Pages

Saturday, 13 July 2013

ကျောင်းဆရာ/မ မလုံလောက်တဲ့ကျောင်းမှာ တန်းတွဲသင်ကြားရတဲ့စနစ် အခက်အခဲရှိနေဟုဆို

ကယား(ကရင်နီ) ပြည်နယ်မှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ/မ မလုံလောက်လို့ အတန်းမတူတဲ့ ကျောင်းသားတွေကို တန်းတွဲသင်ကြားရတဲ့ စနစ်မှာ အခက်အခဲအများကြီး ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးကျော်ငြိမ်းက ပြောပါတယ်။

မူလတန်းကျောင်း ငွေပဒေသာပင်စာရင်းမရှင်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွာသားများ သက် ဆိုင်ရာသို့ တိုင်ကြား



မူလတန်းကျောင်း ငွေပဒေသာပင်များအား စာရင်းမရှင်းဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေခြင်းအပါအဝင် ပြစ်ချက်များစွာ ကျူးလွန်နေခြင်းအပေါ် အရေးယူပေးရန် ကလေးမြို့ဥယျာဉ်ကျေးရွာ အုပ်ချုပ်ရေးမှူး ကို ကျေးရွာသားများက သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း ၎င်းကျေးရွာသားတစ်ဦးက ပြော သည်။

မန်းအခြေခံပညာကျောင်း ၇၉ ကျောင်းမှ မူလတန်းကျောင်းသားများအား တစ်ပတ်လျှင် ငါးရက်နှုန်းဖြင့် နေ့စဉ် နို့တိုက်ကျွေးမည်



မန္တတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် TETRALAVAL ကုမ္ပဏီလီမိတက်တို့မှ နို့တိုက်ကျွေးရေးအစီအစဉ်စတင်မှုအဖြစ် ဇူလိုင် ၅ ရပ် နံနက် ၁၀ နာရီက မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကျောင်းဆောင် ပြိုကျ၍ ကျောင်းသားလေးဦး ထိခိုက်


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ၊ ဗဟင်းကျေးရွာအုပ်စုရှိ အထက်တန်းကျောင်း တစ်ကျောင်း ကျောင်းဆောင် ပြိုကျ၍ ပဉ္စမတန်းကျောင်းသားလေးဦး ဆေးရုံတင်လိုက်ရကြောင်း ဗဟင်းကျေးရွာ ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပဲခူး အ .ထ .က-၃ ကျောင်းတွင် တိုင်းပညာရေးမှူးရောက်နေစဉ် ဗုံးလန့်


တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပဲခူးတိုင်းတစ်ခုလုံး၌ အောင်ချက်အများဆုံးအဖြစ် နာမည်ကြီးသည့် ပဲခူးမြို့မှ အမှတ်-၃ အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့သွားသဖြင့် ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီကျော်က ကျောင်းရှေ့သို့ လူများစုဝေးရောက်ရှိခဲ့ကြသည်။

မြန်မာရွှေ့ပြောင်းကျောင်း ဆရာ၊ ဆရာမများအတွက် အကူညီလိုအပ်


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်း မြန်မာစာသင်ကျောင်း ၂၅ ကျောင်းလောက် အကူအညီ လိုအပ်နေတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ နော်ဖော်ရေက ပြောပါတယ်။
၂၀၁၃-၂၀၁၄ ခု ပညာသင်နှစ်မှာ နိုင်ငံတကာ အကူအညီတွေ လျော့နည်းသွားတဲ့အတွက် အကူညီလိုအပ်နေတာလို့ BMWEC ဥက္ကဋ္ဌ နော်ဖော်ရေက ပြောပါတယ်။
“အလှူရှင် အများစုက ပြည်တွင်းကို ၀င်သွားတာတွေလည်း ရှိတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးနေတဲ့ အလှူတွေက လျော့သွားတာပေါ့။

မုံရွာမှ တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲကိစ္စ ရဲကဖော်ထုတ်နိုင်ပြီ


မုံရွာမြို့၊ သလ်္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်းသမီး အမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ်ကျောင်းသား လူငယ်များပြီးခဲ့သည့် ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့သည့် အမှုကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ရဲဌာနက သတင်းထုတ်ပြန်သည်။