Pages
▼
ဘာသာစကား ၃၂ မျိုးကို ဘာသာပြန် ပေးနိုင်သော အဘိဓာန် ထွက်ရှိ
နိုင်ငံခြားသို့ ပညာသင် သွားကြသော ကျောင်းသား ကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊ သင်္ဘောသားများ၊ နိုင်ငံခြားသို့အလုပ် သွားရောက် လုပ်ကိုင်မည့် သူများ၊ နိုင်ငံတကာသို့ ခရီးသွား နေသူများ အတွက်ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန်ဘာသာပြန် ပေးနိုင်သော အဘိဓာန် တစ်မျိုးကိုဒီဇင်ဘာလ၁၅ ရက်တွင်စတင်ဖြန့်ချိ နေပြီ ဖြစ်ကြောင်း KMD Computer Group မှ သိရသည်။
အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ် ဘာသာစကား၊ ဂျာမန် ဘာသာစကား၊ ဒတ်ခ်ျ ဘာသာစကား၊ ဒိန်းမာ့စ်ဘာသာ
စကား၊ ရုရှားဘာသာစကား၊ ဟင်ဒီ ဘာသာစကား၊ တူရကီ ဘာသာစကား၊ အာရေဗျ ဘာသာစကား၊ ကိုရီးယားဘာ
သာစကား၊ ဖိလစ်ပိုင်ဘာသာစကား၊ ထိုင်း ဘာသာစကား၊ စပိန်ဘာသာစကား၊ အီတလီဘာသာစကား၊ဆွီဒင်ဘာ
သာစကား၊ နော်ဝေဘာသာစကား၊ ပါကစ္စတန် ဘာသာစကား၊ ဘင်္ဂါလီ ဘာသာစကား၊ တမိုင်းလ် ဘာသာစကား၊
ဗီယက်နမ်ဘာသာစကား၊ ဂျပန် ဘာသာစကား၊ နီပေါလ် ဘာသာစကား၊ ပြင်သစ် ဘာသာစကား၊ ပေါ်တူဂီဘာသာ
စကား၊ အင်ဒိုနီးရှားဘာသာစကား၊ မြန်မာ ဘာသာစကား၊ တရုတ် ဘာသာစကား၊ လာအို ဘာသာစကား၊ ခမာဘာ
သာစကား စသည့်ဘာသာစကား ၃၂ မျိုးကို ထည့်သွင်း ထားကြောင်း သိရသည်။ ထို့အပြင် အင်္ဂလိပ် ကြိယာ ၇၅၀၀
ကျော်၏ ပုံစံပြောင်းလဲအသုံးပြုပုံ၊ နာမ် ၃၀၀၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ၊ နာမ ၀ိသေသန ၃၂၀၀၀ ကျော်
ပုံစံပြောင်းလဲ အသုံးပြုပုံ တို့ပါဝင်သည်။ ဘာသာပြန် နည်းပညာ M32.IC ပါဝင် သောကြောင့် ဘာသာစကား ၃၂မျိုးနှင့်
သက်ဆိုင်သောအချက် အလက်များကို စက်ထဲတွင် သိုလှောင် သိမ်းဆည်း ထားပြီး ရှုပ်ထွေး ဆန်းပြားသော နည်းစနစ်
(အယ်လ ဂိုရီသမ်) များကို အသုံးပြု ထားခြင်းကြောင့် ရှာလိုသော စကားလုံး အတိအကျကို သွားရောက် ရှာဖွေ ပေးနိုင်
သည်။
“ဘာသာစကား တစ်ခုစီကို စကားလုံးပေါင်း ၅၀၀,၀၀၀ ခန့် ပြန်ဆိုနိုင်တယ်။ ရှာဖွေတဲ့ ဘာသာစကားကို စက်ထဲမှာ
သိမ်းဆည်းထားတဲ့စကားလုံးနဲ့တူညီလို့ရှိရင်သူနဲ့သက်ဆိုင်သောအခြားစကားလုံး တွေနဲ့အဲ့ဒီစကားလုံးရဲ့ဘာသာပြန်
အတိအကျကို ဖော်ပြပေးတယ်။ မတူညီရင်လည်း Text translatefunctionကိုအသုံးပြုပြီးကြည့်နိုင်တယ်စက်ထဲမှာဆို
ရင် အောက်စဖို့ဒ် အမေရိကန် အဘိဓာန် စကားလုံး နှစ်သိန်းခွဲ လောက်ကို ထည့်ထားပေးတဲ့အ တွက်စကားလုံးအသုံး
အနှုန်း တွေကိုနက်နက်နဲနဲ ရှာဖွေ ပေးနိုင်တယ်။ ယခုလ ၁၅ ရက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့တွေကို
ဖြန့်ချိနေပါပြီ။ အီလက်ထရွန်းနစ်ဆိုင်တွေနဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ရရှိနိုင်မှာဖြစ်တယ်။ ဈေးနှုန်းက ၈ သောင်း ၉ ထောင်
နဲ့ ၀ယ်ယူနိုင်မှာဖြစ်တယ်။ ယခုလ ၁၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပရိုမိုးရှင်းအနေနဲ့ ၈ သောင်း ၄ ထောင်ကျပ်နဲ့ ရရှိ
မှာပါ” ဟု KMD မှ ကိုရဲထူးမောင်ကပြောသည်။
ထို့အပြင် စက်ထဲတွင် Collins ဥပမာစာကြောင်းများ ထည့်သွင်းထားသောကြောင့် American English နှင့် British
English တို့ကို ခွဲခြားသိနိုင်မည်ဖြစ်သည်။ မိမိအသံနှင့် စက်ထဲမှ အင်္ဂလိပ် လူမျိုး၏အ သံကို နှိုင်းယှဉ်သော စနစ်တို့
လည်း ပါဝင်သည်။ ယူနစ်များ ပြောင်းလဲခြင်း၊ အသံသွင်းခြင်း၊ ဂိမ်း၊ ဖော်မြူလာ၊ အသံဖတ်ခြင်း၊ ဂဏန်းတွက်ချက်ခြင်း၊
သိပ္ပံဆိုင်ရာ တွက်ချက်ခြင်း၊ အချိန်ပြောင်းလဲခြင်း၊ ငွေကြေးပြောင်းလဲခြင်းတို့ကိုပါ ထည့်သွင်းထားသည်။ အရွယ်အစား
အားဖြင့် ၄.၅ x ၀.၈ လက်မ ၁၁.၄ x ၇.၆ x ၂ စင်တီမီတာခန့်ရှိပြီး၊ LCD backlight LCD အသုံးပြုထားပြီး မျက်နှာပြင်
အစက်ပေါင်း ၃၂၀ x ၂၄၀ နှင့် စာကြောင်းရေ ၉ လိုင်း စာလုံးပေါင်း ၄၀ ရှိသည်။ ပါကင်တွင်ပါသော အခြားပစ္စည်းများ
အနေဖြင့် ဘက်ထရီ ၂ ခု x AAA၊ နားကြပ်တစ်ခု၊ ကွန်ပျူတာနှင့်ချိတ်ဆက်ရန် ကြိုး၊ အညွှန်းစာအုပ် (မြန်မာနှင့်အင်္ဂလိပ်)၊
တို့ကို ထည့်သွင်းထားသည်။
Ref : Myanmarinternetjournal
No comments:
Post a Comment