Pages

Saturday, 15 December 2012

အမေစု၏ကလေးများ အမည်ရှိဂေဟာမှ လေလွင့်ကလေးများအား ကမ့်သွင်း၍ ပညာသင်ကြားပေး


ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့ နယ်ရှိ အမေစု၏ကလေးများအမည် ရှိဂေဟာတွင် လေလွင့်ကလေးငယ် များအား အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် အတန်းစာများ သင်ကြားပေးလျက်ရှိပြီး နိုဝင်ဘာ (၂၉) ရက်နေ့မှ စကာကလေးငယ် များအာ ကန့်သွင်း၍ ပညာသင် ကြားပေးလျက်ရှိကြောင်း အဆိုပါ ကျောင်းမှတာဝန်ခံကိုညီညီကပြော သည်။

“ကလေးတွေကို အသက်မွေး ၀မ်းကျောင်းပညာတွေသင်ပေး တယ်။ အခုကန့်သွင်းပြီးမင်္ဂလာဗျာ ယဉ်ကျေးလိမ္မာသင်တန်းတွေပေး နေတယ်။ စာသင်ပေးတယ်ဆိုတာ ရေးတက်ဖတ်တက်ဖို့ပါ။ ကလေး တွေက ကိုင်းပြည်ရဲ့ အနာဂတ်တွေ ဖြစ်တယ်။ ကလေးတွေကို စာရေး စာဖတ်အောင် မသင်ပေးနိုင်ဘူး ဆိုရင်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်။ သူတို့တွေက မြို့နယ်ရဲ့လူဆိုးလေး တွေဖြစ်လာနိုင်တယ်”ဟု ၎င်းင်းက ပြောသည်။

အဆိုပါကျောင်းကိုးဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် (၈၃၉) ခ၊ မြရည်နန္ဒလမ်း ၁၉ ရက်ကွက်တွင် ဖွင့်လှစ်ထားပြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် Centr-2 အား မကြာခင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။ “အခုလိုမျိုး ကျောင်းတွေဖွင့်ပြီးသင်ပေးတာ ကောင်းပါတယ်။ ဒီလိုအမှိုက် ကောက်တဲ့ ကလေးတွေအနေနဲ့လည်း အနည်းဆုံးတော့ စာရေး စာဖတ်လေးတော့တတ်သင့်တယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုသန်းမြင့်အောင်က သူ၏အမြင်ကိုပြောကြား သည်။
ဘိုဘိုမင်း
The Hot News

No comments:

Post a Comment