Pages

Friday, 21 December 2012

ကျောင်းသားမိဘများကို ခေါ်ပြီးဆွေးနွေးလျှင် ဒဏ်ရိုက်မည်





အိန္ဒိယအစိုးရက ကျောင်းဝင်ခွင့်အတွက် ကျောင်းသားမိဘများနှင့် ကျောင်းသားကို ခေါ်ယူကာ စုံစမ်း စစ်ဆေး မေးမြန်းခြင်းပြုလုပ်ပါက ဒဏ်ရိုက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ပြည်နယ် ပညာရေးဝန်ကြီး ရာဂျင်ဒရာ ဒါဒါက ကလေးများကို မူလတန်းဝင်ခွင့်ရရေးအတွက် မိဘများကို ခေါ်ယူ တွေ့ဆုံခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ဒဏ်ငွေအဖြစ် ရူပီး ၂၅၀၀၀ ပေးဆောင်ရမည်ဟုပြော ကြားခဲ့သည်။ အကယ်၍ မိဘများက မကျေနပ်သဖြင့် တိုင်ကြားလျှင် ကျောင်းအနေဖြင့် ဒဏ်ငွေ ရူပီး ၅၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။ ဒါဒါက ကျောင်းတွေ့ဆုံပွဲတစ်ခုတွင် ဥပဒေက ထိုသို့ မပြုလုပ်ရန် တားမြစ်ထားပါ လျက် ကျူးလွန်မည်ဆိုလျှင် ထိရောက်စွာအရေးယူမည်ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂ ရက်နေ့မှစပြီး ဒေသဆိုင်ရာ ကျောင်းအသီးသီးတွင် တာဝန်ရှိသူများကို ခန့်အပ်ထားပြီးဖြစ်ကြောင်း၊ ကျောင်းအုပ်ချုပ်သူများအနေဖြင့် ဥပဒေအတိုင်း မလိုက်နာလျှင် အုပ်ချုပ်ရေးအပိုင်းမှ အရေးယူမည်ဟုဆိုသည်။ ဒါဒါက ပညာသင်ကြားပိုင်ခွင့် အခွင့်အရေး အက်ဥပဒေအရ ကျောင်းများတွင်၊ ကျောင်းသားကို လက်ခံရန် အတွက် မိဘနှင့် ကျောင်းသားကို ခေါ်ယူဆွေးနွေး၊ တွေ့ဆုံမေးမြန်းခြင်းသည် ဥပဒေချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကျောင်းတက်မည့် ကျောင်းသားတစ်ဦး၏ မိဘစီးပွားရေးအခြေအနေ၊ ကျောင်းသား၏ ပညာရေးအနေအထားများကို ကြိုတင်လူတွေ့စစ်မေးသည့် ဓလေ့များရှိနေသဖြင့်၊ ကျောင်းသားအများစု ပညာသင်ကြားပိုင်ခွင့်ရရှိရေးကို အနှောင့်အယှက် အတားအဆီးဖြစ်စေသဖြင့် ထိုသို့ ဥပဒေထုတ်ကာ တားမြစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Written by ရွှေမောင်

No comments:

Post a Comment