Pages

Tuesday, 28 May 2013

မြ၀တီမြို့နယ်- မြို့နယ်ပညာရေးမှူးနဲ့ ကျပ်သိန်း(၃၀)


သို့

သက်ဆိုင်ရာဌာနများနှင့်ပြည်သူများအားသိစေရန်အတွက်

မြ၀တီမြို့နယ်တွင်တာဝန်ထမ်းဆောင်နေသော မြို့နယ်ပညာရေးမှူးသည်………………
မြ၀တီမြို့နယ်ရှိကျောင်းများတွင်သန့်စင်ခန်းဆောက်လုပ်ရန်တစ်မြို့နယ်လုံးရှိ ကျောင်းအကျိုးတော် ဆောင်များထံမှ ၀န်ဆောင်စရိတ် တောင်းခံရရှိငွေ ကျပ်သိန်း(၃၀)ရရှိခဲ့ပါသည်။



ယင်းဝန်ဆောင်စရိတ်မှ အသေးစားသုံးငွေဖြတ်တောက်မှု ၁၀%နှုန်းဖြတ်တောက ရာတွင်ကျပ်(၁၅) သိန်းကို ထပ်မံရရှိခဲ့ပါသည်။
ဆက်လက်ပြီး အ.လ.က( ခွဲ ) မဲထော်သလေးတွင် အလယ်တန်းပြ ဒေါ်တင်မိုးသူ၏ ညီမ မအိအိထွေး B.A (Eco) အား ကျေးရွာလုပ်အား ပေး ၀န်ထမ်းခန့်ထားခြင်းမရှိ ဘဲ လာဘ်စားကာ ၀န်ထမ်းဖြစ်မြောက် ရေးအတွက် လုပ်ဆောင်ပေးခဲ့ပါသည်။

ကျောင်းထွက်လက်မှတ်များကိုနည်းအမျိုးမျိုး၊ပုံစံအမျိုးမျိုးဖြင့်ရစ်ပြီးဝါရင့်ကျောင်းအုပ်ကြီးများ ကိုပင် နှိပ်ကွပ်ခံရပါသည်။
ယခုဆိုလျှင် ၀န်ထမ်းများနှင့် ကျောင်းအုပ်များမှာ လကုန်ရက်ကို ကြောက်လန့် နေသည်မှာ ယခုပညာရေးမှူး တာဝန်ထမ်းဆောင်စဉ်မှစ၍ ၄လရှိခဲ့ပြီဖြစ်ပါသည်။
ဖြန့်ဝေထားသော စာအုပ်များရောင်းပေးရန်အတွက်ကျောင်းအုပ်များအား မြို့နယ်ပညာရေးမှူးကိုယ်တိုင် စာအုပ်ပုံပေါ် အိပ်ပြပြီး သတင်းသမား မီဒီယာများအားဓါတ်ပုံရိုက် ခံမည်ဖြစ်ကြောင်းကို မထီမဲ့မြင်ပြောကြားခဲ့သေး ပါသည်။
လကုန်ရက်ကိုမျှော်ရမည့်အစား လကုန်ရက်ကိုကြောက်လန့်နေကြသည့် ကျောင်းအုပ်ကြီး များ၏ ပြောစကားအရ ငွေရမည့်အရေးထက် မြို့နယ်ပညာရေးမှူး၏ နှိပ်ကွပ်မှုများကို မခံစားနိုင်ကြ သောကြောင့်ဖြစ်ပါသည်။


အဆိုပါ ဖြတ်တောက်ငွေများအားလုံးကိုစာရေးမကြီးမှဖြတ်တောက်ပြီး ပညာရေးမှူးနှင့် ဝေစားမျှစား ကြကြောင်းကိုလည်းမြ၀တီ တစ်မြို့နယ်လုံးအသိဖြစ်ပါသည်။
မြ၀တီမြို့နယ်၏ ပညာရေးအခြေအနေ မှာလည်း လုပ်ငန်းခွင်တွင် မပျော်မွေ့တော့သော ပညာရေး ၀န်ထမ်းများကြောင့် ဆုတ်ယုတ်လာ တော့မည်လို့ စိုးရိမ်ကြောင့်ကြမိပါသည်။

ပညာရေးဝန်ထမ်းများနှင့် ကျောင်းအုပ်အများစုမှာလည်း အလုပ်ထွက်ရန်ပင် စဉ်းစားနေကြပြီဖြစ်ပါ သည်။
ကျောင်းအုပ်အများစုမှာလည်း မိမိတို့၏အထက်အရာရှိဆိုးကြီး မြို့နယ်ပညာရေးမှူးအား ရွံကြောက်ကြီးဖြစ်လျှက် ပညာရေးမှူးရုံးရှေ့သို့ပင် ဖြတ်မလျှောက်ရဲ လောက်အောင် ကြောက်ရွံ့နေ ကြပါသည်။
ပညာရေးမှူးရုံးသည် ပညာရေးဝန်ထမ်းများ အားထားရာရုံးမဟုတ်တော့ဘဲ ကွေ့ပတ် ရှောင်စရာနေရာတစ်ခုပင်ဖြစ်နေတော့ပါသည်။

မြ၀တီမြို့နယ် ပညာရေးမှူးရုံးမှ စာရေးမကြီးဒေါ်တင်မို့မို့ညိုသည်လည်း ပညာရေးမှူးကြီး၏ လက် ရုံးတစ်ဆူဖြစ်ပြီး ကျောင်းအုပ်ကြီးများကိုပင် မထီမဲ့မြင်ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံလျှက်ရှိပါ သည်။

ထို့ကြောင့် မြ၀တီမြို့နယ်မှ မောက်မာထောင်လွှားပြီးခေါင်းပုံဖြတ်နေသော ပညာရေးမှူး နှင့် ၎င်း၏မဟာလက်ရုံး စာရေးမတို့ အားသက်ဆိုင်ရာများမှ အရေးယူဆောင်ရွက်ရှင်း လင်းဖယ်ရှားပေးနိုင်ပါစေရန်အသိပေးတင်ပြအပ်ပါသည်။ -

(ကျောင်းအုပ်ဆရာဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းအကျိုးတော် ဆောင်များ၏ပြောကြားချက်အရ)

- မြ၀တီမြို့နယ်စာနယ်ဇင်းတစ်ဦး --၂၈-၅-၂၀၁၃

No comments:

Post a Comment