Pages
Monday, 5 November 2012
ထားကြဦးမလား... တရုတ်မူကြိုကျောင်း...
Abusive: The child appears to cry out in pain as teacher Yan Yanhong, 20, lifts him into the air by his ears
ငယ်များအား ရေပုံဖြင့် ဦးအောင်းအားစွပ်ထားပုံ၊ ပါးစပ်များအား တိတ်၊ ပလာစတာဖြင့် ပိတ်ကပ်
ထားပုံ၊ အမှိုက်ပုံးများထဲတွင် ဦးခေါင်းများစိုက်ထားစေပုံ အစရှိသည့် နှလုံးသားကင်းမဲ့ စာ၊ စာနာ
မှုကင်းစွာ နှိပ်စက်ပြုမူအပြစ်ပေးနေသည့် ပုံပေါင်း ၇၀၂ ပုံအထိပေါ်ပေါက်လာခဲ့ ပါတယ်... 
 ကျွန်တော်တို့ ငယ်ငယ်ကတော့ ပင်လယ်ကိုကြည့် မလားဆိုပြီး လူကြီးတွေက နားထင်ကနေ
ကို ဒီလိုနားရွက်ကနေ ကိုင်မြှောက်တာကတော့ ရကက်စက်လွန်းရာကျပါတယ်...
ဒါကြောင့် လည်းကလေးငယ်ခမျာ နာလွန်းလို့ ငိုနေရှာတာပါ...  
Abusive: The child appears to cry out in pain as teacher Yan Yanhong, 20, lifts him into the air by his ears 
Painful punishment: Another child is forced to lie in an awkward, crab-like pose with his head on a chair
 ရက်စက်ကြမ်းကြုတ်တဲ့ အပြစ်ပေးမှု၊ ရာဇ၀တ်သားများဆိုယင်တောင်လွန်လှပြီလို့ ဆို
ရမှာပါ.... ဒီဆရာမတော့ အယင်ခေတ်ကထောက်လှမ်းရေးမှာလုပ်လို့ ရပြီ....
ဒီလိုအကြင်နာကင်းမဲ့ပုံမျိုးနဲ့ ....
Painful punishment: Another child is forced to lie in an awkward, crab-like pose with his head on a chair
ကိုလည်းတွေ့ ခဲ့ ကြရပါတယ်....
ယခုကဲ့ သို့ အံ့ သြထိတ်လန့် တုန်လှုပ်ဖွယ် အပြုအမူပုံများကို အဆိုပါဆရာမမှ သူမ၏မိတ်ဆွေ
သူငယ်ချင်းတစ်ဦးထံသို့ ပေးပို့ ခဲ့ ပြီးနောက်အွန်လိုင်းပေါ်တွင်တင်ခဲ့ ပြီးအုံးကျွက်ကျွက်ဝေဖန်ပြစ်
တင်မှုတွေ ဖြစ်ပေါ်စေခဲ့ တာဖြစ်ပါတယ်...
ဆရာမယန်ဟုန်ကတော့ ကလေးငယ်အားနားရွက်မှကိုင်ဆွဲပြီးမြှောက်ခဲ့ တာနှင့် ပါတ်သက်ပြီး
သူမအနေနှင့် ကလေးအားချစ်လွန်းခင်လွန်းလို့ စမိ၊ နောက်မိတာပါလို့ ဆင်ခြေပေးခုခံပြောဆို
ခဲ့ ပါတယ်....
"ကျွန်မက ဓါတ်ပုံလေးရိုက်ထားချင်မိတာပါ... ဓါတ်ပုံရိုက်ပြီးပြီးချင်းပဲ သူ့ ကိုအောက်ပြန်ချပေးခဲ့ 
လိုက်ပါတယ်..." လို့ သူမကဆိုပါတယ်...
