၂၀၁၃-၂၀၁၄ ခု ပညာသင်နှစ်မှာ နိုင်ငံတကာ အကူအညီတွေ လျော့နည်းသွားတဲ့အတွက် အကူညီလိုအပ်နေတာလို့ BMWEC ဥက္ကဋ္ဌ နော်ဖော်ရေက ပြောပါတယ်။
“အလှူရှင်
အများစုက ပြည်တွင်းကို ၀င်သွားတာတွေလည်း ရှိတော့
ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးနေတဲ့ အလှူတွေက လျော့သွားတာပေါ့။
အခု
လောလောဆယ် ကျောင်းတကျောင်း လည်ပတ်ဖို့ဆိုရင် ဆရာ၊ ဆရာမ ထောက်ပံ့ကြေး၊
အိမ်လခ၊ မီး၊ ရေ၊ အကြိုအပို့ အဲဒီ အဓိက ၅ ခုက တကယ်လိုအပ်နေတာပေါ့။ ၇၄
ကျောင်းမှာ ၂၅ ကျောင်းလောက် အကူအညီမရှိသေးတာ။ ဆရာ၊ ဆရာမတွေကို အခု
ကျောင်းဖွင့်တာ ၁ လရှိပြီ ထောက်ပံ့ကြေးလည်း မပေးနိုင်ဘူး၊ တချို့ဆို အိမ်၊
ရေဖိုး၊ မီးဖိုး မပေးနိုင်ဘူး။ အကြိုအပို့ ကိစ္စဆိုရင်လည်း
မပေးနိုင်တဲ့အတွက်ကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားဦးရေ
နည်းသွားတာပေါ့။”
အကူအညီ လိုအပ်နေတဲ့ကျောင်း
၂၅ ကျောင်းမှာ ကျောင်းသားဦးရေ ၅ ထောင်လောက်ရှိပြီး ကျောင်းဆရာနဲ့ ဆရာမ ၁၉၇
ဦး ရှိတယ်လို့ ဆိုပါတယ်။ ကျောင်းဆရာနဲ့ ဆရာမတွေကို နှစ်စဉ် အဆင့်အလိုက်
လုပ်ခလစာ ထိုင်းဘတ်ငွေ ၄ ထောင်ကနေ ၈ ထောင်အထိ ထောက်ပံ့ပေးခဲ့ပါတယ်။
လတ်တလော ကျောင်းဖွင့်တာ ၁ လ
ရှိပြီး ဖြစ်ပမယ့် ဒီကျောင်းဆရာနဲ့ ဆရာမတွေကို ထောက်ပံ့ကြေး
မပေးနိုင်သေးတာကြောင့် ကျောင်းတွေ ပိတ်ရမယ့် အနေအထားဖြစ်လာမှာကို
စိုးရိမ်တယ်လို့ ပြောပါတယ်။
“ထောက်ပံ့ကြေး
ကောင်းကောင်းမွန်မွန် မပေးနိုင်ရင် ဒီဆရာ၊ ဆရာမတွေကလည်း ဒီထက်
ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေကို ရှာပြီးတော့ လုပ်မှာပဲ။ အဲဒီလိုမျိုးမှ
ကျမတို့ မပံ့ပိုးပေးနိုင်ဘူး ဆိုရင်တော့ ဆက်ပြီးတော့ ကျောင်းတွေ
ဖွင့်နိုင်ဦးမလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတော့ အများကြီးရှိတာပေါ့နော်။ ဆရာ၊
ဆရာမ ထောက်ပံ့ကြေး လုံလောက်မှု ရရှိဖို့နဲ့ ကျောင်းငှားခတို့ ရေ၊ မီး၊
အကြိုအပို့တွေက တော်တော် အရေးကြီးတယ်လေ။”
ထိုင်းနိုင်ငံတွင်းရှိ
မြန်မာစစ်ဘေးရှောင် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်
မြန်မာအစိုးရက ပြဋ္ဌာန်းဖတ်စာအုပ်တွေ ထောက်ပံ့ပေးဖို့ စာရင်းကောက်ယူမှုတွေ
ရှိနေပေမယ့် လက်ရှိအချိန်ထိ အဲဒီစာအုပ်တွေ မရသေးတဲ့အပြင်
ငွေကြေးပံ့ပိုးမှုမရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ တာ့ခရိုင်
မဲဆောက်၊ ဖုတ်ဖရ၊ ထာ့ဆောင်းယမ်း၊ မယ်လမနဲ့ အုန်းဖန်မြို့နယ်တွေမှာ
ရွှေ့ပြောင်းမြန်မာကျောင်း ၇၄ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၁
သောင်းကျော်ရှိတယ်လို့ ဆရာမ နော်ဖော်ရေက ပြောပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံမှ ကူးယူဖော်ပြပါသည်။
မှတ်ချက်။ ။လုပ်ခလစာ ဘတ်ငွေ ၄၀၀၀ ကျော်မှ ၈၀၀၀ အထိပေးတယ်ဆိုတာ လုံးဝမှားယွင်းနေပါတယ်။ တကယ်တန်းရနေကြတာ အများစု ၉၀ ရာခိုင်နှုံးကျော်က၂၀၀၀ ကျော်လောက်သာ ရနေကြတာပါ
လက်ရှိသင်ကြားပေးနေသည့်ဆရာများကိုယ်စား
ဆရာသန့်(နေ့သစ်)
No comments:
Post a Comment