စစ်ဖြစ်နေသော ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်နှစ်ထက် ၂ဝဝဝ နီးပါး ပိုတိုးလာကြောင်း ကချင်ပြည်နယ် ပညာရေးဌာနစာရင်းများအရ သိရှိရသည်။
အစိုးရက ၂ဝ၁၃ ခုနှစ် မတ် လတွင် စစ်ဆေးမည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကချင်ပြည် နယ်၌ စာစစ်ဌာန ၄၈ ခု ဖွင့်လှစ် သွားရန်ရှိပြီးယခင်နှစ်က ဝင်ရောက် ဖြေဆိုသူ ၂ဝ၇၇၂ ဦးသာ ရှိနေခဲ့ရာ ယခုနှစ်တွင်မူ လျှောက်လွှာတင် ထားသူမှာ ၂၂၆၄၈ ဦး
ရှိသည်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဌာနမှ သိရသည်။
၂ဝ၁၁ ခုနှစ် ဇွန်လပိုင်းက စကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား မှုအရ ၁ နှစ်ခွဲ ကျော်လာသည့် အချိန်တွင် မြန်မာအစိုးရ ထိန်း ချုပ်မှု နယ်မြေအတွင်း၌ စစ်ရှောင် စခန်း ၈၄ ခု အထိရှိလာခဲ့သော်လည်း တက္ကသိုလ်ဝင်အဆင့် ကျောင်းသား၊ ကျောင်းသူ ပါဝင်မှု အချိုးအစား မှာ ရာခိုင်နှုန်းနည်းပါးနေမှုကြောင့်
အဖြူရောင်တွဲလက်များ အဖွဲ့ မှ ကိုဘိုဘိုကမူ ၄င်းတို့ သွားရောက် ကူညီပေးနေသော မန့်ဝိုင်းကြီး စခန်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အရေအတွက်မှာ လွန်စွာနည်းပါးကြောင်း ပြော သည်။
ကချင်ပြည်နယ် လူမှုရေးဝန် ကြီးဌာန စာရင်းအရ ပူတာအိုခရိုင် တွင် စာစစ်ဌာန ၅ ခု၊ မြစ်ကြီးနား ခရိုင်တွင် ၁၉ ခု၊ မိုးညှင်းခရိုင်တွင် ၁၅ ခုနှင့် ဗန်းမော်ခရိုင်တွင် ၉ ခု ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်သည့် အပြင် ယခုနှစ်တွင် ပူတာအိုနှင့် မြစ်ကြီးနားခရိုင် နှစ်ခုကိုခရိုင်
တစ်ခုတည်းအဖြစ် ကြီးကြပ်စစ် ဆေးသွားမည်ဟုလည်း ထပ်မံ သိရှိရသည်။
မင်းသုအောင်
အေးချမ်းမွန်မှ POPULAR MYANMAR NEW JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
No comments:
Post a Comment