Pages

Friday, 14 December 2012

ဓားကိုင် အကြမ်းဖက်သမား ကျောင်းတွင်သောင်းကျန်း ကလေး ၂၂ ဦးဒဏ်ရာရ


ဒီဇင်ဘာ ၁၄၊ ၂၀၁၂
ပြီးခဲ့သည့် သောကြာနေ့က ဓားကိုင် အကြမ်းဖက်သမားတစ်ဦး၏ သောင်းကျန်းမှုကြောင့် မူလတန်းကလေး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်မှုမှာ ဟေနန်နယ်၊ ရှန်ပန်းကျေးရွာမူလတန်းကျောင်းတစ်ကျောင်း တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းတည်ရှိရာ ပြည်နယ်အာဏာပိုင်များက ထိုသတင်းကို တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကျောင်းသားများအပြင် လူကြီးတစ်ဦးလည်း ဒဏ်ရာရသည့်အထဲတွင် ပါဝင်ခဲ့သည်။
ကျောင်းသားအများစုမှာ စိုးရိမ်ကြောက်လန့်နေကြကြောင်း နိုင်ငံတော်ပိုင် website တစ်ခုဖြစ်သည့် Chinanews.com တွင်ရေးသားထားသည်။

ရဲတပ်ဖွဲ့ဝင်များက အသက် ၃၆ နှစ်အရွယ်၊ ကျေးရွာမှ သံသယရှိသည့် အကြမ်းဖက်သမားလူငယ်ကို ဖမ်းဆီး ထားသည်ဟု သတင်းထုတ်ပြန်သည်။ ထို လူငယ်မှ စိတ်ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း Chinanews.com တွင် ဖော်ပြထားသည်။ တရုတ်ပြည်ရှိ ကျောင်းများတွင် ဓားကိုင်တိုက်ခိုက်မှုများသည် ၂၀၁၀ ခုနှစ်လောက်ကတည်းက ဖြစ်ပွားခဲ့ပြီး၊ အထူးသဖြင့် ကျောင်းသားကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် လာကြောင်းတွေ့ရသည်။
ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် ယခုအခါ ကျောင်းများတွင် လုံခြုံရေးကို အထူးတင်းကြပ်ထားကာ၊ ဆိုင်များတွင် ဓားလာဝယ်သည့်သူများကိုလည်း အမျိုးသားမှတ်ပုံတင်ဖြင့်သာ ၀ယ်ယူခွင့်ပြုတော့ကြောင်း သတင်းရရှိသည်။
Written by ရွှေမောင် 

No comments:

Post a Comment