Pages

Tuesday, 27 November 2012

ဆရာမရိုက်မှုကြောင့်မူလတန်း ကျောင်းသားတစ်ဦး ဆေးရုံတင်ထားရ


  • ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အ.မ.က(၃) မူလတန်းလွန်ကျောင်းတွင်အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲအတွက် ငွေကျပ် ၁၀၀မပေးနိုင်သောကြောင့်

    သံပေတံဖြင့် ကျောင်းသား မောင်ဇာနည်လမင်းကို လက်အရိုးအက်သွားအောင်ရိုက်ခဲ့သည်ဟု ဖခင်ဖြစ်သူဦးအောင်ဆန်းဝင်းက ပြောသည်။

    “သားကို မိန်မက ရေချိုးပေးတော့ လက်နာတယ်ပြောလို့ မေးတော့မှ ဆရာမရိုက်တာလို့
    ပြောတယ်” ဟု ဦးအောင်ဆန်း ၀င်းက ပြောကြားသည်။

    ယခုလ ၂၃ ရက်နေ့က အရိုက်ခံခဲ့ရသော မောင်ဇာနည်လမင်းမှာ ပထမအကြိမ် ဆေးရုံ
    တက်ကာ ကျောက်ပတ်တီးစီးခဲ့ရပြီး မသက်သာသည့်အတွက် ဒုတိယအကြိမ် ၂၆ ရက်
    နေ့က ဓါတ်မှန်ရိုက်ခြင်း၊ ကျောက်ပတ်တီးစီးခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

    ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်တန်းသော်လည်း မိမိတို့နှင့်မသက်ဆိုင်ကြောင်း၊
    ရဲစခန်းသို့ သွားရောက်တိုင်တန်း သော်လည်း ယခုအချိန်ထိ အမှုဖွင့်ပေးခြင်းမရှိသေး
    ကြောင်း အဆိုပါအမှုအား လိုက်လံဆောင်ရွက်ပေးနေသူ ပွင့်လင်းလူ့ အဖွဲ့အစည်းမှ
    ဦးသန်းမြင့်အောင်က ဆိုသည်။

    အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက အမှုကိစ္စအကြောင်း
    အချိန်မပေးနိုင်သေး၍ မဖြေဆိုနိုင် သေးကြောင်း ပြောကြားသည်။

    အဆိုပါဖြစ်စဉ်အတွက် တရားရုံးအထိ တိုင်တန်းသွားရန် စီစဉ်နေပြီဖြစ်ကြောင်း ဒဂုံမြို့
    သစ်တောင်ပိုင်း ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဆိုသည်။

    အစောပိုင်းက တောင်းပန်ရုံဖြင့် ကျေနပ်နိုင်သော်လည်း ဆရာမ ဒေါ်အိအိနုထွေးက
    ကျောင်းသားအား မရိုက်ခဲ့ဟု ငြင်းဆို နေသည့်အတွက် အမှုမှန်ပေါ်ရန် ဆက်လက်
    ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မောင်ဇာနည်လမင်း၏ မိဘများက ဆိုသည်။

    အ.မ.က (၃) ဒဂုံမြို့သစ်အရှေ့ပိုင်း မူလတန်းလွန်ကျောင်းရှိ ဆရာများသည် ငွေကြေး
    ကောက်ခံ၍ အချိန်ပိုသင်ကြားမှုများ ရှိခဲ့ကြောင်းနှင့် ကျူရှင်သင်ကြားမှုများ ရှိနေကြောင်း
    ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးလှမင်းက ပြောသည်။

    ဟိန်းသူ
    The Myanma Age on

No comments:

Post a Comment