အခမ်းအနားကို ၀ါခေါင်လကွယ်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ
မဲဆောက်၊ နောင်ဘွားရွာရှိသွေးသစ်ကျောင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့သည်။
ယင်းအခမ်းအနားဖြစ်မြောက်ရေးအတွက် ပတ်ဝန်းကျင်ရှိ ကရင်တိုင်းရင်းသားများနှင့်အတူ သွေးသစ်ကျောင်းမှ
ကျောင်းသားကျောင်းသူများက တတပ်တအား ပါဝင်ဆင်နွဲကြသည်။
အခမ်းအနားသို့ နောင်ဘွားရွာ သူကြီးမှလည်း ကြွရောက်ချီးမြှင့်ခဲ့သည်။ ထို့ပြင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံကိန်းမှလည်း ၀ိုင်းဝန်းကူညီ ဖြည့်ဆည်းပေးခဲ့သည်။
အခမ်းအနားကို ကျေးရွာလူကြီးများဖြစ်သော ဦးကြည်နှင့် ဦးမောင်နှဲတို့မှ အခမ်းအနားကျင်းပရခြင်းအား
အကျယ်တ၀င့် ရှင်းလင်းတင်ပြခဲ့သည်။
ထိုင်းသူကြီးမှလည်း ဆုမွန်ကောင်းများ ပို့သပေးခဲ့သည်။ ထို့ပြင် သွေးသစ်ကျောင်းမှ စီမံကိန်းဒါရိုက်တာဆရာဦးဇော်ငြိမ်းလတ်မှ ကရင်ပြည်နယ်ကြီး အေးချမ်းသာယာပါစေကြောင်းနှင့် ကရင်တိုင်းရင်းသားတို့
အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ ဟု ဆုမွန်ကောင်းပေးခဲ့သည်။
ထို့နောက် ကရင်ရိုးရာဓလေ့ထုံးစံအတိုင်း လက်ချည်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။သွေးသစ်ကျောင်းမှ ရင်သွေးငယ်များမှ ကရင်ဒုံးယိမ်းအကများ၊ ပတ်ဝန်းကျင်ရွာများမှ ထိုင်းအမျိုးသား
အမျိုးသမီးများမှလည်း အကများဖြင့် တင်ဆက်ကပြခြင်း၊ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း များပြုလုပ်ကာ
ကြွရောက်လာကြသူအပေါင်းအား အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံလေသည်။ယင်းအခမ်းအနားသို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံကိန်းဒါရိုက်တာ ကိုယ်တိုင် ကြွရောက်
ချီးမြှင့်ခဲ့သည်။
ကြွရောက်လာကြသူ ဧည့်သည်တော်များအား နောင်ဘွားကျေးရွာ ရပ်ရွာစည်းရုံးရေးမှူး ဆရာဦးသန့်စင်မှ
အစုအဖွဲ့အလိုက် လုပ်ငန်းစဉ်များ ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဖိတ်ခေါ်ဘောလုံးပွဲ ကျင်းပကာ နေ့လည်တွင် အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။



No comments:
Post a Comment