ကျန်းမာရေးစီမံခန့်ခွဲမှုအသက်မွေးဝမ်းကျောင်းဘာသာရပ်များကို
စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA
ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ
လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါMBA(Health
Services Management) ဘာသာရပ်ကို သြစတြေးလျထိပ်တန်းတက္ကသိုလ် University of
Ballaratမှ အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်ပြီး
သတ်မှတ်အရည်အချင်းပြည့်မှီသူများအတွက် တစ်စိတ် တစ်ပိုင်းပညာ
သင်ထောက်ပံ့ကြေးအဖြစ် စင်္ကာပူဒေါ်လာ (၃၀၀၀)ပေးအပ်သွားမည်ဖြစ်သည်။
“ မြန်မာနိုင်ငံက MBBS, Pham ဘွဲ့ ရတွေအတွက် ပိုပြီးသင့်တော်တဲ့  ပရိုဂရမ်တစ်ခုဖြစ်တယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊
ဝင်ခွင့်လိုအပ်ချက်အနေဖြင့်ဘွဲ့တခုခုရရှိထားသူများ၊
သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ(၂)နှစ်ရှိထားသူများ လျှောက်
ထားနိုင်ကြောင်းနှင့် အင်္ဂလိပ်စာလိုအပ်ချက်အနေဖြင့်IELTS 6 (သို့) TOEFL 550
ရှိထားရမည် ဖြစ်ပြီး ကျောင်းဝင် ခွင့်လမှာ မတ်၊ ဇူလိုင်နှင့်
နိုဝင်ဘာလတို့ ဖြစ်သည်။ သင်တန်းကာလမှာ တစ်နှစ် ဖြစ်ပြီး ကျောင်းလခ
စင်ကာပူဒေါ်လာ (၂၂၈၀၀) ကုန်ကျမည်ဖြစ်သည်။
ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ကျမ်းမာရေးဝန်ဆောင်မှု MBA သင်တန်း အကြောင်း ယခုကဲ့သို့ ဆိုသည်။
“အရင်တုန်းက
MBA ဆိုရင် စီးပွားရေးဘာသာရပ်အားလုံးကို General သဘောမျိုးသင်ယူရတာပါ။
အခုနောက်ပိုင်းMBA ဆိုရင် Marketing ၊ Accounting & Finance ၊ HR
Management အစရှိတဲ့အထူးပြုမေဂျာတွေ ပါဝင်လာပါတယ်။ ဒီ MBA (Health Services
Management) အထူးပြုကစီးပွားရေးစီမံခန့်ခွဲမူ့နဲ့ပတ်သက်တဲ့မော်ဂျူး(၈) ခု
နဲ့ Health Service Management မော်ဂျုး(၄)ခု ပါဝင်တယ်။ Health Service
Management အထူးပြု MBA ပို့ချတဲ့ ကျောင်း နိုင်ငံတကာမှာ
အရေအတွက်နည်းနည်းပဲရှိပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ MBA သင်ယူသူများအနေဖြင့် Social
Responsibility ၊ Ethical နှင့် Sustainable Business နယ်ပယ်များတွင်
ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်နိုင်ကြောင်းကိုလည်း ၄င်းထံမှ သိရသည်။
Good
Teaching ၊ Positive graduate outcome နှင့် Generic Skills
တို့တွင်ကြယ်ငါးပွင့်ရရှိ၍ ACU ခေါ် Association of Common wealth
Universityအဖွဲ့ဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက်
လက်တွေ့အသုံးတည့်သော ဘာသာရပ်များကို ပို့ချပေးနေသည့် တက္ကသိုလ်လည်းဖြစ်သည်။
MBA(Health
Service Management) ဘာသာရပ်တွင်
စုစုပေါင်းမော်ဂျူး(၁၂)ခုကိုသင်ယူရမည်ဖြစ်ပြီး Accounting and Finance ၊ HR
Management ၊ Marketing ၊ Business Economics ၊
Contemporary Issures in Health Services Management ၊ Policy in Health
Services Management Leadership in HSM နှင့် Evidence-based Practice in
HSM တို့ကိုသင်ယူရမည်ဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် lectures ၊
tutorials ၊ workshops ၊ seminars နှင့်presentation
ပုံစံတို့ဖြင့်သင်ယူနိုင်ပါသည်။
University
of Ballarat ကို ၁၈၇၀တွင် တည်ထောင်ခဲ့ပြီးသြစတြေးလျအစိုးရ
ရန်ပုံငွေကြေးထောက်ပံ့မူ့ ရရှိထားသော ကျောင်းသားကျောင်းသူပေါင်း
(၂၅၀၀၀)ကျော် ပညာသင်ကြားနေသည့် တက္ကသိုလ်ဖြစ်သည်။
အသေးစိတ်သိလိုသူများအနေဖြင့် CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၄၅၀၀ ၅၆၃၀၀ တို့သို့ဆက်သွယ် စုံစမ်းနိုင်သည်။
မြစ်မခ
by Myit Makha Mediagroup on 19 Dec, 2012
by Myit Makha Mediagroup on 19 Dec, 2012
| Comment |
No comments:
Post a Comment