သူမအား အလုပ်မှထုတ်ပယ်လိုက်ပြီး ထိုကျောင်းအားလည်းအပြစ်ပေးအရေးယူခဲ့ ပါတယ်လို့ ဒေ
သခံ၊ သက်ဆိုင်ရာပညာရေးဌာနကဆိုပါတယ်...
ယခုကဲ့ သို့ အရှက်ရဖွယ်ရာဓါတ်ပုံများဟာ မကြာသေးခင်ကလည်း တရုတ်နိုင်ငံမှကျောင်းဆ၇ာ
မတစ်ဦး တပည့် လေးများအား အချက်ပေါင်းများစွာ ပါးရိုက်ပြီးဆုံးမနေသည့် ဗီဒီယိုမှတ်တမ်း
တစ်ခုပေါ်ထွက်ခဲ့ ပြီးနောက် ဆက်တိုက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်... 
အပြစ်ပေးအရေးယူမှုအဆင့် ကတော့ ရက်စက်လွန်းလှပါတယ်...
ပါးစပ်ကိုပလာစတာနဲ့ ကပ်ထားတာပါ...
Cruel treatment: A defenceless young pupil with his mouth taped shut and hands taped to the desk
Unacceptable: Ms Yanhong defended herself after a barrage of criticism over her treatment of the children in her care. She has now been fired
Unacceptable: Ms Yanhong defended herself after a barrage of criticism over her treatment of the children in her care. She has now been fired
Mistreatment: Other pictures of Ms Yanhong's classroom show primary school pupils with buckets on their heads
 စစ်ကြောရေးပြန်ခဲ့ တယ်နဲ့ တူတယ်...ဆရာမက....ဆိုးသွမ်းမှုအပေါင်းသရဖူဆောင်းတယ်ပေါ့ ...
Mistreatment: Other pictures of Ms Yanhong's classroom show primary school pupils with buckets on their heads
စာမဖြေနိုင်သည့်  ကလေးငယ် ၄ ဦးအား အချက်ပေါင်း ၁၂၀ ကျော်အောင်ပါးရိုက်ကာအပြစ်ပေး
ခဲ့ သည်ကို မှတ်တမ်းတင်ဗီဒီယိုကင်မရာမှ ရိုက်ကူးထားခဲ့ တာဖြစ်ပါတယ်... 
အဆိုပါ မိနစ် ၃၀ ကြာ ကလေးငယ်များအား ရိုက်နှက်၊ ကန်ကြောက်နေသည့် ဗီဒီယိုမှတ်တမ်း
အား တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်စီပြည်နယ်၊ တိုင်ယွမ်ဒေသမှ မူကြိုကျောင်းတစ်ကျောင်းတွင်
တပ်ဆင်ထားသည့် လုံခြုံေးကင်မရာမှရိုက်ကူးထားခဲ့ တာဖြစ်ပါတယ်...
သားတစ်ဦး ၎င်း၏သမီးလေးကျောင်းမှပြန်လာရာတွင် မျက်နာတစ်ခုလုံးနီရဲယောင်ကိုင်းနေခဲ့ 
သည်ကို တွေ့ ရှိသတိပြုမိခဲ့ ရာမှ စတင်ဖေါ်ထုတ်နိုင်ခဲ့ တာဖြစ်ပါတယ်...
မစ္စတာဟန်တစ်ယောက် သမီးလေးဖြစ်သူတက်ရောက်သည့် ကျောင်းသို့ သွားရောက်ကာ လုံခြုံ
ရေးကင်မရာမှတ်တမ်းအား ကြည့် ရှုခွင့် တောင်းဆိုခဲ့ ရာမှ ယခုကဲ့ သို့ ၎င်း၏သမီးဖြစ်သူအပြင်
တစ်ခြားကလေးငယ်သုံးယောက်အား မတော်မတရားနှိပ်စက်ထားခဲ့ သည်ကို စုံစမ်းဖေါ်ထုတ်နိုင်
ခဲ့ တာဖြစ်ပါတယ်....
