Oxford
Summer Camp အစီအစဉ်အရ သင်ယူခွင့်ရခြင်းလည်းဖြစ်သည်။ အင်္ဂလန်ရှိ ကမ္ဘာကျော်
အောက်ဖို့တက္ကသိုလ်တွင် သင်ခန်းစာများအား လက်တွေ့ သင်ယူခြင်းအပါအ၀င်၊ Oxford
University သို့  ၀င်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်သည့်
လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် တွေ့  ဆုံဆွေးနွေးနိုင်မည့်
Oxford Summer Camp အစီအစဉ် ကို CROWN Education မှ
စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါ
အစီအစဉ်ကို နိုင်ငံတကာကျောင်းများမှ ကျောင်းသားများနှင့်
(၁၀)တန်းဖြေဆိုထားပြီး အောင်စာရင်းစောင့်နေသည့်
ကျောင်းသူကျောင်းသားများပါ လိုက်ပါ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကာ
စိတ်ဝင်စားသောကျောင်းသားကျောင်းသူ များမှာ ဧပြီလဒုတိယအပတ်တွင် နောက်ဆုံးထား
လျှောက်ထားရမည်ဖြစ်ပါသည်။
လျှောက်လွှာများကို
မတ်လ(၂၂)ရက် နှင့် (၂၄)ရက်တို့ တွင်
ရန်ကုန်နှင့်မန္တလေးမြို့များတွင်တွင်ပြုလုပ်မည့် နိုင်ငံတကာပညာရေးပြပွဲတွင်
လျှောက်ထားနိုင်ကြောင်း CROWN Education
မှတာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊
ကမ္ဘာတစ်ဝှမ်းရှိ
အသက်(၁၆)နှစ်မှ(၂၀)အတွင်း လူငယ်များအတွက် အောက်ဖို့တက္ကသိုလ်၏ ပညာရေးစနစ်၊
Campus Life နှင့်အင်္ဂလန်နိုင်ငံ၏ ဗဟုသုတ များရရှိစေရန် ရည်ရွယ်၍ Oxford
Summer Academy အစီအစဉ်နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရသည်။
မြန်မာနိုင်ငံမှကျောင်းသားများအတွက်
ပထမဆုံးအကြီမ် တက်ရောက်လေ့လာနိုင်မည့်အစီအစဉ်ကို CROWN Education နှင့်
Oxford Summer Academy တိုမှ ပူးပေါင်း စီစဉ်ခြင်းဖြစ်သည်၊၊
ပုံမှန်အားဖြင့်အောက်ဖို့တက္ကသိုလ်ကြီးသို့
ဝင်ခွင့်ရရှိရန် ခက်ခဲ လေ့ရှိသော်လည်း ယခု Oxford Summer Academy
အစီအစဉ်အတွက် ၀င်ခွင့်သီးသန့်လျှောက်ထားစရာ မလိုအပ်ပဲ ပြပွဲမှ
လျှောက်လွှာများရယူကာ လျှောက်ထားနိုင်ခြင်းဖြစ် သည်၊၊
“ဒီအစဉ်မှာကမ္ဘာကျော်အောက်စဖို့တက္ကသိုလ်ကြီးရဲ့ ခန့်ငြားထည်ဝါမူ့နဲသင်ကြားပို့ချမှု အတွေ့အကြုံတွေကို မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Oxford University ကိုဝင်
ခွင့်လျှောက် ထားလိုတဲ့ ကျောင်းသူကျောင်းသား များအနေနဲ့  Oxford
University က Admission Team တွေနဲ့  တွေ့ ဆုံခွင့်ကိုပါ
ရရှိမှာဖြစ်ပါတယ်"ဟု Crown Eduaction မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
Oxford
Summer Academy အစီအစဉ်သည် (၁၄) ရက်ကြာမြင့်မည်ဖြစ်ကာ အောက်စဖို့
တက္ကသိုလ်၊ ကိန်းဘရစ် တက္ကသိုလ်၊ အစရှိ သော နေရာများ သို့ သွားရောက်လေ့လာ
ရမည့်အစီအစဉ်များပါရှိကြောင်း သိရသည်။ အဆိုပါအစီအစဉ်၌ Lecture ၊ Discussion
Session ၊ Activity၊ Excursion ၊ Workshop နှင့် Evening Social Event
များစွာပါဝင်ပါသည်။ Oxford Summer Academy ၏ Lecture အစီအစဉ်တွင် Math
& Science ၊ Literature & Drama ၊ Social Science and Humanities
နှင့် Languages အစရှိသောတို့ကိုရွေးချယ်နိုင်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက်
တင်ပြ ဆွေးနွေးခြင်းများပါရှိကာ သက်ဆိုင်ရာ ဘာသာရပ် အလိုက်
အောက်စဖို့တက္ကသိုလ်၏ Lecturer များမှ ရှင်းလင်းသင်ကြား ပေမည်ဖြစ်သည်။
"ဒီအတွေ့အကြုံကနေပြီး
မိမိတို့ လေ့လာသင်ယူသင့်တဲ့  ဘာသာရပ်တွေနဲ့  ကလေးတွေအတွက် ရှေ့ဆက်လျှောက်
လှမ်းရမယ့် ပညာရေးခရီးလမ်းအတွက်များစွာအကျိုးကျေးဇူးပြုနိုင်မယ်လို့
ယုံကြည်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဒီအစီအစဉ်ကို
စီစဉ်ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်၊၊”ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ပြောကြားသည်၊၊
လျှောက်လွှာများကို
မတ်လ (၂၂) နေ့ တွင့် ရန်ကုန်မြို့ ၊ Summit Parkview Hotel နှင့် မတ်လ
(၂၄) ရက်နေ့ တွင် မန္တလေးမြို့ ၊ ဟိုတယ် မန္တလေးတို့ တွင် လာရောက်
ထုတ်ယူနိုင် ကြောင်းနှင့် အသေးစိတ်အချက်အလက် သိရှိ လိုသူများအတွက် CROWN Education ဖုန်း 09 732 732 77 နှင့် 09 5085 185 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
by Myit Makha Mediagroup on 1 Mar, 2013
No comments:
Post a Comment