Pages

Saturday, 27 October 2012

ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး စတင်ဆောင်ရွက်ဖို့သဘောတူ Print







ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ဖို့ သဘောတူညီချက်ကို ပညာရေး ဝန်ကြီးဌာန ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Development Partner) တွေ သည်ကနေ့မှာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးကြပါတယ်။

ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ကိုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံပညာရေးစနစ်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေအပေါ် အခြေခံပြီးပြုပြင် ပြောင်းလဲရမယ့် လုပ်ငန်းနယ်ပယ်တွေကို ဖော်ထုတ်ကြဖို့၊ အထောက်အထား ခိုင်မာတဲ့ ပညာရေးမူဝါဒ တွေနဲ့ ဥပဒေတွေ ထွက်ပေါ်လာရေးနဲ့ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပံ့ပိုး ပေးနိုင်ဖို့၊ လေ့လာတွေရှိချက်အပေါ် အခြေခံပြီး ပညာရေးစီမံချက်တွေကို ရေးဆွဲတင်ပြနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အဲသည်ရည်ရွယ်ချက်တွေကို အောင်မြင်စေဖို့အတွက် လုပ်ငန်းကာလနှစ်နှစ်အတွင်း အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ အချိန်တိုအတွင်း အကဲဖြတ်ခြင်း၊ ဒုတိယအဆင့်အနေနဲ့ အသေးစိတ်လေ့လာဆန်းစစ်ခြင်းနဲ့ တတိယအဆင့်အနေနဲ့ အသုံးစရိတ် လျာထားချက်များပါဝင်တဲ့ ပညာရေးစီမံကိန်းများ ရေးဆွဲပြုစုခြင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
CESR အတွက် အကြံပြုမှုလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံသားအားလုံးအပြင် အစိုးရအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ရပ်ရွာ အခြေခံအဖွဲ့အစည်းတွေ၊ နှစ်နိုင်ငံ၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍနဲ့ဖွံ့ဖြိုးမှုအတွက် ပူးပေါင်း ဆောင်ရွက်မယ့်သူတွေ အားလုံး ပါဝင်ဆောင်ရွက်ကြမှာဖြစ်ပြီး ငွေကြေးနဲ့ နည်းပညာပံ့ပိုး ကူညီသူတွေက ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ဂျီအိုင်ဇက်၊ ဒိန်းမတ်၊ နိုင်ငံတကာဖွံ့ဖြိုးရေးဦးစီးဌာန (ဗြိတိန်) နိုင်ငံတကာဖွံ့ဖြိုးရေးအတွက် သြစတေးလျား အထောက်အပံ့၊ နော်ဝေး၊ ဗြိတိသျှကောင်စီ၊ အလှူရှင်စုံပညာရေးရန်ပုံငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥရောပသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေပါ။
မော်ဒန်သတင်းဂျာနယ်

No comments:

Post a Comment