ယနေ့
၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို
ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat)
သင်တန်းကိုY.I.E(ရန်ကုန်စီးပွား ရေး)တက္ကသိုလ်တွင်ဆက်လက်တက်ရောက် ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁)ဦးသန်းစိုးဦး နှင့် သင်တန်းရေးရာမှ မော်ကွန်းထိန်းဦးတင်အောင်မှခေါ် ယူ တွေ့ဆုံစကားပြောခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင်ကျနော့်အားတတိယနှစ်ပုံမှန်အတန်းမှာဆက်လက်တက်ရောက်ခွင့်နှ င့်ပတ်သတ်ပြီးငြင်းပယ် ခံခဲ့ရပြီးအဝေးသင်တက္ကသိုလ်သို့ပြောင်းရန် အတွက်ပညာရေးဝန်ကြီးဌာန နှင့်အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှညွန်ကြားချက်စာ အားပေးခဲ့ပါသည်။အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အားတက်ရောက်ခွင့်မပြုခဲ့ရပါသနည်းဟုမေးမြန်းကြည့်သောအခါအကြောင်းပြချက်ကိုဆရာတို့အနေနှင့်မသိပါကြောင်းယခုညွန်ြ ကားစာကိုသာလက်ခံရရှိပါကြောင်းနှ င့်အဝေးသင်တက္ကသိုလ်တွင်စီးပွားေ ရးဘာသာရပ်ဖြင့်ဆက်လက်ပညာသင်ကြား ခွင့်ပေးထားပါကြောင်း။ထိုသို့တက်ရောက်ခွင့်ပြုသော်လည်း ကျောင်းပြန်လည်အပ်နှံသည့်အခါမိဘ များကိုယ်တိုင်လိုက်ပါအပ်နှံပြီးခံဝန်ကတိလက်မှတ်ရေးထိုးဖို့လို မည်ဖြစ်ကြောင်းထို့ကြောင့်ရန်ကု န်အဝေးသင်တက္ကသိုလ်သို့ဆက်လက်ဆက် သွယ်ဆောင်ရွက်ပါရန်အသိပေးလိုပါေ ကြာင်းပြောကြားခဲ့ပါသည်။ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကျောင်းသားလှုပ်ရှားမှုဖြင့်စစ်အစိုးရမှဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ်ကမပြီး ပြတ်သေးသောနေ့သင်တန်းကိုသာဆက်လက်တက်ရောက်နိုင်ရေးထပ်မံကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာကျွန်တော့်၃နှစ်တိတိကြိုးစားသ င်ယူခဲ့ရသောInstituteမှပေးမည့်B .Econ(stat)မေဂျာလုံးဝမရှိပါကြောင်းနှင့်သင်ကြားရမည့်ဘာသာရပ်များသင်ရိုးများလုံးဝမတူညီသည့်အတွ က်ကြောင့်ကျွန်တော့်အနေဖြင့်၎င်းအဝေးသင်တက္ကသိုလ်ကိုလုံးဝ(လုံးဝ )တက်ရောက်လိမ့်မည်မဟုတ်ဟုငြင်းပ ယ်ခဲ့ပါသည်။နိုင်ငံတော်သမ္မတကြီး မှဒီမိုကရေစီအသွင်ကူးပြောင်းရေး ခေတ်ဟုကြွေးကြော်၍ပြည်ပသို့ရောက်ရှိနေသောသူများကိုပင်နာမည်ပျက် စာရင်း(BlackList)မှပယ်ဖျက်ပေြး ပီး ပြည်တွင်းသို့ပြန်လည်ဖိတ်ခေါ်ကာအ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်ပြုလုပ်နေသည်ဆိုသော်လည်းယ္ခုကဲ့သို့ ပညာရေးဝန်ကြီးဌာနအပါအဝင်သက်ဆို င်ရာအာဏာပိုင်များမှအကျဉ်းထောင် အတွင်းမှလွတ်မြောက်လာသောတက္ကသိုလ်ကျောင်းသားများပညာဆက်လက်သင်ယူနိုင်ရေးအားငြင်းပယ်လိုက်ခြင်းသည်တိုင်းပြည်အတွက်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာထိခိုက်နိုင်ပါသည်ဟုယူဆမိပါသည်။ယ္ခုဖြစ်စဉ်နှင့်ပတ် သက်၍အကျဉ်းထောင်အတွင်းမှလွတ်မြောက်လာသောယုံကြည်ချက်ဖြင့်အကျဉ်း ကျခံရသည့်ကျောင်းသား/ ကျောင်းသူများစုပေါင်း၍သက်ဆိုင်ရာကျောင်းများတွင်သင်ကြားနေဆဲဘာသာရပ်အတန်းများတွင်ဆက်လက်သင်ကြား ခွင့်ရရေးအတွက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။သက်ဆိုင်ရာသတင်းမီဒီယာများ၊နိုင်ငံတော်သမ္မအပါအ ဝင်အာဏာပိုင်အဖွဲ့အစည်းများ၊လွတ်တော်များ၊လူ့အခွင့်အရေးစောင့်ြ ကည့်လေ့လာနေသူများအားလုံးထံသို့ ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။ စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep
by: Sithu Maung
No comments:
Post a Comment