Pages

Monday, 27 May 2013

မြ၀တီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ရင်ရင်ရှိန် စီမံခံ့ခွဲမှု အခြေအနေများကို တင်ပြခြင်း။


သို့

ဦးသိန်းစိန်
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီး

နေ့စွဲ။ ၂၃ - ၅ - ၂၀၁၃



မြ၀တီမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဖေဖော်ဝါရီလ၌ ကျင်းပသော ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ၊ န၀မတန်း(E)မှ ကျောင်းသူ၊ကျောင်းသား(၂)ဦး၏ ရူပဗေဒအဖြေလွှာစာရွက်(၂) ရွက်ပျောက်ဆုံးသွားပါသည်။

ပျောက်ဆုံးသွားသည်ကို အင်တာနက်ပေါ်၌ ဧပြီလ(၂၇)ရက်နေ့တွင် ဟစ်တိုင်မှ တင်ပြခဲ့ပြီဖြစ်ပါသည်။ သို့ရာတွင် မည်သို့မျှ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။ သမ္မတကြီးမှတစ်ဆင့် အရေးယူဆောင်ရွက်နိုင်ရန် ထပ်မံတင်ပြအပ်ပါသည်။

ကျောင်းအုပ်ဆရာမကြီးဒေါ်ရင်ရင်ရှိန်၏သမီးဖြစ်သူ နန်းနီနီရဲရှိန်(ချမ်းစိမ့်)သည် လွန်ခဲ့သည့်တစ်နှစ်ခွဲခန့်က ထီးဝါဖလောရွာသို့ ရာထူးတိုးရရှိခဲ့ပါသည်။ သို့သော် ၎င်းရွာသို့မသွားဘဲ အထက(မြ၀တီ)၌ တွဲဖက်တာဝန်ထမ်းဆောင်နေပါသည်။ ရွာမှကျောင်းအုပ်ဆရာကြီးက လာရောက်ခေါ်သောအခါ မသွားချင်ဘူးဟုငြင်းပါသည်။ ရွာမှဆရာကြီးက မသွားလို့မဖြစ်ကြောင်း၊ ရွာမှာဆရာ၊ဆရာမ အင်အားလိုနေကြောင်းပြောပါသည်။



အထက(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ရင်ရင်ရှိန်မှ အမှန်တကယ်အင်အားလိုနေလျှင် ၎င်း၏သမီးဖြစ်သူ ဒေါ်နန်းနီနီရဲရှိန်(ချမ်းစိမ့်) ရရှိသော နိုင်ငံတော်မှပေးသည့်လစာကို မိမိတို့မယူဘဲ ရွာမှသင့်တင့်သည့်ဆရာတစ်ဦးကို မိမိရရှိသောလစာငွေဖြင့် ငှားရမ်းပါဟု ပြောပါသည်။
ဤကဲ့သို့ တာဝန်ကျရာသို့မသွားဘဲ အထက(၁)မြ၀တီ၌ တွယ်ကပ်နေသည်ကို အများကသိသောအခါ ပြည်နယ်ပညာရေးမှူးအဟောင်းဦးစံယဉ်မှ နှုတ်မိန့်ဖြင့်တွဲထားသည်ဟု ပြောပါသည်။

ကျန်သောဆရာ၊ဆရာမများလည်း ပြည်နယ်ပညာရေးမှူးဦးစံယဉ်၏နှုတ်မိန့်ဖြင့်တွဲထားသည်ဟုဆိုပြီး အထက(၁)မြ၀တီ၌ ကျောင်းလာရောက်တက်မည်ဆိုပါက ကျောင်းအုပ်ဆရာမကြီးဒေါ်ရင်ရင်ရှိန် လက်ခံမည်လားဟု မေးကြည့်ချင်ပါသည်။


ယခုအခါ ဒေါ်နန်းနီနီရဲရှိန်သည် အထက(၁)မြ၀တီသို့ အပြောင်းအရွှေ့ရရန် ကြိုးစားနေပါသည်။
တာဝန်ကျရာရွာသို့မသွားဘဲ မြို့၌တွယ်ကပ်နေသည့်ဆရာမတစ်ဦးကို ပြောင်းရွှေ့ပေးမည်ဆိုပါက အခြားဆရာ၊ဆရာမများအတွက် အလွန်နစ်နာပါသည်။

သမ္မတကြီးအဆင်ပြေသလို စီစဉ်ညွှန်ကြားပေးပါ။ ပစ်စာမဟုတ်ပါ။ အမှန်အကန်တိုင်စာ ဖြစ်ပါသည်။

မြို့နယ်စာနယ်ဇင်း

No comments:

Post a Comment