Pages

Sunday, 17 March 2013

ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၏ လက်အောက်ဝန်ထမ်းမျာကို မတရားဖိနှိပ်ခိုင်းစေမှု

ပေးပို့သူ – မေသော်တာ (ဟင်္သာတသူ)
မတ် ၁၈၊ ၂ဝ၁၃ MoeMaKa Burmese News & Media 

ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏ လက်အောက် ဝန်ထမ်းများအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့အဖွဲ့ကို လွှတ်ပေးပါ။ 

ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည် ဆရာ။ ဆရာမ များနှင့် ဝန်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။ နိမ့်ချ ပြောဆို ဆက်ဆံ တယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။ 

တာဝန်ချိန်ထက် တစ်နာရီစောပြီး ကျောင်းကိုလာရတယ်။ အလှည့်ကျ ဆရာ ဆရာမများနှင့် ရုံးဝန်း ထမ်းများအား သူ၏သမီး ကျောင်ကြိုပို့လုပ်ငန်း အား အလှည့်ကျလုပ်ပေးရတယ်။ သူအိမ်က ပန်းကန် ကအစ ဆေးပေးရတယ်။ 

ရုံတက်ချိန် မနက် 93း0 မှ ည 43း0 ပြီးဆုံးသော်လည်း ကျောင်းအလုပ်မဟုတ်ဘဲ သူအိမ် အလုပ် 
တွေ သူခိုင်းတာတွေကို မပြီးမချင်း လုပ်နေရပြီး ညနေ 6း00 နာရီကျော်မှ ပြန်ရတယ်။ ၂ဝ၁၂ ခုနှစ် က သိပ္ပံနှင့် နည်းပညာဌာနသို့ တရားဝင်တိုင်ကြားခဲ့ကြသော်လည်း၊ လာ စစ်တဲ့အဖွဲ့ထဲက အဓိက လူတွေဖြစ်သော ဒေါ်ခင်မှတ် (စီမံ) နှင့် ဒေါ်နွယ်န တို့နှစ်ဦးကို တန်းဘိုးကြီးပစ္စည်းများ ပေးပြီး လာဘ် ထိုးသောကြောင့်ဒီအတိုင်းဘဲ ပြီးသွားခဲ့ပါတယ်။

တိုင်းကြားတဲ့ အကြောင်းအရာတွေအားလုံး မှန်ကန်နေသော်လည်း မည်သိုမျှအရေး ယူဆောင် ရွက်ခြင်း မရှိပါဘူး။ ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းဇော် ၏ ဆရာ။ ဆရာမ များ နှင့် ဝန် ထမ်း အပေါ် မတရား ခိုင်းနေတဲ့အတွက်ကြောင့် အထက်က တာဝန် ရှိသူများသိစေရန် တင်ပြ လိုက်ပါတယ် ။

http://moemaka.com/?p=33290

No comments:

Post a Comment