Pages

Friday, 14 December 2012

အမေရိကန်တွင် မူလတန်း ကလေးအယောက် ၂၀ အား သေနတ်သမားတစ်ဦးက ပစ်ခတ်သတ်ဖြတ်

အမေရိကန်နိုင်ငံကော်နက်တီကတ်မြို.တွင် သေနတ်သမားတစ်ဦးက အသက် ၅ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကလေးငယ်အယောက် ၂၀ အပါအ၀င် လူပေါင်း ၂၆ ဦးအား မူလတန်းကျောင်းတစ်ခုတွင် ယမန်.နေ.သောကြာနေ.မနက်က ပစ်သတ်ခဲ့သည်ဟု တာဝန်ရှိသူများ၏ပြောဆိုချက်အရသိရသည်။
အသက် ၂၀ခန်.ရှိမည်ဟု ယူဆရသောသေနတ်သမား သည် သူ၏မိခင် ဆရာမအဖြစ်လုပ်ကိုင်နေသော  ဆန္ဒီဟုခ် (Sandy Hook Elementary School ) မူလတန်းကျောင်းတွင်သို.၀င်ရောက်လာပြီး မိခင်ဖြစ်သူအားပစ်သတ်ခဲ.သည်။ မိခင်ရှိရာစာသင်ခန်းမတွင်းရှိ မူလတန်းကလေး ငယ် အယောက် ၂၀ နှင်. လူကြီး ၅ ဦးတို.အားလည်းအသေပစ်သတ်ခဲ.ပြီး၊ နောက်ဆုံးကိုယ်.ကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။

အာဏာပိုင်များ၏ အဆိုအရ သေနတ်သမားမှာ အဒမ်လန်ဇာ ဟုအမည်ရပြီး မူလတန်းကျောင်းတွင်းသို. ၀င်ရောက်လာချိန်တွင် တိုက်ခိုက်ရေးဝတ်စုံ ၀တ်ဆင်ထားကြောင်းသိရသည်။ သူ၏အစ်ကိုတော်စပ်သူ ရွိင်ယန်လန်ဇာအားလည်း ရဲများက စစ်ဆေးမေးမြန်းမှု့များ ပြုလုပ်ခဲ.သည်။

ယခုကဲ.သို.အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည်  ၂၀၀၇ ခုနှစ်က လူပေါင်း ၃၂ ဦးသေဆုံးခဲ.သော ဗားဂျီးနီးယားစက်မှုတက္ကသိုလ်ပစ်ခတ်သတ်ဖြစ်မှုနောက်ပိုင်း  အမေရိကန်ပြည်ထောင်စုတွင် ဒုတိယ မြောက် အသေအပျောက် အများဆုံးသောကြေကွဲဖွယ်ဖြစ်ရပ်ဟုသိရသည်။

အမေရိကန်သမ္မတအိုဘားမားက ယခုတိုက်ခိုက်မှုနှင်.ပတ်သက်ပြီး ရုပ်မြင်သံကြားတွင်ပြောကြားစဉ် ၀မ်းနည်းပြီး မကြာခဏ စကားပြောရပ်တန်.သွားခဲ.သည်။ “ဒီကနေ.သေဆုံးသွားတဲ.သူအများစုဟာ ကလေးတွေပါ။ ၅ နှစ်နဲ. ၁၀ နှစ် ကြား ချစ်စရာ.ကလေးငယ်တွေပါ” ဟုပြောကြားသွားခဲ.သည်။

သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ခြင်းကို အမြဲတစေတိုက်တွန်းပြောဆိုခဲ.သော နယူးယောက်မြို.တော်ဝန် မိုက်ကယ်ဘလွန်းဘက်ကတော. သမ္မတအိုဘားမားအနေဖြင်. စိတ်မကောင်းပြောကြားပြီး “အဓိပ္ပါယ်ရှိသည်.လုပ်ဆောင်မှုများ” လုပ်ဆောင်သွားမည်ဟုပြောဆိုနေရုံဖြင်.မလုံလောက်ကြောင်း၊ သေနတ်ကိုင်ဆောင်မှုကိစ္စအား လွှတ်တော်သို. ဥပဒေကြမ်းတစ်ခု အဆိုတင်းသွားရန်လိုအပ်ကြောင်း ပြောဆိုလိုက်သည်။
by အာရှလေဘာတီ သတင်းဂျာနယ် on Saturday, 15 December 2012 at 08:38 ·
ဒီဇင်ဘာ ၁၅၊ ၂၀၁၂




No comments:

Post a Comment