Pages

Tuesday, 27 November 2012

ဧရာဝတီတိုင်း + ပြည်နယ်၂ … က(၁၀)တန်းဖြေမဲ့ကျောင်းသားဒေတာတွေ ကုန်သလောက်ဖြစ်သွားပြီ


DSC_0113မနက်စောစောစီးစီး ဒေးဗစ်တို့အိပ်နေတုန်း….ဖေါက်…ဖေါက်…ဖေါက်….ဆိုတဲ့အသံတွေကြားလို့ အိပ်ရာကထပြီး အပြင်ကို ကြည့်လိုက်တော့….အလဲ့…. မြူလေးတွေဆိုင်းနေတာမှ ခါတိုင်းနေ့ကထက်ပိုတယ်ပေါ့…… မြူတွေကတစ်နေရာတည်း ကပ်ပြီး ထူနေလို့ သေခြာကြည့်ခါမှ ….. အ လာ လား……….မီးဗျို့ ……မီးတွေလောင်နေတာမှ ရှယ်ကိုလောင်နေတာ…… ဒါနဲ့ မျက်နှာတောင်မသစ်ရသေးပဲနဲ့ မီးလောင်တဲ့နေရာသွားကြည့်တော့မှ လောင်တဲ့နေရာက …… နာမည်ကြီး ၁၀တန်းအောင်စာရင်းတွေ ထုတ်တဲ့ လှိုင်တက္ကသိုလ် RC 2 ထဲက ဇွဲကပင် ဆောင်ကြီးရဲ့ အပေါ်ထပ်မှာလောင်နေတာဗျို့….. ဒါနဲ့ လက်ထဲမှာပါလာတဲ့ဖုန်းနဲ့ 191 ကိုပထမဆက်တယ်….ဟုတ်ကဲ့… မရဘူးခင်ဗျ…. ၅ မိနစ်လောက် ဆက်တိုက်ခေါ်တယ်….. လုံးဝမှ လုံးဝပါပဲ….လိုင်းမအားဘူး…. ကဲ ဒါဆိုရင်တော့ သေခြာပြီ …. ကိုယ့်လိုပဲ မီးသက်ကိုလှမ်းအကြောင်းကြားတဲ့သူရှိတယ်ပေါ့ …. ထပ်ပြီးသေခြာအောင် ၁၉၉ ကိုထပ်ဆက်တယ်…. ဖုန်းကိုင်တယ်ခင်ဗျ ….. ကိုယ်ကလည်းလှမ်းပြောလိုက်တယ် “ကျွန်တော်တို့နားက ဇွဲကပင်ဆောင် မှာမီးလောင်နေပါတယ်….မီးတောက်တော်တော်ကြီးပါတယ်…၁၉၁ ကိုဆက်တာဖုန်းမအားလို့ တစ်ဆင့်ပြောပေးပါဆိုတော့ စိတ်ချပါ” ဆိုပြီးချသွားတယ်…စောင့်တယ်ခင်ဗျ…15မိတစ်လည်း ကားမလာ၊ နာရီဝက်ရှိပြီ မလားသေး….၄၅ မိနစ် …. ဟင့်အင်း မလာသေးဘူးဗျ…. ၅၀ မိနစ်လောက်လည်းကျရော ဝေါ….ဝေါ…ဝေါ… ဆိုပြီး မရမ်းကုန်း+လှိုင် မီးသက်ဌာနကကားတွေရောက်လာတယ်ဗျာ…. ဒီနေရာမှာတစ်ခုပြောချင်တာ လှိုင်မီးသက်နဲ့ ဇွဲကပင် ဆောင်တို့ဆိုတာ စက်ဘီးနဲ့သွားရင်တောင်(ရပ်ကွက်အတွင်းလမ်းကိုပြောတာဟုတ်ဘူးနော်) ၇ မိနစ်လောက်ပဲကြာတာဗျာ…ဘယ့်နှယ်…၅၀ မိနစ်လောက်ကြာသတုန်းပေါ့…. ဒါနဲ့ သူတို့လည်းမီးငြှိမ်းတယ်ဗျာ… နာရီဝက်နီးပါးလောက် မီးငြှိမ်းပြီးတဲ့အချိန်မှာ မီးသေသွားတယ်…. နောက်ဆုံးသိလိုက်ရတာက ဒီနှစ် ၁၀တန်းဖြေမဲ့ ဧရာဝတီတိုင်း၊ ပြည်နယ်၂ ….. အစရှိတဲ့ တိုင်းဒေသကြီးနှစ်ခုက ကျောင်းသားလေးတွေရဲ့ Data တွေ လုံးဝပြန်မရတော့ဘူး…အားလုံးပြာဘဝရောက်သွားတယ်… ကျန်တဲ့ဒေသကြီးတွေကတော့ မီးမလောင်လိုက်ပေမဲ့ ရေစုံမြောတယ်…. ဘယ်လိုတွေဆက်လုပ်ကြမယ်တော့မသိဘူး….. ဝါယာရှော့ကစဖြစ်တာပါတဲ့…. မီးစလောင်နေတာ ၅ နာရီမထိုးခင်ကလည်းကလို့သိရပြီး…. ကျိပ်ပြီး ငြှိမ်းနေတာပါတဲ့….ဒါပေသိ… လောင်စာက စာရွက်စာတန်းတွေချည်းဆိုတော့…. မီးခိုးတွေအူပြီး ကြာတော့ မွှန်လို့မငြှိမ်းနိုင်တော့တာပါ….. အော်…. မီးသတ် မီးသတ် ……… မိနစ် ၅၀ မီးသက်ပါလား…..
 ခင်တဲ့
ဗစ်ဗစ်

No comments:

Post a Comment