှုကို ရရှိခံစားသင့်တယ်ဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။” အမေရိကန် ကျောင်းဆရာဖက်ဒရေးရှင်းအဖွဲ့ချုပ် AFT ဥက္ကဌ Randi Weingarten က ပြောကြားခဲ့သည်။
နိုင်ငံတကာပညာရေးသမဂ္ဂများ အဖွဲ့ချုပ် Education International အတွင်းရေးမှူးချုပ် Fred van Leeuwen ကလည်း “ကမ္ဘာ့အနှံ့အပြားမှာ ရွှေ့ပြောင်းကျောင်းဆရာများဟာ စော်ကားခံနေကြရတယ်။ အခြေခံ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖေါက်တာကို ခံစားနေကြရတယ်။ သမဂ္ဂများက ဒီအချက်တွေကို မီးမောင်းထိုးတင်ပြထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
“ဒီတရားရုံးဆုံးဖြတ်ချက်ဟာ ရွှေ့ပြောင်းကျောင်းဆရာများအပေါ်မှာ မတရားလုပ်တာကို သည်းမခံနိုင်ဘူး ဆိုတဲ့ အချက်ကို ထင်ထင်ရှားရှား ပြသလိုက်တာလည်းဖြစ်ပါတယ်။” EI အတွင်းရေးမှူးချုပ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
မြတ်ပန်းရှင်
မောက္ခနိုင်ငံတကာပညာရေးလှုပ်ရှားမှုသတင်း

No comments:

Post a Comment