တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးမှုဒီဂရီကောလိပ်မူလကျောင်းအဟောင်းတွင်
ပြန်လည်တက်ရောက် ပညာသင်ကြားလို၍ သဘောထား ထုတ်ဖော်ခဲ့သော
ကျောင်းသားကိုယ်စားလှယ် တစ်ဦးပျောက်ဆုံးနေကြောင်း ကျောင်းသားများထံက
သိရှိရသည်။
"ကျွန်တော်တို့ရဲ့ ကျောင်းသားကိုယ်စားလှယ်တစ်ဦး ပျောက်နေတယ်။ မော်ကွန်းထိန်းက လာခေါ်သွားတယ်၊ အဲဒီနောက် သူနဲ့ အဆက်အသွယ် ပျက်သွားတယ်၊ သူ့ဖုန်းကို ဆက်တော့လည်း ဖုန်းပိတ်ထားတယ်” ဟု ကျောင်းသားတစ်ဦးက မေးမြန်းခဲ့မှုကို အတည်ပြုဖြေကြားခဲ့သည်။
ပျောက်ဆုံးနေသည့် ကျောင်းသားကိုယ်စားလှယ်မှာ အခါတိုင်းရင်းသား ဆာဘေ့ဖြစ်ပြီး နိုဝင်ဘာ (၂၄)ရက်နေ့ တွင် မော်ကွန်းထိန်းမှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း အဆက်သွယ်ပြုလုပ်၍ မရတော့ခြင်းဖြစ်သည်။
တိုင်းရင်းသားဖွံ့ဖြိုးမှုဒီဂရီေ ကာလိပ်မှ ကျောင်းသားများအား မန္တလေးကျောင်းမှ စစ်ကိုင်းရှိ တိုင်းရင်းသားဖွံ့ဖြိုးမှုတက္ကသို လ်သို့ ယာယီပြောင်းရွှေ့ထားခဲ့ပြီးနောက် သင်ကြားရေး ဆရာ/ဆရာမလေးဦး အလုပ်မှနှုတ်ထွက်ခဲ့ပြီး အခြားဆရာ/ ဆရာမများလဲ
ဆက်လက်နှုတ်ထွက်ရန် စာတင်ထားကြောင်း၊ ကျောင်းသားကျောင်းသူ
ဆရာဆရာမများအနေဖြင့်လည်း အဆင်မပြေမှု များနှင့် ကြုံတွေ့ပြီးနောက် မိုင်
(၄၀)ကျော် ခြေလျှင်လမ်းလျှောက်ကာသဘောထားထုတ်ပြခဲ့ပြီး မူလကျောင်းသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းသားမှာ သဘောထားထုတ်ဖေါ်တင်ပြရာ၌ ပါဝင်ခဲ့သည့် ကျောင်းသား (၆၀၀)ကျော်၏ ဆန္ဒဖြင့် ရွေးချယ်သည့် ကိုယ်စားလှယ်(၅)ဦးမှ တစ်ဦးအပါအ၀င်ဖြစ်သည်။
"သတင်းကတော့ အတိအကျ မသေးပါဘူး ဒါပေမယ့်ရာနူန်းပြည့်တော့ သေချာပါတယ်။ ပျောက်နေ တာ ဒီနေနဲ့ဆိုရင် (၃)ရက်ရှိပြီပေါ့"ဟု အမည်မဖော်လိုသူ ဆရာမတစ်ဦးက ပြောသည်။
ကျောင်းသားများ သဘောထားထုတ်ပြန်သည့် ဒုတိယရက်တွင် ဒုတိယ ၀န်ကြီးရောက်ရှိခဲ့ပြီး ကျောင်းသားများအား ဆက်လက်ဆန္ဒထုတ်ဖော်မှုမပြုလုပ်ရန် ပြောကြားကာ နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဟု ကတိပေးခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမအတွင်းသွားရောက်နေထိုင်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်းနှင့် ထိုသဘောတူညီမှုအပြီး ဆာဘေ့မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
ထိုကိစ္စအတွက် သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
ဆာဘေ့အား နိုဝင်ဘာ (၂၆)ရက်နေ့ ညနေ ၄နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခြင်းရှိမရှိအား ကျောင်းသားကျောင်းသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မူမရှိသေးကြောင်း ကျောင်းသား/သူများက အတည်ပြုပြောကြားသည်။
