Pages

Thursday, 27 December 2012

တရုတ်တွင် အလုပ်ရှား ဘွဲ့ရများ အမှိုက်သိမ်းမည်


ဘေကျင်း၊ ဒီဇင်ဘာ ၂၅
တရုတ်အရှေ့မြောက်ပိုင်းတွင် ယဉ်မောင်းနှင့် သန့်ရှင်းရေးအလုပ်များခေါ်ရာ အရည်အချင်းပြည့် လျှောက်ထားသူပေါင်း ၇၀၀၀ ကျော်ရှိကြောင်း၊ ထိုလျှောက်ထားသူများအနက် ၂၉ ဦးသည် မာစတာ ဘွဲ့ရထားသူများဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ဟာဘင်းမြို့တွင် သန့်ရှင်းရေး လုပ်သား ၁၂၀ ၊ယာဉ်မောင်း ၃၀၇ ဦးနှင့် စက်ပြင် ၃၀ ကို အလုပ်ခန့်ရန်ရှိသဖြင့် မြို့တော်လူသားရင်းမြစ်ဌာနမှ အလုပ်လျှောက်လွှာများခေါ်ခဲ့ကြောင်း၊ စက်တင်ဘာလမှ စတင်ခေါ်ခဲ့သည့် ထိုအလုပ်များကို စုစုပေါင်း ၁၁၅၀၀ ဦးလာလျှောက်ကြကြောင်း၊ ထိုအထဲမှ အရည်အချင်းပြည့်မီသူအဖြစ် ရွေးထုတ်ရာတွင် ၇၂၀၀ ဦးခန့်ရရှိခဲ့ကြောင်း သိရသည်။
ဒေသဆိုင်ရာ အစိုးရဌာနများတွင် အလုပ် လုပ်ကိုင်ခြင်းက ဘ၀အာမခံချက်ရှိနိုင်သည်ဆိုသည့် အတွေးများဖြင့် ထိုသို့ အလုပ်လျှောက်ထားသူများပြားခြင်းဖြစ်မည်ဟု ဆိုကြသည်။
တရုတ်ပြည်တွင် အစိုးရ၀န်ထမ်းများသည် မိမိတို့လုပ်ခလစာမှ ဖြတ်တောက်မှုများ မရှိသည့်အပြင် လူမှုဖူလုံရေး ခံစားခွင့်များကိုလည်း ရရှိခံစားနိုင်ကြသည်။ ထို့ပြင် သူတို့ ပင်စင်ယူသည့်အခါတွင်လည်း ပင်စင်ခံစားခွင့်များသည် မက်လောက်သည့် အနေအထားဖြစ်သဖြင့် အစိုးရအလုပ်ကို စိတ်ဝင်စားကြသည်ဟုဆိုသည်။
ထို့ပြင် အစိုးရအလုပ်ရပါက တစ်ခြားမြို့များမှ ပြောင်းလာသည့်သူများသည့် မြို့တော် ဟာဘင်းတွင် တရားဝင် နေထိုင်ခွင့်ပါမစ်ကိုပါ ရရှိကြသည်။ ထို့ပြင် ၀န်ထမ်းဆိုပါက ကလေးများ ကျောင်းတက်ခွင့်၊ နေထိုင်ရန် အခန်းခ ကို အစိုးရမှ ထောက်ပံ့ကြေးပေးခြင်းအပြင် အခြား ခံစားခွင့်များပါရရှိသောကြောင့် ၀န်ထမ်းဘ၀ကို လူတိုင်း မက်မောစွာဖြင့် တိုးဝင်လာကြခြင်းလည်းဖြစ်သည်။
ယခု သန့်ရှင်းရေးနှင့် ယာဉ်မောင်းလျှောက်ထားသူများမှ ရွေးချယ်ထားသည့် အရည်အချင်းပြည့်မီသူ ၇၀၀၀ ကျော်တွင် ရိုးရိုးဘွဲ့ရထားသူပေါင်း ၃၀၀၀ ခန့်ရှိပြီး၊ မာစတာဘွဲ့ရထားသူ ၂၉ ဦးပါဝင်သည်ဟုဆိုသည်။
ထိုဘွဲ့ရထားသူများသည် အလုပ်မခန့်အပ်မီ နောက်တစ်ကြိမ် လူတွေ့စစ်ဆေးသည့် အင်တာဗျူးများကို ရင်ဆိုင် ကြရဦးမည်ဖြစ်ကြောင်း ၂၀၀၇ ခုနှစ်ကတည်းက ကွန်ပျူတာသိပ္ပံဘွဲ့ရထားသည့် အသက် ၂၉ အရွယ် လဲ့ယုဆိုသူက ပြောကြားခဲ့သည်။
Written by ရွှေမောင် 

No comments:

Post a Comment