Pages

Tuesday, 13 November 2012

ရပ်ကျေးပိုင်ရေကန်အား ကိုယ်ပိုင်လုပ်တဲ့ ကျောင်းဆရာမကြီး အတိုင်ခံရပြီ

Photo: ရပ်ကျေးပိုင်ရေကန်အား ကိုယ်ပိုင်လုပ်တဲ့ ကျောင်းဆရာမကြီး အတိုင်ခံရပြီ

November 13, 2012Home, သတင်း 

ရှေးဘိုးဘွားအစဉ်အဆက် ကျေးရွာပိုင်ရေကန်အဖြစ်သောက် သုံးခဲ့သော လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက် တေးဥယျာဉ် (၃)လမ်း၊ အထက (၅)အနီးရှိ ရေကန် (၃)ကန်အား၊ အထက (၅)လှိုင်သာယာကျောင်းအုပ်ဆရာ မကြီးမှ ကျောင်းပိုင်ရေကန်အဖြစ် ဥပဒေမဲ့ သိမ်းပိုက်ကာ ရပ်ကွက်  နေပြည်သူလူထုအား သောက် သုံးရေခပ်ခြင်းကို တားမြစ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဒီရေကန်တွေ၊ သက်တမ်း အားဖြင့် (၁၀၀)ကျော်ပြီ။ ကျွန် တော်တို့ အဘိုးအဘွားတွေ ထိန်း သိမ်းစောင့်ရှောက် ပြုပြင်သောက် သုံးလာခဲ့ကြတာလေ။ ဒီ အထက ကျောင်းက ကျွန်တော်တို့ ရေကန်   နားမှာ လာဆောက်တာပါ။ ဒီ ကျောင်းဆောက်ပြီး ကျောင်းအုပ် ဆရာ၊ ဆရာမကြီး(၅)ယောက် မြောက်အထိ၊ ကျွန်တော်တို့ ရပ်၊ ကျေးလူထုနဲ့ ဘာပြဿနာမှ မရှိ ခဲ့ပါဘူး။ အခု ကျောင်းအုပ်ဆရာ မကြီး ဒေါ်ခင်ခင်နွယ်ရောက်လာ မှ နှစ်စဉ်ကန်ဆယ်ခြင်းကိစ္စကို မလုပ်ရဘူးဆိုပြီး တားမြစ်တယ်။ နောက် ရပ်ရွာလူထုရေခပ်လမ်း ကိုလည်း ငုတ်တိုင်စိုက်ပြီး ပိတ် တယ်။ တကယ်တော့ ရပ်ရွာပိုင် ရေကန်ကို သူပိုင်အဖြစ်ကြေညာ ပြီး မတော်လောဘနဲ့ ရွာလူထုကို စော်ကားဆန့်ကျင်နေတာကိုတွေ့ နေရပါတယ်။ ဒီရေကန်ဟာ ရွာ လူထုအမြဲသောက်သုံးနေကြရတဲ့ ရေကန်၊ တစ်ရပ်ရွာလုံး အားကိုး အားထားပြုနေရတဲ့ရေကန်ဖြစ်ပါ တယ်။ နောက်ပြီး အခုလို နွေရာ သီရောက်ပြီဆိုရင် မီးသတ်ရေ ကန်အဖြစ်လည်း အသုံးပြုရပါ တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို နိုင်ငံတော်သမ္မတကြီးအထိရောက် အောင် တိုင်ရခြင်းဖြစ်ပါတယ် ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သော ပရဟိတ အကျိုးဆောင်သူ ဦးမောင်လွင် က ပြောကြားသည်။

 အောင်နိုင်နိုင်အောင်

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News

ရှေးဘိုးဘွားအစဉ်အဆက် ကျေးရွာပိုင်ရေကန်အဖြစ်သောက် သုံးခဲ့သော လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက် တေးဥယျာဉ် (၃)လမ်း၊ အထက (၅)အနီးရှိ ရေကန် (၃)ကန
်အား၊ အထက (၅)လှိုင်သာယာကျောင်းအုပ်ဆရာ မကြီးမှ ကျောင်းပိုင်ရေကန်အဖြစ် ဥပဒေမဲ့ သိမ်းပိုက်ကာ ရပ်ကွက် နေပြည်သူလူထုအား သောက် သုံးရေခပ်ခြင်းကို တားမြစ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဒီရေကန်တွေ၊ သက်တမ်း အားဖြင့် (၁၀၀)ကျော်ပြီ။ ကျွန် တော်တို့ အဘိုးအဘွားတွေ ထိန်း သိမ်းစောင့်ရှောက် ပြုပြင်သောက် သုံးလာခဲ့ကြတာလေ။ ဒီ အထက ကျောင်းက ကျွန်တော်တို့ ရေကန် နားမှာ လာဆောက်တာပါ။ ဒီ ကျောင်းဆောက်ပြီး ကျောင်းအုပ် ဆရာ၊ ဆရာမကြီး(၅)ယောက် မြောက်အထိ၊ ကျွန်တော်တို့ ရပ်၊ ကျေးလူထုနဲ့ ဘာပြဿနာမှ မရှိ ခဲ့ပါဘူး။ အခု ကျောင်းအုပ်ဆရာ မကြီး ဒေါ်ခင်ခင်နွယ်ရောက်လာ မှ နှစ်စဉ်ကန်ဆယ်ခြင်းကိစ္စကို မလုပ်ရဘူးဆိုပြီး တားမြစ်တယ်။ နောက် ရပ်ရွာလူထုရေခပ်လမ်း ကိုလည်း ငုတ်တိုင်စိုက်ပြီး ပိတ် တယ်။ တကယ်တော့ ရပ်ရွာပိုင် ရေကန်ကို သူပိုင်အဖြစ်ကြေညာ ပြီး မတော်လောဘနဲ့ ရွာလူထုကို စော်ကားဆန့်ကျင်နေတာကိုတွေ့ နေရပါတယ်။ ဒီရေကန်ဟာ ရွာ လူထုအမြဲသောက်သုံးနေကြရတဲ့ ရေကန်၊ တစ်ရပ်ရွာလုံး အားကိုး အားထားပြုနေရတဲ့ရေကန်ဖြစ်ပါ တယ်။ နောက်ပြီး အခုလို နွေရာ သီရောက်ပြီဆိုရင် မီးသတ်ရေ ကန်အဖြစ်လည်း အသုံးပြုရပါ တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို နိုင်ငံတော်သမ္မတကြီးအထိရောက် အောင် တိုင်ရခြင်းဖြစ်ပါတယ် ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သော ပရဟိတ အကျိုးဆောင်သူ ဦးမောင်လွင် က ပြောကြားသည်။

အောင်နိုင်နိုင်အောင်

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News

No comments:

Post a Comment