"ဒု-သမ္မတကြီးဆီကို နှစ်ကြိမ်စာတင်ပြီး တင်ပြထားပေမဲ့ ဘာမှ အကြောင်းမထူးဘူး ၊ သက်ဆိုင်ရာ လူကြီးတွေ လာစစ်တော့လဲ မပြောင်းချင်ဘူး ၊ အဆင်မပြေဘူးဆိုတာတွေကို တင်ပြထားပြီးပြီ ၊ လူကြီးတွေ အားလုံး သိပါတယ်" ဟု သဘောထားထုတ်ဖေါ်တင်ပြရာတွင် ပါဝင်သည့် ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
မန္တလေးမြို့ရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ်အား ( ၂၀၀၀ )ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းတ စ်ဦးဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်၏ လမ်းညွန်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့်ကော်လိပ်တစ်ခြု ဖစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ရဲ့ ကျောင်းသားကိုယ်စားလှယ်တစ်ဦး ပျောက်နေတယ်။ မော်ကွန်းထိန်းက လာခေါ်သွားတယ်၊ အဲဒီနောက် သူနဲ့ အဆက်အသွယ် ပျက်သွားတယ်၊ သူ့ဖုန်းကို ဆက်တော့လည်း ဖုန်းပိတ်ထားတယ်” ဟု ကျောင်းသားတစ်ဦးက မေးမြန်းခဲ့မှုကို အတည်ပြုဖြေကြားခဲ့သည်။
ပျောက်ဆုံးနေသည့် ကျောင်းသားကိုယ်စားလှယ်မှာ အခါတိုင်းရင်းသား ဆာဘေ့ဖြစ်ပြီး နိုဝင်ဘာ (၂၄)ရက်နေ့ တွင် မော်ကွန်းထိန်းမှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း အဆက်သွယ်ပြုလုပ်၍ မရတော့ခြင်းဖြစ်သည်။
တိုင်းရင်းသားဖွံ့ဖြိုးမှုဒီဂရီေ
အဆိုပါ ကျောင်းသားမှာ သဘောထားထုတ်ဖေါ်တင်ပြရာ၌ ပါဝင်ခဲ့သည့် ကျောင်းသား (၆၀၀)ကျော်၏ ဆန္ဒဖြင့် ရွေးချယ်သည့် ကိုယ်စားလှယ်(၅)ဦးမှ တစ်ဦးအပါအ၀င်ဖြစ်သည်။
"သတင်းကတော့ အတိအကျ မသေးပါဘူး ဒါပေမယ့်ရာနူန်းပြည့်တော့ သေချာပါတယ်။ ပျောက်နေ တာ ဒီနေနဲ့ဆိုရင် (၃)ရက်ရှိပြီပေါ့"ဟု အမည်မဖော်လိုသူ ဆရာမတစ်ဦးက ပြောသည်။
ကျောင်းသားများ သဘောထားထုတ်ပြန်သည့် ဒုတိယရက်တွင် ဒုတိယ ၀န်ကြီးရောက်ရှိခဲ့ပြီး ကျောင်းသားများအား ဆက်လက်ဆန္ဒထုတ်ဖော်မှုမပြုလုပ်ရန်
ထိုကိစ္စအတွက် သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
ဆာဘေ့အား နိုဝင်ဘာ (၂၆)ရက်နေ့ ညနေ ၄နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခြင်းရှိမရှိအ
"ဒု-သမ္မတကြီးဆီကို နှစ်ကြိမ်စာတင်ပြီး တင်ပြထားပေမဲ့ ဘာမှ အကြောင်းမထူးဘူး ၊ သက်ဆိုင်ရာ လူကြီးတွေ လာစစ်တော့လဲ မပြောင်းချင်ဘူး ၊ အဆင်မပြေဘူးဆိုတာတွေကို တင်ပြထားပြီးပြီ ၊ လူကြီးတွေ အားလုံး သိပါတယ်" ဟု သဘောထားထုတ်ဖေါ်တင်ပြရာတွင် ပါဝင်သည့် ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
မန္တလေးမြို့ရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ်အား ( ၂၀၀၀ )ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းတ
မင်းမင်းလတ် (မြစ်မခ)
by Myit Makha Mediagroup on 27 Nov, 2012
by Myit Makha Mediagroup on 27 Nov, 2012
No comments:
Post a Comment