" နာရီဝက်လေးအတွင်းမှာပဲဗျာ... အဲဒီဆရာမက ကျွန်တော့ သမီးလေးကို ၄၃ကြိမ် ပါးရိုက်ခဲ့ ပြီး
၂ ကြိမ် ကန်ကျောက်ခဲ့ ပါတယ်..." မစ္စတာဟန်ကဆိုပါတယ်....    
Irresponsible: Empty beer bottles are stashed on a low shelf in the 20-year-old teacher's classroom
 ဒါကတော့ ကလေးနားရွက်ဆွဲပြီးမှောက်ခဲ့ တဲ့ အသက် ၂၀ အရွယ်ရှိ ဆရာမလေးရဲ့
သောက်ထားတဲ့ ဘီယာပုလင်းခွံများပါပဲ...
Irresponsible: Empty beer bottles are stashed on a low shelf in the 20-year-old teacher's classroom
Humiliating: A pupil is made to kowtow for forgiveness in one of the 702 photos of the class that have already caused outrage across the world
 ခွင့် လွှတ်ပါမည့် အကြောင်းလည်း ရှိခိုးဦးတင်၊၀န်ချတောင်းပန်ရပါသေးတယ်...
Humiliating: A pupil is made to kowtow for forgiveness in one of the 702 photos of the class that have already caused outrage across the world
Painful lesson: Ms Yanhong claimed she and the boy were 'good friends' and she had just been 'making fun with him'
 ကိုကိုရေ... ကလေးတွေကမနိုင်ဘူး... အရမ်းဆော့ တယ်ကွယ်...မနိုင်ဘူး...နှစ်ခါခွဲသယ်ရမယ်...
ဒီမှာတော့ ဘီယာပေါ့ .... လို့ များမက်ဆေ့ ခ်ျပို့ နေလား...
Painful lesson: Ms Yanhong claimed she and the boy were 'good friends' and she had just been 'making fun with him'
(ကလေးများကိုပါးရိုက်ဆုံးမသည့် ဆရာမဟာ)  ထိုဗီဒီယိုကလစ်ပါ အချိန်တိုအတွင်းမှာပင်တစ်
ခားကလေးများကိုလည်း တစ်ယောက်ကို၄၃ ကြိမ်၊ တစ်ခြားတစ်ယောက်ကို ၂၇ကြိမ်၊ နောက်
ထပ်တစ်ယောက်ကို ၁၀ ကြိမ်တိုင်တိုင် ပါးရိုက်ခဲ့ ပါတယ်လို့ မစ္စတာဟန်ကဆိုပါတယ်...
ဒီမိန်းမဟာ မကောင်းဆိုးဝါးမမို့ ဆရာမလုံးလုံးမဖြစ်ထိုက်ပါဘူးလို့ လည်းသူကဆိုခဲ့ ပါတယ်....
ကြိမ်မဟုတ်ပဲ ၎င်းအနေနှင့် ကလေးချင်းဆော့ ကစားယင်းထိမိခိုက်မိတာလို့ ပဲ ယူဆခဲ့ ကြောင်း
ဖြင့် လည်းသူကပြောခဲ့ ပါတယ်...
"ဆရာမကဗျာ ကလေးကို ဆယ်ဂဏန်းထက်ကျော်တာတွေ ပေါင်းခိုင်းတယ်...ကလေးက မတွက်
တတ်ဘူး၊ မလုပ်တတ်ဘူးပြောတာနဲ့ ပါးရိုက်တော့ တာပါပဲ " လို့ ပဲသူကဆိုပါတယ်...
အဆိုပါဆရာမအား မူကြိုကျောင်းမှ ထုတ်ပယ်ခဲ့ လိုက်ပါတယ်...
ကိုပီတာရဲ့အတွေးပုံရိပ်များ မှဖော်ပြပါသည်။ 
No comments:
Post a Comment