Pages

Wednesday, 12 September 2012

ကျေးရွာအုပ်ချုပ်ရေးမှုးမှ အခမဲ့ပညာဒါနကျောင်း အား ဖျက်ဆီးရန် ကြိုးပမ်းအားထုတ်



ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင်အုပ်စု၊ သဲထုံးကျေးရွာတွင် အမေမေတ္တာ အခမဲ့ ပညာဒါနကျောင်း အမှတ်(၂)ကို ကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော်ဦးဒေ၀န်ဒ နှင့် ရပ်မိရပ်ဖတို့က ပညာမသင်ကြားနိုင်သော ကျောင်းသူ ကျောင်းသားများအား စေတနာ သဒ္ဒါတရားထက်သန
စွာဖြင့် ပညာအလှူပေးလျက် ရှိပါသည်။
ထိုကျောင်းအား ကျေးရွာအုပ်ချုပ်ရေးမူး ဦးဇော်ဝင်းနိုင်မှ အကြောင်းမဲ့ ဖျက်ဆီးပစ်မည် ဟု ကျေးရွာအတွင်းတွင် ကြေငြာထားကြောင်း သိရှိရသည်။
ထို့ကြောင့် ပညာအကျိုးကို လိုလားသော ကျေးရွာသူ ရွာသား အားလုံးလိုလိုက ကျေးရွာအုပ်ချုပ်ရေးမှုးအား မဖျက်ဆီးရန် အမျိုးမျိုးတောင်းပန်သော်လည်း မရသောကြောင့် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှုးအား တိုင်ကြားရန် ဟင်္သာတမြို့သို့ ရွာလုံးကျွတ် မော်တော်များဖြင့် ချီတက်လာနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့ကြောင့် ဟင်္သာတသူ ဟင်္သာတသားများကလည်း စာသင်ကျောင်းအား ဖျက်ဆီးမည် ကြံသော ကျေးရွာ အုပ်ချုပ်ရေးမှုးအား ဆန့်ကျင်၍ ပညာအကျိုးကို လိုလားသော ရွာသူ ရွာသားများဘက်မှ တခဲနက် ထောက်ခံအားပေးကြပါရန် ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။

No comments:

Post a Comment