ရန်ကင်း လူငယ်များ အသင်းတွင် ပုသိမ်ကြီး မြို့မှ ဘွဲ့ရပညာ တက်များ၊ လက်ရှိ တက္ကသိုလ် ကျောင်းတက် နေသော တက္ကသိုလ် ကျောင်းသား အများစုပါဝင်၍ ယခုချိန်တွင် ဆင်းရဲ ချို့တဲ့သော ကလေးငယ် (၁၈၅)ဦး အထိ ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။
“ကလေးငယ်တွေကို တကိုယ်ရေသန့်ရှင်းရေး တွေဘယ်လိုလုပ်ဆောင်ရမယ်။ ချမှတ်ထားတဲ့ ကလေး သူငယ်အခွင့် အရေး ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ဘ၀တစ်သက်တာ ကျွမ်းကျင်စရာ ဗဟုသုတတွေကို ပို့ချပေးပါတယ်။”ဟု ရန်ကင်းလူငယ်များ အဖွဲ့ဥက္ကဌ ဦးထွန်းထွန်းက ပြောသည်။
ရန်ကင်းလူငယ်များအဖွဲ့သည် ကျောင်းတက်နေပြီး ချို့တဲ့သောကလေးငယ်များအား ကျောင်းဝတ်စုံများ ထောက်ပံ့ပေးခြင်း၊ စာအုပ်ခဲတံများ ထောက်ပံ့ပေးခြင်းများနှင့် ကျောင်းပိတ်ရက်တွင် မူလတန်းမှအထက်တန်းအထိအခမဲ့ ပညာသင် ကြားပေးကြောင်း သိရသည်။
“ကလေးအတွက် ကျောင်းစာတွေ မလိုက်နိုင်မှာ မပူရတော့ဘူး ကျမတို့ အလုပ်ကို ဖြောင့်ဖြာင့် လုပ်နိုင်ပါတယ်။ သူတို့အဖွဲ့က အတက်ပညာရော အသိပညာပါ ကူညီပေးကြပါတယ်။ ကျေးဇူး တင်ပါတယ်”ဟု ကလေးမိခင်တစ်ဦးက ပြောသည်။
အဆိုပါအသင်းသည်ပြည်ပINGOများတွင် အဆိုပြုလွှာတင်သွင်း၍ ရရှိသောငွေနှင့်ကလေးငယ်များ ထောက်ပံ့ရုံတင်မက တစ်ဖက်တစ်လမ်းမှ ဆိတ်မွေးမြူရေးလုပ်ငန်းများ၊ PCOဖုန်း serviceများဖြင့် အသင်းရန်ပုံငွေရှာဖွေထားကြောင်းကိုလည်း သိရှိရသည်။
ပြည်တွင်းပြည်ပမှ အလှူရှင်များ ဆက်သွယ်လှူဒါန်းလိုပါက ရန်ကင်းလူငယ်များအဖွဲ့မှဥက္ကဌ ဦးထွန်းထွန်း(၀၉-၆၅၀၅၁၀၆)တွင် ဆက်သွယ်လှူတန်းနိုင်ကြောင်းသိရသည်။
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup

No comments:
Post a Comment