လာမည့် ၂ဝ၁၃ ပညာသင်နှစ် အတွက် ပြင်သစ် နိုင်ငံရှိ University Montpelier 2
တက္ကသိုလ် တွင် မန္တလေး တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ အတွက် မဟာဘွဲ့၊
ပါရဂူဘွဲ့ နှင့် ပါရဂူ ဘွဲ့လွန် သင်တန်းများ တက်ရောက်ရန် ပညာသင်ဆု ၁ဝ ခု
ရရှိ ထားကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် က The Voice Weekly သို့
ပြောကြားသည်။
အဆိုပါ
တက္ကသိုလ်နှင့် ချိတ်ဆက် ထားသည့် ပနာစီယ (Panacea) ပရောဂျက် အရ သတ္တဗေဒ၊
ရုက္ခဗေဒ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ နှင့် ပထဝီ ဘာသာရပ်များ ပညာသင်ဆု အတွက်
သွားရောက် သင်ကြား နိုင်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“၂ဝ၁၃ ဇွန်လမှာ သွားတက် ရမှာပါ၊ အခု ကျောင်း လျှောက်လွှာတွေ ပို့တာတွေ လုပ်နေပါပြီ” ဟု မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် က ဆိုသည်။
ယင်း ပနာစီယ သည် ဥရောပ နိုင်ငံ များတွင် ပြင်သစ်၊ စပိန်၊ ဆွီဒင်၊ အီတလီ၊
ပိုလန် စသည့် နိုင်ငံများရှိ တက္ကသိုလ်များ နှင့် ချိတ်ဆက် ထားသည် ဟု မန္တလေး
တက္ကသိုလ် သင်တန်း ရေးရာ ဌာန မှ စုံစမ်း သိရှိရသည်။
ထိုင်းနိုင်ငံ
ရှိ တက္ကသိုလ် များကလည်း မန္တလေး တက္ကသိုလ်နှင့် ချိတ်ဆက် ဆောင်ရွက်ရန်
စိတ်ဝင်စားလျက် ရှိပြီး နှစ်နိုင်ငံ ကျောင်းသားများ ပညာ သင်ကြား နိုင်ရေး
လာရောက် ဆွေးနွေးမှုများ ရှိကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် က
ပြောသည်။
လာမည့် ၂ဝ၁၃ ပညာသင်နှစ် အတွက် ပြင်သစ် နိုင်ငံရှိ University Montpelier 2 တက္ကသိုလ် တွင် မန္တလေး တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ အတွက် မဟာဘွဲ့၊ ပါရဂူဘွဲ့ နှင့် ပါရဂူ ဘွဲ့လွန် သင်တန်းများ တက်ရောက်ရန် ပညာသင်ဆု ၁ဝ ခု ရရှိ ထားကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် က The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ တက္ကသိုလ်နှင့် ချိတ်ဆက် ထားသည့် ပနာစီယ (Panacea) ပရောဂျက် အရ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ နှင့် ပထဝီ ဘာသာရပ်များ ပညာသင်ဆု အတွက် သွားရောက် သင်ကြား နိုင်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“၂ဝ၁၃ ဇွန်လမှာ သွားတက် ရမှာပါ၊ အခု ကျောင်း လျှောက်လွှာတွေ ပို့တာတွေ လုပ်နေပါပြီ” ဟု မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် က ဆိုသည်။
ယင်း ပနာစီယ သည် ဥရောပ နိုင်ငံ များတွင် ပြင်သစ်၊ စပိန်၊ ဆွီဒင်၊ အီတလီ၊ ပိုလန် စသည့် နိုင်ငံများရှိ တက္ကသိုလ်များ နှင့် ချိတ်ဆက် ထားသည် ဟု မန္တလေး တက္ကသိုလ် သင်တန်း ရေးရာ ဌာန မှ စုံစမ်း သိရှိရသည်။
ထိုင်းနိုင်ငံ ရှိ တက္ကသိုလ် များကလည်း မန္တလေး တက္ကသိုလ်နှင့် ချိတ်ဆက် ဆောင်ရွက်ရန် စိတ်ဝင်စားလျက် ရှိပြီး နှစ်နိုင်ငံ ကျောင်းသားများ ပညာ သင်ကြား နိုင်ရေး လာရောက် ဆွေးနွေးမှုများ ရှိကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် က ပြောသည်။
No comments:
Post a Comment