Pages

Friday, 14 December 2012

အင်္ဂလိပ်စာ ဝါကျစီကုံး ဖွဲ့နွဲ့ခြင်း အနှစ်ချုပ်ကို ကျောင်းသင်ရိုး ညွှန်းတမ်း များတွင် ထည့်သွင်းရန် ဝန်ကြီးထံ တင်ပြမည်


အင်္ဂလိပ်စာ ဝါကျစီကုံး ဖွဲ့နွဲ့ခြင်း အနှစ်ချုပ် (Condense of Composition) ကို အစိုးရ၏ ကျောင်းသင်ရိုး များတွင် ထည့်သွင်း ပြဋ္ဌာန်း နိုင်ရန် ဦးမြကြိုင် ဦးဆောင်သော အင်္ဂလိပ်စာ ပညာဒါန သင်ကြား ပေးနေသည့် COC အဖွဲ့ က ပညာရေး ဝန်ကြီး ဒေါက်တာမြအေး သို့ စာတင်မည် ဖြစ်ကြောင်း COC အဖွဲ့ဝင် ဦးကျော်ဆန်းလှိုင်က ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် တော်ဝင်နှင်းဆီ ခန်းမ ၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား သည်။

ယခုနှစ်တွင် COC အဖွဲ့၏ ပညာဒါန သင်ကြား ပို့ချပေးသည့် နေရာပေါင်း ၆၀ ရှိခဲ့ရာ ယခင်နှစ်က သွားရောက် ပို့ချသည့် နေရာထက် သုံးဆကျော် မြင့်တက် လာကြောင်း COC ပညာဒါန အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

"အဲ့ဒီ ဝါကျစီကုံး ဖွဲ့နွဲ့ခြင်း အနှစ်ချုပ် (COC) ကို သင်လာတာ အနှစ် ၂ဝ ရှိနေပြီ။ အဲ့ဒီ COC ကို မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံရုံးမှာ သင်ဖို့ထိ ညွှန်ကြားချက် ပေးဖူးတယ်။ ပညာဒါန ပို့ချ ပေးတာထက် အစိုးရ ကပါ ဝင်ရောက် လုပ်ကိုင်ရင် ပိုပြီး အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်” ဟု ဦးမြကြိုင်က ပြောကြားသည်။

အဆိုပါ COC အဖွဲ့သည် အင်္ဂလိပ်စာ ဖတ်တတ် ချင်သော်လည်း မည်သို့ ချဉ်းကပ်ရန် မသိသော ကျောင်းသား ကျောင်းသူများ အတွက် အင်္ဂလိပ်စာ ဖတ်တတ်စေရန် နှင့် ကျောင်းသား တို့၏ တွေးခေါ် တတ်မှု၊ စဉ်းစားတတ်မှု တို့ အထိပါ ဆွဲခေါ် နိုင်သည် အထိ တတ်မြောက် စေရန် ရည်ရွယ် သင်ကြားလျက် ရှိကြောင်း သိရှိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ The Voice Daily Newsletter
 

No comments:

Post a Comment