Pages

Wednesday, 21 November 2012

ဆဋ္ဌမတန်းကျောင်းသားများအား ကင်းထောက်အဖွဲ့ ဖွဲ့စည်းစေမည်


IMG 011၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများမှ ဆဋ္ဌမတန်းကျောင်းသားများအား ရွေးချယ်၍ ကင်းထောက်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆဋ္ဌမတန်းတက်ရောက်နေသော ကျောင်းသူ ၅ဝ ဦးနှင့် ကျောင်း သား ၅ဝ ဦးစီကို ရွေးချယ်သွားမည်ဖြစ်ပြီး ကင်းထောက်အဖွဲ့ထဲဝင်ရန် ကိုယ်တိုင်စိတ်ဝင်စားပြီး မိအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ကြောင်း သိရသည်။
"တစ်နိုင်ငံလုံးမှာ ခြောက်တန်း ကျောင်းသားတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုကို ကျောင်း တစ်ကျောင်း ရွေးရမယ်။ ကျောင်းသား၊ ကျောင်းသူ တစ်ရာကို ရွေးချယ်လေ့ကျင့်ပေးမယ်။ ကျောင်း တစ်ကျောင်းကို ကျား ၅ဝ၊ မ ၅ဝ ဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၇ ခုဆိုတော့ စုစုပေါင်း ၁,၇ဝဝ ဖြစ်မယ်။
နေပြည်တော်ပါရင် ၁,၈ဝဝ ကို ကျောင်းတွေမှာ သင်တန်းပေးမယ်။ ပတ်ဝန်းကျင်မှာ အခက် အခဲကြုံတိုင်း ကူညီနိုင်တဲ့ အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပေးမှာပါ" ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ကင်းထောက်အဖွဲ့ဖွဲ့ရန် ရွေးချယ်ထားသော ကျောင်းများရှိ ကင်းထောက်လူငယ်များအား သင်တန်းပို့ ချနိုင်ရန် နိုဝင်ဘာလ ၂၄ မှ ၃ဝ ရက်ထိ တစ်ပတ်ကြာ ဗဟိုအဆင့်သင်တန်းကို တာဝန်ရှိ ပညာရေး ဝန်ထမ်းများအား ပို့ချသွားမည်ဖြစ်ပြီး ကင်းထောက်လူငယ်များကို ယခုလကုန် မတိုင်မီ နောက်ဆုံး ထား ရွေးချယ်သွားမည် ဖြစ်သည်။
အခြေခံ ပညာကျောင်းများတွင် ကင်းထောက်အဖွဲ့များဖွဲ့စည်းခြင်းကို ဆဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ပြီး နောက်နှစ်များတွင် အခြားအတန်းများ အတွက် တိုးချဲ့လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
Written by နေလင်းထွန်း
7 DAY NEWS JOURNAL

No comments:

Post a Comment