Pages

Tuesday, 20 August 2013

ကျောင်းသားသမဂ္ဂများ ကျောင်းပရဝဏ်အတွင်း လွတ်လပ်စွာဖွဲ့စည်းခွင့်ရပြီ

==========================================
ကျောင်းသားသမဂ္ဂများကို အသင်းအဖွဲ့ ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း
ဖွဲ့စည်းရန်မလိုဘဲ ကျောင်း ပရဝုဏ်အတွင်း လွတ်လပ်စွာဖွဲ့ စည်းလှုပ်ရှားခွင့်
ရှိပြီဖြစ်ကြောင်း သိရသည်။

ကျောင်းသားသမဂ္ဂများ သည် အသင်းအဖွဲ့ဆိုင်ရာဥပဒေ ကြမ်းအောက်တွင် မပါဝင်ဘဲ ကျောင်းပရဝုဏ်အတွင်းလွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ရှိ ကြောင်း ပြည်သူ့
ရေးရာစီမံခန့်ခွဲမှု ကော်မတီကခွင့်ပြုလိုက်သည်ဟု က.သ.ဖကော်မတီမှဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောသည်။

ဇူလိုင် ၂ရရက်ကထုတ်ပြန် ခဲ့သော အသင်းအဖွဲ့များဆိုင် ရာဥပဒေကြမ်းတွင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိသည့် ခေါင်းစဉ် အောက်တွင် ကျောင်းသားသမဂ္ဂ မပါ
ရှိသည့်အတွက် အသင်းအ ဖွဲ့များဆိုင်ရာဥပဒေကြမ်းနှင့် ပတ်သက်ပြီး အရပ်ဘက်
အဖွဲ့အ စည်းကိုယ်စားလှယ်များနှင့် လွှတ် တော်ရေးရာကော်မတီ၊ ကော်မရှင်များနှင့် ဩဂုတ် ၁၅ရက်နှင့် ၁၆ရက်တွေ့ဆုံပွဲတွင် တင်ပြ ဆွေးနွေးခဲ့သောကြောင့် ပြည်သူ့ 
ရေးရာစီမံခန့်ခွဲမှုကော်မတီမှ တာ ဝန်ရှိသူက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း
ဖြစ်သည်ဟု သိရသည်။

''ကျောင်းသားသမဂ္ဂတွေ ကျောင်းပရဝုဏ်အတွင်းမှာ လွတ်လပ်စွာဖွဲ့စည်း
လှုပ်ရှားခွင့်ရှိတယ်။ အသင်းအဖွဲ့များရဲ့ ခေါင်းစဉ် အောက်မှာမရှိတော့ဘူးပေါ့။ မှတ် ပုံတင်ရမယ့်ခေါင်းစဉ်အောက်က နေဖယ်လိုက်ပြီ''ဟု ကျောင်းသား သမဂ္ဂများ
အဖွဲ့ချုပ်ဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ ကိုဒီငြိမ်း လင်းက ပြောသည်။

ကျောင်းသားသမဂ္ဂများ သည် ယခင်က လွတ်လပ်စွာ ဖွဲ့ စည်းဆောင်ရွက်ခွင့်
ရှိသည့် ခေါင်း စဉ်အောက်တွင် ပါဝင်ခြင်းမရှိဘဲ ယခုအရပ်ဘက် လူမှုအဖွဲ့အစည်း များ၏ တင်ပြတောင်းဆိုချက် များဖြင့် ပြန်လည်ပြုပြင်ထားသော ''အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေ''တွင် မှတ်ပုံတင် ကင်းလွတ်ခွင့်ခေါင်းစဉ် အောက် တွင် ကျောင်းသားသမဂ္ဂအား ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ပေါင်းကူးအဖွဲ့၏ အကြီး အကဲဒါရိုက်တာဒေါက်တာကျော် သူက ''ကျွန်တော်တို့ အဲဒီနေ့က ဆွေးနွေးမှုမှာ ကျောင်းသားသမဂ္ဂ နဲ့ပတ်သက်ပြီး ကိုဒီငြိမ်းလင်း
က သေချာဆွေးနွေးတင်ပြခွင့်ရခဲ့ တယ်။ ဒါကလဲ ဝမ်းသာစရာ ကိစ္စတစ်ခုပါပဲ''
ဟု ပြောသည်။

ဩဂုတ် ၁၅ရက်က နေပြည် တော် သင်္ဂဟဟိုတယ်တွင် အ သင်းအဖွဲ့များဆိုင်ရာ
ဥပဒေကြမ်း နှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့ အစည်း ကိုယ်စားလှယ်များနှင့် လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်များတွေ့ဆုံပွဲတွင် အ ရပ်ဘက်လူမှု
အဖွဲ့အစည်းများမှ အဆိုပါဥပဒေတွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများအား
ကောင်း စေရန်အတွက် လိုအပ်သောအ ချက်များကို တင်ပြဆွေးနွေးခဲ့ ကြောင်း သိရသည်။

အဆိုပါဆွေးနွေးချက်များ ကို ဩဂုတ် ၁၆ရက်က ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုကော်မတီရုံး၌ ထပ်မံတွေ့ ဆုံပြီး ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီမှ ဥပဒေကြမ်းတွင် ပြန်လည်ပြင်ဆင်မှုများ ပြုပြင်ပေး ခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် အသင်းအဖွဲ့များ က ပြောသည်။

ကိုမိုးသွေးက ''အသင်းအ ဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကိုပိတ်လိုက်ရင် တိုင်းပြည်ကောင်း ကျိုး၊ အများကောင်ကျိုးအတွက် လုပ်ဆောင်နေတဲ့
အသင်းအဖွဲ့ တွေဟာ မလုပ်တော့ဘဲနေမယ်။ အဲဒီကျရင် ပြည်သူပါဝင်မှု လျော့ သွားမယ်။ ပြည်သူမပါတော့ရင် တိုင်းပြည်အပြောင်းအလဲမှာ အ ခက်အခဲ
ရှိနိုင်တယ်''ဟုပြောသည်။

ထိုပြန်လည်ပြုပြင်ထားသည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် သို့ တင်ပြ
သွားမည်ဖြစ်သည်

Yangon Media Group 

No comments:

Post a Comment